လူကြီးမင်း၏ လက်လီအရောင်းဆိုင်အတွက် အကောင်းဆုံး POS Software ကို မည်သို့ရွေးချယ်မည်နည်း?

လက်လီအရောင်းကုမ္ပဏီများသည် မှန်ကန်သော လက်လီရောင်းဝယ်ခြင်းစနစ် (POS) က ၎င်းတို့အား ပြိုင်ဆိုင်မှုနယ်ပယ်၌ နှာတစ်ဖျားသာစေနိုင်သည်ကို သဘောပေါက်ကြပြီး POS စနစ်ကို ငွေသိမ်းစက်အနေဖြင့်ထက် ပိုမို၍အသုံးချနိုင်သည်ကို နားလည်ကြသည်။ ၎င်းကို ပစ္စည်းစာရင်းပြုစုခြင်းဆိုင်ရာ၊ အလုပ်သမားဆိုင်ရာ၊ ပုံမှန်စားသုံးသူများအား လက်ဆောင်ပေးခြင်း အစီအစဉ်များနှင့် စားသုံးသူဆက်ဆံရေး စီမံခန့်ခွဲမှုတို့အတွက် စီမံခန့်ခွဲမှုဗဟိုချက်အနေဖြင့်လည်းကောင်း၊ စားသုံးသူများကို တစ်ဦးချင်းစီ၏ လိုအပ်မှုအလိုက် ထိရောက်စွာ ဝန်ဆောင်မှုပေး၍ အကြိုက်တွေ့စေရန် လိုအပ်သော နည်းကိရိယာများကို ပံ့ပိုးပေးခြင်းဖြင့်လည်းကောင်း အသုံးပြုနိုင်ပါသည်။ အောင်မြင်သော လက်လီရောင်းချသူများသည် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများအတွက် အကောင်းဆုံး POS စနစ်ကို အသုံးပြုခြင်းဖြင့် ယှဉ်ပြိုင်မှုတွင် အသာစီးရယူကြပါသည်။

ERP ပေါင်းစပ်မှု

လူကြီးမင်း၏ စီးပွားရေးလုပ်ငန်းအရင်းအမြစ်များ စီမံခြင်း (ERP) သည် လူကြီးမင်း၏ online နှင့် offline ပေါင်းစပ်လုပ်ကိုင်သည့် လက်လီရောင်းချမှု မဟာဗျူဟာအတွက် မရှိမဖြစ် အရေးပါသည်။ စားသုံးသူများသည် ဝယ်ယူမှုလမ်းကြောင်း တစ်ခုမှတစ်ခုသို့ ပြောင်းရွှေ့ရွေးချယ်ရာတွင် လူကြီးမင်း၏ စားသုံးသူများ အလိုရှိသည့် လွယ်ကူမြန်ဆန်ပြီး တစ်သမတ်တည်း ကောင်းမွန်မှုရှိသော ဝယ်ယူမှုအတွေ့အကြုံများကို ပေးစွမ်းနိုင်ရန်အတွက် လိုအပ်သည့် အချက်အလက်များကို စီမံပေးသည်။ လူကြီးမင်း၏ လက်လီအရောင်းကုမ္ပဏီတွင်online နှင့် offline ပေါင်းစပ်လုပ်ဆောင်သည့် လက်လီရောင်းချမှုကို ဆောင်ရွက်နိုင်ရန်အတွက် POS စနစ်နှင့် ERP စနစ်ကို ချောမွေ့စွာ ပေါင်းစည်းရန် လိုအပ်ပါသည်။ လက်လီအရောင်းသမားများသည် ERP အမျိုးမျိုးနှင့် တွဲဖက်အသုံးပြုနိုင်သော POS စနစ်များကို ရှာဖွေကြသည်။ လက်လီလုပ်ငန်းကဏ္ဍ လျင်မြန်စွာ ကြီးထွားဖွံ့ဖြိုးလာသည် နှင့်အမျှ ပြောင်းလဲမှုကို ကိုင်တွယ်ရာတွင် အပျက်အစီးအဆုံးအရှုံး အနည်းဆုံးဖြစ်အောင် မည်သို့စီမံရမည်ကို ကြိုတင်ပြင်ဆင်ထားပြီး သတိကြီးကြီးနေထိုင်ခြင်းက ပါးနပ်သည်ဟု ဆိုနိုင်သည်။

တိုးချဲ့နိုင်ခြင်း

တိုးချဲ့နိုင်သော POS စနစ်အား ရွေးချယ်ခြင်းသည် လျင်မြန်ဖြတ်လတ်မှုနှင့် အပြောင်းအလဲကို တုံ့ပြန်မှု ပြဿနာကို ဖြေရှင်းရန် နောက်ထပ် နည်းလမ်းတစ်မျိုးဖြစ်သည်။ တိုးချဲ့နိုင်စွမ်းဆိုသည်မှာ ဆော့ဖ်ဝဲအင်ဂျင်နီယာများအနေဖြင့် POS စနစ်ကို အစမှပြန်လည်လုပ်ဆောင်ရန် မလိုအပ်ဘဲ ၎င်း၏ စွမ်းရည်များကို တိုးချဲ့နိုင်စေရန်အတွက် ရေးဆွဲထားခြင်းဖြစ်သည်။ Artificial intelligence – AI ပုံရိပ်ဖတ်စနစ်ကို အသုံးပြု၍ ဈေးဝယ်ခြင်းနှင့် အလိုအလျောက်ငွေပေးချေခြင်းတို့ကို ဆောင်ရွက်ပေးနိုင်သည့် ကွန်ပြူတာဈေးဝယ်လက်ထောက်နှင့်ပတ်သက်၍ လူအများ သတိထားမိပြီး လှုပ်လှုပ်ရှားရှား ဖြစ်လာသည်နှင့်အမျှ ပါးနပ်သော လက်လီအရောင်းဆိုင်များသည် အရာအားလုံးအတွက် အဆင်သင့်ဖြစ်နေသည့် POS စနစ်များတွင် ရင်းနှီးမြှုပ်နှံလာကြသည်။

မည်သူမဆို မွမ်းမံအသုံးပြုနိုင်သည့် Open Platform

အချို့သော POS စနစ်များတွင် မည်သူမဆို မွမ်းမံအသုံးပြုနိုင်သည့် API များ ပါရှိသည်။ Developer များသည် ၎င်း API များမှတစ်ဆင့် ၎င်းတို့၏ hardware နှင့် software ဖြေရှင်းချက်များကို POS စနစ်နှင့် ပေါင်းစပ်နိုင်သည်။ ကုန်အမှတ်တံဆိပ်တစ်ခုအောက်မှ Platform များရှိ POS စနစ်များသည် ဆော့ဖ်ဝဲ developer များအဖို့ ကိုင်တွယ်ရန် ပိုခက်ခဲသည်။ ရလဒ်အနေဖြင့် ၎င်းတို့နှင့် ပေါင်းစပ်သော ဖြေရှင်းချက်များ၏ စွမ်းဆောင်ရည်သည် အနည်းနှင့်အများ အကန့်အသတ်ရှိကြောင်း တွေ့နိုင်သည်။ အောင်မြင်သော လက်လီဈေးကွက်သမားများသည် ၎င်းတို့၏ ရွေးချယ်မှုများကို များနိုင်သမျှ များအောင်ထားရှိသည်။ 

တိုင်းတာချိန်ညှိနိုင်စွမ်း

ထိပ်တန်း လက်လီအရောင်းဆိုင်များက POS စနစ်သည် အလွယ်တကူ တိုင်းတာချိန်ညှိနိုင်သည်ဟု အခိုင်အမာ ဆိုထားသည်။ လက်လီရောင်းချသူသည် ကပ်လျက်မြို့တွင်ဖြစ်စေ၊ ကမ္ဘာတစ်ဘက်ခြမ်းတွင်ဖြစ်စေ စတိုးဆိုင်အသစ်တစ်ဆိုင်ဖွင့်လျှင် POS စနစ်သည် ထိုသို့တိုးပွားလာမှုအတွက် အချက်အလက်ဖြည့်သွင်းနိုင်ပြီး နေရာအားလုံးရှိ POS လမ်းကြောင်းအားလုံးကို dashboard တစ်ခုတည်းမှ ထိရောက်တိကျစွာ စီမံခန့်ခွဲနိုင်စွမ်း ရှိသင့်သည်။

လုပ်ငန်းလည်ပတ်ပုံများ မြင်သာမှု

လူကြီးမင်း၏ POS စနစ်သည် ရုံးချုပ်နှင့် ဆိုင်တွင်း စီမံခန့်ခွဲမှုအတွက် အထောက်အကူဖြစ်သင့်သည်။ ၎င်းသည် ကုန်ပစ္စည်းများ ဝယ်ယူဖြည့်တင်းခြင်းနှင့် ကြိုတင်ခန့်မှန်းခြင်းအတွက် လူကြီးမင်းလိုအပ်သည့် ကုန်စာရင်းစစ်တမ်းနှင့် အရောင်းအဝယ်များဆိုင်ရာ မြင်သာမှုကို ပေးစွမ်းနိုင်သင့်သည်။ လူကြီးမင်း၏ ERP စနစ်နှင့် ပေါင်းစည်းခြင်းဖြင့် လမ်းကြောင်းများနှင့် တည်နေရာအားလုံးရှိ ကုန်ပစ္စည်းများကို တစ်နေရာတည်းမှ စာရင်းစီမံခန့်ခွဲရန် ရွေးချယ်နိုင်သောကြောင့် ငွေကုန်ကြေးကျများခြင်းနှင့် ပစ္စည်းလက်ကျန်မရှိတော့သော ပစ္စည်းများကြောင့် ရောင်းအားဆုံးရှုံးခြင်းကို အတတ်နိုင်ဆုံး လျှော့ချနိုင်စေသည်။ ၎င်းသည် စတိုးဆိုင်မှ ပစ္စည်းပို့ဆောင်သည့် ဆောင်ရွက်ချက်ကိုပင် ပံ့ပိုးနိုင်သည်။

ထိပ်တန်း လက်လီအရောင်းဆိုင်များသည် အလုပ်သို့ ရောက်ရှိ၊ထွက်ခွာချိန် မှတ်သားခြင်းနှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို အကဲဖြတ်ခြင်းကဲ့သို့သော ဝန်ထမ်းစီမံခန့်ခွဲမှုလုပ်ငန်းများကို ၎င်းတို့၏ POS စနစ်များအား အသုံးချ လုပ်ဆောင်နေသောကြောင့် မန်နေဂျာများအနေဖြင့် ဝင်ငွေတိုးစေသည့် လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန် အချိန်ပိုမိုရရှိသည်။

 စားသုံးသူများနှင့် ထိတွေ့ဆက်ဆံမှု

ထိပ်တန်း လက်လီအရောင်းဆိုင်များ အသုံးပြုသော ဤ POS စနစ်စာရင်းတွင် ပါဝင်သည့် ပထမဆုံး လုပ်ဆောင်ချက်ငါးခုသည် စားသုံးသူများ ကောင်းမွန်သော ဝယ်ယူမှုအတွေ့အကြုံ ရရှိစေရန်နှင့် စားသုံးသူများနှင့် ထိတွေ့ဆက်ဆံမှုကို အထောက်အကူပြုသည်။ သို့ရာတွင် POS စနစ် software ကို ထိုအချက်များအား အလွယ်တကူ ရရှိရန် ဒီဇိုင်းရေးဆွဲထားသင့်သည်။ အရောင်းစာရေးများအနေဖြင့် လျင်မြန်စွာ သင်ယူနိုင်ပြီး တိကျမှန်ကန်စွာ အသုံးပြု၍ စားသုံးသူအား မြန်ဆန် ထိရောက်သော ဝန်ဆောင်မှုပေးရန်အလို့ငှာ POS စနစ်တွင် လုပ်ဆောင်ချက်များ ရှင်းလင်းလွယ်ကူစွာ ရှာဖွေနိုင်သည့် user screen များ ထည့်သွင်းရေးဆွဲပေးရန် တောင်းဆိုပါ။ ဈေးဝယ်သူများ၏ အစဉ်အဆက်အားပေးမှုကို ရရှိစေရန်အလို့ငှာ အကောင်းမွန်ဆုံးနှင့် တစ်ဦးချင်းစီ၏ လိုအပ်မှုအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးသော ဝန်ဆောင်မှုကို ပံ့ပိုးပေးရန်အတွက် စားသုံးသူအချက်အလက်များ၊ ဈေးဝယ်မှတ်တမ်းနှင့် ကုန်ပစ္စည်းအချက်အလက်များအပါအဝင် အရောင်းစာရေးတစ်ယောက် လိုအပ်သည့် အရာအားလုံး ၎င်းတို့၏ လက်တစ်ဖျားတွင် ရောက်ရှိနေစေရန်အတွက် ယင်းတို့အား POS စနစ်တွင် မပျက်မကွက် ထည့်သွင်းပါ။

အောင်မြင်သော လက်လီအရောင်းဆိုင်များသည် နောက်ဆုံးပေါ် အဆင့်မြင့် POS ဆော့ဖ်ဝဲများ အပါအဝင် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ ထိပ်ဆုံးနေရာတွင် မြဲမြံစွာရပ်တည်နိုင်စေရန် ကူညီပေးနိုင်သည့် ခေတ်မီနည်းလမ်းများဖြင့် အားဖြည့်ထားသောကြောင့် အောင်မြင်နေခြင်းဖြစ်သည်။ လူကြီးမင်း၏ POS စနစ်သည် လူကြီးမင်း၏ စီးပွားရေးအောင်မြင်မှုအတွက် မည်မျှအတိုင်းအတာအထိ အထောက်အကူပြုပါသနည်း။

အောင်မြင်သော လက်လီစီးပွားရေးဆိုသည် အလိုလိုဖြစ်ထွန်းလာခြင်း မဟုတ်ပါ၊ ကြိုးစားဖော်ဆောင်ထားရခြင်း ဖြစ်ပါသည်။

#iVend #SmartRetail #VanguardMyanmar

Business Transformation တစ်ခုက ဘယ်လောက် ခက်ခဲလဲ၊ ဒါကို Huawei က ဘယ်လိုကျော်လွှားနိုင်ခဲ့လဲ…

ကမ္ဘာတဝှမ်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ လုပ်ငန်းရဲ့ရေရှည် ဖွံဖြိုးတိုးတက်မှုအတွက် ဒီဂျစ်တယ် ပြောင်းလဲမှု (Digital Transformation) တွေပြုလုပ်နေကြစဉ်မှာ Huawei ကုမ္ပဏီ အနေနဲ့လည်း ဒီဂျစ်တယ်ပြောင်းလဲမှုကို လုပ်ဆောင်ခဲ့ပါတယ်။ Business Operation တွေနဲ့ Transformation တွေကို ဖော်ဆောင်ဖို့ Huawei လို ကုမ္ပဏီကြီးမှာ အရင်က လက်တွန့်နေခဲ့တာမျိုး ရှိခဲ့ပါတယ်။ပြီးခဲ့တဲ့ အနှစ် (၃၀) အတွင်းမှာ Huawei တရှိန်ထိုး တိုးတက်ပြောင်းလဲလာခဲ့တာကို တကမ္ဘာလုံးက သတိထားမိကြပါလိမ့်မယ်။ ဒါပေမယ့် Huawei အနေနဲ့ ဒီလို ပြောင်းလဲမှု အသီးအပွင့်ကို ခံစားနိုင်ဖို့ Digital Transformation နဲ့ဆိုင်တဲ့ Direction တွေကို ဘယ်လို စနစ်တကျ လိုက်နာ ဆောင်ရွက်ခဲ့လဲဆိုတာကိုတော့ သိတဲ့သူနည်းပါတယ်။

ယခုဆောင်းပါးမှာ Huawei က Digital Transformation ကို အကောင်အထည်ဖော်ဆောင်နေစဉ်မှာ ဘာတွေ တွေ့ကြုံခဲ့လဲ၊ ဘာတွေ လုပ်ဆာင်ခဲ့လဲဆိုတာကို‌ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Huawei Digital Transformation ရဲ့ ရည်မှန်းချက် ပန်းတိုင် (Goal of Digital Transformation)

လုပ်ငန်းစုကြီး တစ်ခုလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖို့နဲ့ Business Operation တွေကို ပိုပြီး ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ ဖြစ်ပါတယ်။ ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ (Transformation Strategy) – IT Architecture မှာ အဓိက ပြောင်းလဲမှု (၃)ခုကို လုပ်ဆောင်ခဲ့ပြီး ဖော်ပြပါ စိန်ခေါ်မှုတွေကို ကြုံတွေ့ခဲ့ရပါတယ်။

ပြောင်းလဲမှု (၁) ။ ။ သမားရိုးကျ Closed Architecture ကို Cloud မှာ အခြေခံထားတဲ့ Service-Oriented Open Architecture အဖြစ် ပြောင်းလဲရာမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုများ

သမားရိုးကျအသုံးပြုနေတဲ့ တခြားဘာ System နဲ့မှ ချိတ်ဆက်ထားခြင်းမရှိတဲ့ IT Architecture (တစ်နည်းအားဖြင့် Closed Architecture) ကို အစတည်းက Closed system တွေဖြစ်နေတဲ့အတွက် IT system တွေအချင်းချင်းလည်း မချိတ်ဆက်နိုင်တော့ပါဘူး။ System အချင်းချင်းလည်း Information တွေလည်း မရနိုင်တော့ပါဘူး။ စရိတ်စက များစွာ အကုန်အကျခံပြီး နည်းပညာကို မြှင့်တင်လိုက်ပေမယ့် ဒီလိုမျိုး စိန်ခေါ်မှုတွေကလည်း ရှိနေပါတယ်။ Huawei အနေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။

ဒါ့အပြင် လုပ်ငန်းစုတစ်ခုလုံး တပြိုင်တည်း ပြောင်းလဲလိုက်တဲ့အခါမှာ လုပ်ငန်းဌာနအသီးသီးမှာ ရှိတဲ့ ဝန်ထမ်းတွေက IT System တွေကို အသုံးပြုရာမှာ အလွန် ရှုပ်ထွေးကုန်ပါတယ်။ စွမ်းဆောင်ရည်မြင့်မားတဲ့ High-Speed System တွေကို ပြောင်းလဲလိုက်ပေမယ့် တစ်ဖက်မှာလည်း လုပ်ငန်းလိုအပ်ချက်တွေကို ဖြည့်ဆည်း လုပ်ဆောင်နိုင်ဖို့ အချိန်ထပ်ကြာသွားပါတယ်။ ဒါကလည်း Transformation လုပ်ချင်တဲ့ လုပ်ငန်းရှင်တွေအတွက် သတိထားရမယ့် တစ်ချက်ပါပဲ။

ဉပမာ_ Business Transformation ကာလမှာပဲ Huawei ရဲ့ ဖုန်းလုပ်ငန်းကလည်း တရှိန်ထိုး ဖွံ့ဖြိုးတိုးတက်လာခဲ့တယ်။ Huawei လုပ်ငန်းစုတစ်ခုလုံး Business Transformation လုပ်လိုက်တဲ့အတွက် အခက်အခဲတွေကိုရင်ဆိုင်နေရတဲ့အချိန်မှာ တစ်ဖက်မှာလည်း တရှိန်ထိုး ဖြိုးတိုးတက်နှုန်းနဲ့ အတူတက်လာတဲ့ ဝယ်လိုအားတွေကို သေချာ Support မလုပ်နိုင်ခဲ့ပါဘူး။

တကယ်လို့သာ Business Transformation မှာ မြှင့်တင်လိုက်တဲ့ IT Facility တွေကို ဝန်ထမ်းတွေ အသားကျအောင်ကြိုတင်ပြင်ထားမယ်၊ လုပ်ငန်းစုတစ်လုံးမဟုတ်ဘဲ Business Unit တစ်ခုချင်းစီ အဆင့်ဆင့် Transformation လုပ်မယ်ဆိုရင် Huawei အနေနဲ့ တရှိန်ထိုး ဖွံ့ဖြိုးတိုးတက်လာတဲ့ အခွင့်အရေးကို အကောင်းဆုံး ကိုင်ဆုပ်နိုင်မှာဖြစ်တယ်။

ပြောင်းလဲမှု (၂) ။ ။ User Experience ကိုဦးတည်လိုက်တဲ့အခါ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုများ

IT Application တစ်ခုကို Develop လုပ်တဲ့အခါ R & D အင်ဂျင်နီယာ (Research & Development Engineer) တွေကပဲ ဒီ Application ကို ဘယ်လိုလူတွေက သုံးကြမလဲ၊ ဘယ်နှစ်ယောက်သုံးကြမလဲဆိုတာကို သေချာသိရှိထားကြပါတယ်။ Application ရေးတဲ့ Developer တွေကလည်း Application ကို ရေးဆွဲရာမှာ User နဲ့ပတ်သက်တဲ့ အချက်အလက်အသုံးချမှုအပိုင်းမှာ အားနည်းချက်တွေရှိပါတယ်။အသုံးပြုသူတွေရဲ့ အကြောင်းကို သေချာသိထားကြတဲ့ အင်ဂျင်နီယာတွေကလည်း သူတို့ကိုယ်တိုင် Application ရေးဆွဲရာမှာ ပါဝင်လေ့ မရှိကြပါဘူး။ ဒါကြောင့် IT Team အနေနဲ့ အသုံးပြုသူတွေအတွက် အဆင်မပြေတဲ့ Application တွေကို ထုတ်မိတာမျိုးတွေ ဖြစ်လာပါတယ်။

ဒါကြောင့် User Experience (တစ်နည်း) Customer Experience ကို အလေးထားတဲ့ လုပ်ငန်းရှင်တိုင်းအတွက် ကြိုတင်စဉ်းစားစရာ ရှိပါတယ်။ ဘယ်လို Customer Segment မျိုးအတွက် ဘယ်လို ပြဿနာမျိုးတွေကို ဖြေရှင်းပေးမှာလဲ ဆိုတာဖြစ်ပါတယ်။

ပြောင်းလဲမှု (၃) ။ ။ User တွေနဲ့ချိတ်ဆက်ထားပြီး အချိန်နဲ့တပြေးညီ ဝန်ဆောင်မှုပေးနိုင်တဲ့ စနစ်သို့ ပြောင်းလဲရာမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုများ

Huawei ရဲ့ လုပ်ငန်းအတွင်းမှာပဲ ချိတ်ဆက် အလုပ်လုပ်နေတဲ့ စနစ်ကို ပြင်ပ User တွေနဲ့ချိတ်ဆက်ကာ အချိန်နဲ့တပြေးညီ ဝန်ဆောင်မှုပေးနိုင်တဲ့ စနစ်သို့ ပြောင်းလဲလုပ်ဆောင်စေခဲ့ပါတယ်။ ဥပမာ – Huawei Project တစ်ခုမှာ Partner တစ်ယောက်က ပါဝင်ချင်တဲ့အခါ Project နဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေကို ဘယ်လို သိရှိနိုင်မလဲ။ Huawei ရဲ့ Supplier ဖြစ်ချင်တဲ့ ကုမ္ပဏီတစ်ခုက သူတို့ရဲ့ Products တွေကို Huawei ကို ဘယ်လို မိတ်ဆက်ပေးနိုင်မှာလဲ။ Customer တွေက Huawei ဖုန်းနဲ့ ပတ်သက်တဲ့ နောက်ဆုံးပေါ် သတင်းအချက်အလက်တွေကို ဘယ်လို သိရှိနိုင်မှာလဲ စတဲ့ မေးခွန်းတွေအတွက် Real-Time Service System ကို ပြောင်းဖို့ လိုအပ်ခဲ့ပါတယ်။ ဒီလို ပြောင်းလဲရာမှာ စိန်ခေါ်မှု အချို့ကို ကြုံတွေ့ရပါတယ်။

ဥပမာ – User Query တွေဝင်လာတဲ့အခါ IT System တွေက User တွေကို အလိုအလျောက် ခွဲခြားသတ်မှတ်ပြီး User Location, Scenarios, Device အမျိုးအစားအလိုက် သင့်တော်တဲ့ Portal (ဥပမာ – ဝဘ်ဆိုက်) တွေကနေ Display လုပ်နိုင်ရမှာ ဖြစ်ပါတယ်။ User တွေ လိုအပ်တဲ့ Information တွေထက် ပိုတဲ့ Information တွေကို IT System တွေက ထောက်ပံပေးနိုင်ဖို့ လိုပါတယ်။ User တွေရဲ့ Identification ပေါ်မှာ မူတည်ပြီး Business Process တွေ၊ Business Operation တွေ၊ လိုအပ်တဲ့ Information တွေကို လိုအပ်တဲ့အချိန်တိုင်းမှာ အထောက်အပံ့ပေးနိုင်အောင် ပြောင်းလဲပြင်ဆင်သင့်တယ်ဆိုတာ Huawei ရဲ့ Digital Transformation မှာ တွေ့မြင်နိုင်ပါတယ်။

Cloud အမျိုးအစား ရွေးချယ်တဲ့ ကဏ္ဍ

လုပ်ငန်းတွေအနေနဲ့ Cloud ပေါ်ကို ရွှေ့တဲ့အခါ ဘယ်လို Cloud အမျိုးအစားကို ရွေးချယ်ဖို့ စဉ်းစားရပါတယ်။ Private Cloud လား၊ Hybrid Cloud လား ဒါမှမဟုတ် Public Cloud လားဆိုတာကို ကိုယ့်လုပ်ငန်းနဲ့ သင့်တော်မယ့် Cloud အမျိုးအစားကို ရွေးချယ်ရပါတယ်။

ဥပမာ – Huawei ရဲ့အရေးကြီးတဲ့ အချက်အလက်တွေကို ကာကွယ် သိမ်းဆည်းဖို့အတွက် Private Cloud ကို အသုံးပါတယ်။ ဒါပေမဲ့ အာဖရိကလိုနေရာမျိုးမှာ ကိုယ်ပိုင် Cloud နဲ့ IT Infra ဆောက်မယ်ဆိုရင် Network အရင်ဆောက်ဖို့လိုအပ်တာကြောင့် အချိန်ကုန်သက်သာမယ့် အမြန်ဆုံးနည်းလမ်းက Public Cloud Service ကို အသုံးပြုတာဖြစ်ပါတယ်။ ဒါကြောင့် Huawei အနေနဲ့ Public ပဲသုံးမယ်၊ Private ပဲ သုံးမယ်ဆိုပြီး တရားသေမသတ်မှတ်ဘဲ အခြေအနေ အချိန်အခါနဲ့ သင့်တော်မယ့် Cloud အမျိုးအစားကို ရွေးချယ်ကာ Multiple Cloud Environment တစ်ခုကို တည်ဆောက်ထားပါတယ်။

နိဂုံးချုပ်အနေနဲ့ Huawei ရဲ့ IT Evolution ကို အကူအညီ ဖြစ်စေခဲ့ပြီး တခြားလုပ်ငန်းတွေကို အတွက်လည်း အကူအညီဖြစ်စေမယ်လို့ ယူဆထားတဲ့ Huawei CIO ရဲ့ အကြံပြုချက် (၅)ချက်ကို ဖော်ပြပါမယ်။

၁) Digital Transformation ကို Business Department တွေကနေ ဦးဆောင်သင့်ပါတယ်။ Business Manager တွေက Digital Transformation ကတဆင့် Business Problem တွေကို ဘယ်လို ဖြေရှင်းမလဲ၊ Business Development တွေကို ဘယ်လို အထောက်အကူဖြစ်စေမလဲဆိုတာကို သိထားသင့်ပါတယ်။ IT Department တွေအနေနဲ့ Business Department တွေနဲ့ အနီးကပ် တွဲဖက် လုပ်ဆောင်သင့်ပြီး Transformation ကို ပိုပြီး မြန်ဆန်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

၂) User Experience ကို Transformation ရဲ့ ရည်မှန်းချက်ပန်းတိုင်တစ်ခုအနေနဲ့ သာမကပဲ Transformation အောင်မြင်မှုကိုတိုင်းတာတဲ့ အတိုင်းအတာတစ်ခု အဖြစ်နဲ့ပါ သတ်မှတ်သင့်ပါတယ်။ ဥပမာ User Experience ကို 8/10 ဖြည့်ဆည်းပေးနိုင်ခဲ့မယ်ဆိုရင် ကိုယ့်ရဲ့ Digital Transformation ကို ၈၀ % အောင်မြင်တယ်လို့ သတ်မှတ်တာမျိုး ဖြစ်ပါတယ်။

၃) Customer, Consumer, Partner, Supplier တွေနဲ့ ဝန်ထမ်းတွေအားလုံး ပါဝင်ဆက်နွယ်နေတဲ့ Multi-Ecosystem Platform အတွက် ရည်ရွယ်ပြီး Digital Transformation ကို လုပ်ဆောင်သင့်ပါတယ်။

၄) Business Object, Process တွေနဲ့ Rule တွေအကုန်လုံးကို ဒီဂျယ်တယ်ပုံစံပြောင်းလဲရာမှာ ထည့်သွင်း စဉ်းစားပြီး Digital Transformation ကို ဖော်ဆောင်ဖို့ လိုပါတယ်။

၅) လုပ်ငန်းတစ်ခုစီမှာ စံတစ်ခုသတ်မှတ်ပြီး Automation လုပ်လို့ရတဲ့ Fixed Business တွေ ရှိကြပါတယ်။ ဒီလို ပုံသေသတ်မှတ်လုပ်ဆောင်နိုင်တာအားလုံးကို Automation သို့ ပြောင်းလဲလိုက်ဖို့ လိုပါတယ်။

Huawei လို နည်းပညာမြင့်မားတဲ့ ကုမ္ပဏီကြီး အနေနဲ့တောင် Digital Transformation ကို လုပ်ဆောင်ရာမှာ မမျှော်လင့်ထားတဲ့ စိန်ခေါ်မှုတွေနဲ့ နှောင့်နှေးကြန့်ကြာတာတွေကို ကြုံတွေ့ခဲ့ရပါတယ်။။ ဒါကြောင့် မိရိုးဖလာလုပ်ငန်းတွေအနေနဲ့ Huawei ရဲ့ Digital Transformation စိန်ခေါ်မှုတွေ၊ ရင်ဆိုင်ဖြေရှင်ခဲ့ပုံတွေကို နည်းနာယူပြီး မိမိတို့ရဲ့ Digital Transformation ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ဖို့ ယခုဆောင်းပါးကို ရည်ရွယ် ဖော်ပြပေးလိုက်ပါတယ်။

မိတ်ဆွေတို့ အနေနဲ့ Business တွေ Digital Transformation ပြုလုပ်တဲ့နေရာမှာ Cloud နဲ့ ပတ်သက်တဲ့ Requirement တွေ၊ Business နဲ့ ပတ်သက်တဲ့ Requirement တွေအတွက် Business Solutions နဲ့ Consulting ရယူဖို့ စုံစမ်းချင်တယ်ဆိုရင်

📞 09 97724 2222
📩 contact@vanguardmm.com ကို ဆက်သွယ်နိုင်ပါတယ်။

New Normal ကာလလုပ်ငန်းအတွေ့အကြုံကို မည်သို့ကိုင်တွယ်အသုံးချနိုင်မည်နည်း?

မကြုံစဖူး ပြည်သူ့ကျန်းမာရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရသောအခါ လူသားအရင်းအမြစ်များ (HR) သည် အဖွဲ့အစည်းများအတွင်း ဖွဲ့စည်းပုံဆိုင်ရာ ပြောင်းလဲမှုများကို စီမံခန့်ခွဲရာတွင် အရေးအပါဆုံးဖြစ်ပြီး နေအိမ်မှ အလုပ်လုပ်ကိုင်ခြင်း၊ ခွင့်ရက်ရှည်ယူခြင်း၊ အလုပ်ခေတ္တရပ်နားခြင်း၊ အလုပ်အကိုင်မဲ့ခြင်း၊ မကြာခဏထုတ်ပြန်သော အစိုးရအမိန့်များနှင့် စီးပွားရေးကျဆင်းခြင်းစသည့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရသည်။ ထို့အပြင် HR အနေဖြင့်၂၀၂၁ ခုနှစ်နှင့် နောက်ပိုင်းနှစ်များတွင် ဘတ်ဂျက်နှင့် စီမံကိန်းရေးဆွဲခြင်းများ အလွန်ကွာခြားသွားမည်ကိုလည်း ကြိုတင်တွက်ဆ ပြင်ဆင်ထားရမည်ဖြစ်သည်။ 

လက်ရှိအကျပ်အတည်းသည် ကျွန်ုပ်တို့ အလုပ်လုပ်ကိုင်ပုံကို ပြောင်းလဲလိုက်သည်သာမက ကျွန်ုပ်တို့၏ အလုပ်ကို စနစ်တကျဖြစ်စေရန် စီစဉ်ပေးသည့် နည်းကိရိယာများကို ဖန်တီးရန် လိုအပ်ချက်သစ်များကိုလည်း ဖြစ်ပေါ်စေသည်။

မကြာသေးမီက AKT Global ရှိ ဝန်ထမ်းဆိုင်ရာ အကြံပေးလုပ်ငန်း၏ စီမံခန့်ခွဲရေးမိတ်ဖက်ဖြစ်သူ Etan Bernstein နှင့် ဤအကြောင်းအရာကို ဆွေးနွေးခဲ့သည်။ Bernstein က ဤအကြောင်းအရာနှင့် ပတ်သက်၍ ဦးဆောင်ဆွေးနွေးသူတစ်ဦးဖြစ်ပြီး အဖွဲ့အစည်းများ၏ HR ၊ ဝန်ထမ်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စနစ်များကို ပြောင်းလဲမြှင့်တင်ပေးခြင်း၊ HR လုပ်ဆောင်ချက်များကို ပြန်လည်ပုံဖော်ပေးခြင်း၊ ပြောင်းလဲမှုစီမံခန့်ခွဲရေး လိုအပ်ချက်များနှင့် ဝယ်ယူသူများအား ပံ့ပိုးပေးခြင်းတို့ကို လုပ်ဆောင်ပေးရန် နိုင်ငံတကာအဖွဲ့အစည်းများစွာနှင့် လက်တွဲလုပ်ကိုင်ခဲ့ဖူးပါသည်။ 

မေး – HR အဖွဲ့အစည်းများသည် ဝန်ထမ်းများ၏ “ပုံမှန်ဘဝသစ်” အတွေ့အကြုံကို မည်သို့ကိုင်တွယ်အသုံးချနိုင်မည်နည်း။

ဖြေ – ကမ္ဘာ့ကပ်ရောဂါမတိုင်မီက ကိန်းဂဏန်းများနှင့် နှိုင်းယှဉ်ပါက ဝန်ထမ်းထက်ဝက်ခန့်နီးပါးသည် ဤကမ္ဘာ့ကပ်ရောဂါအတွင်း အနည်းဆုံး ကာလအချို့ နေအိမ်မှ လုပ်ကိုင်ကြရပြီး ကပ်ရောဂါပြီးကာလတွင်လည်း ဆက်လက်၍ နေအိမ်မှ လုပ်ကိုင်သွားရမည်ကို တွေ့ရှိရပါသည်။

သို့ဖြစ်၍ HR အနေဖြင့် အရေးပါသော ကျွမ်းကျင်မှုများနှင့် စွမ်းဆောင်ရည်များကို ဖော်ထုတ်ခြင်းမှ အစပြု၍ လက်ရှိနှင့် အနာဂတ် ဦးစီးဆောင်ရွက်မှုကို လိုက်လျောညီထွေစွာ ပြောင်းလဲခြင်းအထိစသည့် အရေးပါသော လုပ်ငန်းအချို့အပါအဝင် အခြားကိစ္စများစွာကို အရေးတယူဆောင်ရွက်ရမည် ဖြစ်ပါသည်။ ဤကိစ္စရပ်တွင် အခရာအကျဆုံးမှာ ဝန်ထမ်းများ၏ အတွေ့အကြုံဖြစ်သည်။ နေအိမ်မှ လုပ်ကိုင်ခြင်း ကာလတွင် ဝန်ထမ်းများအတွက် အတွေ့အကြုံသစ်များကို ဖန်တီးပေးခြင်း၊ ပြောင်းလွယ်ပြင်လွယ်ရှိသော အလုပ်ရွေးချယ်မှုများ ပေးထားခြင်းနှင့် နေအိမ်မှ လုပ်ကိုင်သူများ သို့မဟုတ် ရောနှောလုပ်ကိုင်သူများအတွက် အတွေ့အ‌ကြုံကို မြှင့်တင်ပေးရန် စဉ်းစားခြင်းတို့ကို ပြုလုပ်ရမည်။

သို့သော် ဤအရာမှာ HR အတွက် အခြေအနေသစ်တစ်ခု မဟုတ်ပါ။

ကိုဗစ်-၁၉ သည် လူတိုင်းအတွက် အသစ်ဖြစ်သည်၊ အဘယ်ကြောင့် HR အတွက် အသစ်မဟုတ်သနည်း။

ဤကပ်ရောဂါ၏ ရိုက်ခတ်မှုသည် HR အတွက် အသစ်အဆန်းမဟုတ်ဟု ဆိုလိုခြင်း မဟုတ်ပါ၊ ဝန်ထမ်းကို ပို၍ဗဟိုပြုသော အတွေ့အကြုံကို ပေးစွမ်းရန် လိုအပ်ချက်သည် အ‌ရေးကြီးအခြေအနေသစ်တစ်ရပ်ဖြစ်သည်။ ကျွန်ုပ်တို့က ဤအရာကို လက်ခံ၍ လည်ပတ်နေသည့် အောင်မြင်သော အဖွဲ့အစည်းများကို မြင်တွေ့ခဲ့ပြီးဖြစ်၍ ကျွန်ုပ်တို့၏ ဖောက်သည်များအား လိုက်လျောညီထွေကျင့်သုံးကြရန် တိုက်တွန်းလျက်ရှိသည်။ ဒစ်ဂျစ်တယ်ခေတ်တွင် အလုပ်ခွင်၌ အရာရာကို လွယ်ကူစေရန်၊ ပျော်ရွှင်ဖွယ်ရာဖြစ်စေရန်နှင့် ရိုးရှင်းစေရန် ပြုလုပ်ပေးရပါမည်။ အထူးသဖြင့် ထောင်စုနှစ်ပြည့်ကာလမျိုးဆက်များ (millennials) နှင့် နောက်ပိုင်း iGeneration မျိုးဆက်များ များပြားလာသော အချိုးအစားကြောင့် ထိုသို့ ပြုလုပ်ရမည်ဖြစ်သည်။

Amazon၊ Netflix၊ Apple သို့မဟုတ် အခြားအွန်လိုင်းလက်လီရောင်းချသည့် ဆိုက်များသို့ဝင်ရောက်ပြီး အသုံးပြုရသည်မှာ မည်မျှလွယ်ကူသည်ကို ကြည့်ပါ၊ သင်ရှာဖွေနေသည်ကို တွေ့ရှိရန်နှင့် အရောင်းအဝယ်ပြုလုပ်ရန်မှာ အလွန်လွယ်ကူပါသည်။ ဤဒစ်ဂျစ်တယ်ဆိုက်ကြီးများသည် သင်၏ ကိုယ်ရေးမှတ်တမ်းနှင့် ဝယ်ယူမှုပုံစံကို အခြေခံ၍ အကြောင်းအရာများ ဖော်ပြခြင်း၊ ဆက်စပ်ကုန်ပစ္စည်းများကို အကြံပြုဖော်ပြခြင်း၊ ကုန်ပို့ခများ လျှော့ချပေးခြင်းနှင့် နှစ်သက်ရာ ကုန်ပို့ဆောင်မှုနည်းလမ်းကို ရွေးချယ်ခွင့်ပေးခြင်းတို့အထိ ပြုလုပ်နိုင်ကြသည်။ သူတို့၏ အွန်လိုင်းအတွေ့အကြုံများနှင့် ဝယ်ယူသူဝန်ဆောင်မှုဌာနများသည်လည်း အခက်အခဲမရှိ ချောမွေ့စွာ လုပ်ဆောင်နိုင်လေ့ရှိသည်။ ယခု ကမ္ဘာ့ကပ်ရောဂါအတွင်းတွင်ပင် အဆိုပါ ဦးဆောင်ကုမ္ပဏီကြီးများသည် အောင်မြင်ကြီးထွားနေဆဲဖြစ်သည်။ Amazon ၏ တတိယသုံးလပတ်ဝင်ငွေတွင် အကျိုးအမြတ်မှာ ၃၇ ရာခိုင်နှုန်းအထိ မြင့်တက်နေသည်။ 

ဝယ်ယူသူဝန်ဆောင်မှု ကိုယ်စားလှယ်များ၏ (Cusotmer Services Representatives) ခေါ်ဆိုပြီးမြောက်မှုနှုန်းနှင့် ရောင်းချမှုပမာဏများထက် ဝယ်ယူသူစိတ်ကျေနပ်မှုပေါ် မူတည်၍ အကဲဖြတ်သည်။ ၎င်းကို “လွယ်ကူချောမွေ့စေသော ဝယ်ယူသူဝန်ဆောင်မှု” ဟု ခေါ်ဆိုကြသည်။ 

ရိုးရှင်းစွာဖော်ပြရလျှင် “လွယ်ကူချောမွေ့စေသော ဝယ်ယူသူဝန်ဆောင်မှု” ဆိုသည်မှာ ဝယ်သူသူနှင့် ဆက်သွယ်ဆောင်ရွက်ရန် ကုန်ကျစရိတ်အသက်သာဆုံးနည်းလမ်းကို ဦးစားပေးခြင်းထက် ဝယ်ယူသူ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့် လွယ်ကူသော ဝယ်ယူသူဝန်ဆောင်မှုကို ဖန်တီးပေးခြင်းဖြစ်ပါသည်။

သင်၏ ဝန်ထမ်းများ လုပ်ငန်းခွင်ပြင်ပတွင် ကြုံရလေ့ရှိသည့် အဆိုပါ လွယ်ကူချောမွေ့သော အတွေ့အကြုံများသည် သူတို့၏ မျှော်လင့်ချက်များကို ပြန်လည်တွေးခေါ်သတ်မှတ်စေသည်။ သင်၏ ဝန်ထမ်းများသည် HRနှင့်ပက်သက်၍ ရိုးရှင်းလွယ်ကူသော အွန်လိုင်းပေါ်မှ ဆက်သွယ်ဆောင်ရွက်ခြင်းမျိုးကို မျှော်လင့်ထားသည်။ 

သို့ပါ၍ ယနေ့ခေတ် HR ဝန်ဆောင်မှုပေးခြင်း၏ “ထိရောက်မှု” ကို အဓိပ္ပါယ်သတ်မှတ်ရာတွင် ယခင်နှင့် မတူတော့ပေ။ ဒစ်ဂျစ်တယ်ခေတ်သည် HR အဖွဲ့အစည်းများအား သက်ဆိုင်ရာ လွယ်ကူချောမွေ့သော ဝယ်ယူသူအတွေ့အကြုံများကို ကြံဆရှာဖွေစေပြီး  ယနေ့ခေတ်တွင် ဝန်ထမ်းများနှင့် မန်နေဂျာများအတွက် “ကောင်းမွန်မှု” ဆိုသည်မှာ မည်သို့သော အခြေအနေအား ရည်ညွှန်းခေါ်ဆိုသည်ကို ပြန်လည်သတ်မှတ်စေသည်။

အဖွဲ့အစည်းများသည် ဤလွယ်ကူချောမွေ့သော ဝန်ထမ်းအတွေ့အကြုံကို မည်သို့အောင်မြင်အောင် ပေးစွမ်းမည်နည်း။

HR အနေဖြင့် New Normal ခေတ်တွင် စီမံခန့်ခွဲမှုရည်မှန်းချက်များကို အကောင်အထည်ဖော်ရန်အတွက် HR ကို စီမံခန့်ခွဲရန် မည်သည့်အချိန်တွင်မဆို၊ မည်သည့် device ဖြင့်မဆို အလုပ်လုပ်ကိုင်နိုင်ရန် ဝန်ထမ်းအားလုံးအား စွမ်းရည်မြှင့်တင်ပေးခြင်းဖြင့် အသွင်ပြောင်းလဲပေးရန် လိုအပ်ပါသည်။ AKT တွင် ဝန်ထမ်းအတွေ့အကြုံကို ရိုးရှင်းစေခြင်း၊ မနှောင့်နှေးစေခြင်းနှင့် လွယ်ကူစွာနားလည်စေခြင်းတို့သည် အလွန်အရေးပါသည်ဟု ကျွန်ုပ်တို့က လက်ခံယုံကြည်ထားပါသည်။ 

ဤအချက်မှာ ကမ္ဘာ့ကပ်ရောဂါ မတိုင်မီ၊ ဖြစ်ပွားနေစဉ်အတွင်းနှင့် နှောင်းပိုင်းကာလများတွင် အရေးပါသော ကိစ္စတစ်ရပ် ဖြစ်လာပါသည်။ အဖွဲ့အစည်းချင်း ပူးပေါင်းလုပ်ကိုင်သည့် မိတ်ဖက်ဖွဲ့စည်းမှုများ နှင့် အရေးပါသော အခြေအနေများတွင် ဝန်ဆောင်မှုကောင်းစွာပေးနိုင်ရန် အသုံးပြုနိုင်သည့် နည်းကိရိယာများဖြင့် ထောက်ပံ့ပေးထားပြီး ဝန်ထမ်းအတွေ့အကြုံကို ဘက်စုံခြုံငုံရှုမြင်ခြင်းဖြင့် အဖွဲ့အစည်းများသည် ပိုမိုကောင်းမွန်သော ဝန်ထမ်းအတွေ့အကြုံကို ပေးစွမ်းနိုင်ပြီး ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်သည်သာမက ပို၍ ဒစ်ဂျစ်တယ်ဆန်သော လုပ်ငန်းခွင်တစ်ခု ဖြစ်လာစေရန် လမ်းကြောင်းဖောက်လုပ်ပေးနိုင်ပါသည်။

Reference : https://news.sap.com/2020/11/pandemic-long-term-hr-implications-etan-bernstein-akt-interview/

SAP Business ByDesign ရဲ့ အဓိက Financial စွမ်းဆောင်ရည် (၁၀)ချက်

Finance Director ရဲ့ အခန်းကဏ္ဍဟာ ပြီးခဲ့တဲ့နှစ်တွေမှာ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ CFO တွေအနေနဲ့ ယခုအချိန်မှာ strategy များရေးဆွဲခြင်း၊ Decision ချမှတ်ခြင်း နဲ့ Organization Transformation တွေမှာပါ ဦးဆောင်နေရပါတယ်။ ဒါတွေကို အောင်မြင်စွာ လုပ်ဆောင်နိုင်ဖို့ အကြံပေးပါရစေ။   

လုပ်ငန်းတွေမှာ ဘာလို့ ခိုင်မာတဲ့ Finance Function တွေ လိုအပ်တာလဲ?

  • Financial Information တွေကို စောင့်ကြည့်၊ တိုင်းတာခြင်းတွေက လုပ်ငန်းအောင်မြင်မှုကို ဆက်လက်လုပ်ဆောင်နိုင်ဖို့  အသက်သွေးကြော ဖြစ်ပါတယ်။  
  • နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေ၊ ငွေကြေးချေးငှားပေးတဲ့ အဖွဲ့အစည်းတွေက လုပ်ငန်းကျွမ်းကျင်တဲ့ CFO နဲ့ Finance Team ကို မျှော်လင့်ကြပါတယ်။  
  • ကမ္ဘာတစ်ဝှမ်းမှာလည်း မတူကွဲပြားတဲ့ Governance နဲ့ Regulatory  တွေဟာ အချိန်နဲ့အမျှ ပြောင်းလဲနေပါတယ်။ ဥပမာအားဖြင့် လုပ်ငန်းများစွာဟာ International Financial Reporting Standard ကဲ့သို့ စံသတ်မှတ်မှုမျိုးကို တွင်ကျယ်စွာ အသုံးပြုလာကြပါတယ်။  

လုပ်ငန်းတွေဟာ တိကျတဲ့ Financial Figure တွေကို ယခင်ထက်ပိုပြီး မြန်မြန်နဲ့ မှန်မှန် ထုတ်ဖို့ လိုအပ်လာတဲ့အတွက် တိကျ၊ မြန်ဆန်၊ ချောမွေ့တဲ့ လုပ်ဆောင်မှုများအပါအဝင်၊ စိတ်ချရတဲ့ Integrated Reporting များစွာကို လိုအပ်လျက်ရှိပါတယ်။ ဒါကိုလုပ်နိုင်ဖို့ ဘာတွေ လိုအပ်လဲ? 

နည်းပညာက အဖြေပါပဲ  

ဘယ်လိုပဲ ပြဿနာ အသစ်တွေ ပေါ်လာပါစေ Capacity အသစ်တွေ၊ Capability တွေကို ယူဆောင်လာပေးနိုင်တဲ့ အဆင့်မြင့်နည်းပညာတွေ ရှိနေတာကို ကျေးဇူးတင်ရပါမယ်။  Compliance, Reporting နဲ့ Business Process တွေကို Streamline လုပ်တာတွေ အပါအဝင် Digital Leadership ကို ရှေ့ပြေးအဖြစ် လုပ်ဆောင်နိုင်ဖို့ အခွင့်အရေးကိုပါ နည်းပညာက သယ်ဆောင်လာပေးနိုင်ပါတယ်။ Future Product, Service တွေနဲ့ Business Model တွေအထိပါ အဖိုးမဖြတ်နိုင်တဲ့ Insight တွေကိုထုတ်ပေးနိုင်ပြီး အနာဂတ်အောင်မြင်မှုအတွက် မျိုးစေ့တွေကို ချပေးနိုင်မှာ ဖြစ်ပါတယ်။   

မှန်ကန်တဲ့ Platform ကို ရွေးချယ်ခြင်း  

ရှုပ်ထွေးတဲ့ Financial Process တွေကို အလိုအလျောက် လုပ်ဆောင်ပေးနိုင်တဲ့ Cloud ERP Solution တစ်ခုဖြစ်တဲ့ SAP Business ByDesign ကို မိတ်ဆက်ပေးချင်ပါတယ်။ SAP ByD ရဲ့ Financial စွမ်းဆောင်ရည်များစွာထဲမှ အဓိကအချက် (၁၀) ခုကို ထုတ်နှုတ်တင်ပြလိုက်ပါတယ်။   

  1. Core Business Process တွေကို Financial အထိ ပေါင်းစည်းပေးထားတာဖြစ်တဲ့အတွက်  ကုမ္ပဏီရဲ့ ငွေကြေးပိုင်းဆိုင်ရာတွေ၊ စာရင်းတွေကို Single View အနေနဲ့ ပေးနိုင်ခြင်း၊ 
  2. IFRS (International Financial Reporting Standard) နဲ့ IAS (International Accounting Standard) တို့လို နိုင်ငံတကာ Reporting Standard တွေနဲ့ ကိုက်ညီခြင်း၊ 
  3. အစီအစဉ်တကျပြုလုပ်ထားတဲ့ Period-End Closing များကကြောင့် လချုပ်၊ နှစ်ချုပ်လုပ်ငန်းစဉ်များကို အရှိန်အဟုန် မြှင့်ဆောင်ရွက်ပေးနိုင်ခြင်း၊ 
  4. ပေးရန်ရှိ၊ ရရန်ရှိများစီမံခန့်ခွဲခြင်း၊ ကုန်ပစ္စည်းများ စီမံခန့်ခွဲခြင်း၊ ငွေကြေးပိုင်းဆိုင်ရာ လှည့်လည်စီးဆင်းမှုများ စီမံခန့်ခွဲခြင်းတို့ကိုလည်း ပိုမိုထိရောက်မှန်ကန်စွာ ဆောင်ရွက်နိုင်ခြင်း၊ 
  5. ရောင်းသူနှင့် ဝယ်ယူသူကြား ကြုံတွေ့နေရတဲ့ Business Process မှရရှိသော အချက်အလက်တွေကို ထည့်သွင်းစဉ်းစားနိုင်သောကြောင့် Cash Flow ကိုလည်း တိကျစွာ ခန့်မှန်းပေးနိုင်ခြင်း၊ 
  6. ထို့ကြောင့်လည်း Cash Availability အပေါ် ထိန်းချုပ်မှု ပိုရရှိနိုင်ခြင်း၊ 
  7. အချိန်နဲ့တပြေးညီ Anlytics တွေ ထုတ်ပေးနိုင်သောကြာင့်  Management နှင့်ပတ်သက်သော ဆုံးဖြတ်ချတ်များ မှန်ကန်စွာ ချမှတ်နိုင်ခြင်း၊ 
  8. စွမ်းဆောင်ရည်အသစ်တွေ တိုးမြှင့်ထားတဲ့ Reporting Tool တွေကို အသုံးပြုပြီး Stakeholder တွေကို အချိန်နဲ့တပြေးညီ Reportများ ထုတ်ပေးနိုင်ခြင်း၊ 
  9. များပြားလှတဲ့ Operating Unit တွေအတွက် အထွေထွေလယ်ဂျာ Account တွေကို အသေးစိတ် စီမံခန့်ခွဲနိုင်ခြင်း၊ 
  10. ပွင့်လင်းမြင်သာမှုရှိတဲ့ စာရင်းစစ်စွမ်းရည်ကိုပါ တပါတည်း ရရှိနိုင်ခြင်း 

အစရှိသည်တို့ပဲ ဖြစ်ပါတယ်။  

ယခု ဖော်ပြခဲ့တဲ့ SAP ByD ရဲ့ အဓိကကျတဲ့ Financial စွမ်းဆောင်ရည်တွေဟာ သင့်ရဲ့ Decision-Making Journey မှာ တစိတ်တပိုင်း အထောက်အကူ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီထဲက မည်သည့်အချက်ကိုမဆို အသေးစိတ် သိရှိလိုပါက Vanguard Myanmar က ဆွေးနွေးပြောကြားပေးဖို့ အသင့်ရှိနေပါတယ်။   

မိရိုးဖလာ လုပ်ငန်းကနေ E-Commerce ကိုအောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့တဲ့ လျှို့ဝှက်ချက်

စီးပွား‌ရေးလုပ်ငန်း တစ်ခုလုံးရဲ့ ပြောင်းလဲမှုအတွက် စိတ်အားထက်သန်နေတဲ့ လုပ်ငန်းရှင်မျာအတွက်…  

မိရိုးဖလာ စီးပွားရေးလုပ်ငန်းတစ်ခုမှာ  ပြောင်းလဲမှုတစ်ခုကို စတင်တော့မယ်ဆိုရင် ဘာတွေကို ကြိုတင်ပြင်ဆင်လေ့ရှိကြလဲ။ ဘာတွေကို ကြိုတင်ပြင်ဆင်ဖို့ လိုမလဲ။    

မိရိုးဖလာ လုပ်ငန်းအများစုဟာ နည်းပညာ ပိုင်းဆိုင်ရာတွေမှာ ပြောင်းလဲမှုတွေကို စတင်ဖို့ လက်တွန့်နေလေ့ရှိကြပါတယ်။ ဘာကြောင့်ပါလဲ။  

  • အရင်တည်းက စာရွက်စာတမ်းတွေနဲ့ လုပ်ဆောင်ခဲ့ကြလို့ စာရွက်စာတမ်းနဲ့လည်း အဆင်ပြေတယ်၊ အိုင်တီနည်းပညာ အကူအညီကို မလိုအပ်ဘူးလို့ ထင်ကြတယ်၊ ဘာနဲ့တူလဲဆိုတော့ ကီးပတ်ဖုန်းတစ်လုံးကိုပဲ တောက်ေလျှာက် အသုံးပြုလာပြီး Feature တွေ၊ Function တွေ အစုံပါတဲ့ စမတ်ဖုန်းကို အသုံးမပြုရသေးတဲ့ သူနဲ့ တူပါတယ်။ (ယှဉ်ပြီး သုံးဖူးလိုက်မှ ဘယ်ဟာက ပိုပြီး လွယ်ကူအဆင်ပြေတယ်၊ အလုပ်တွင်ကျယ်တယ်ဆိုတာကို သိကြပါတယ်။)  
  • နောက်တချက်က Risk မယူရဲကြတာဖြစ်ပါတယ်။ ဒီဂျစ်တယ်ပေါ် ကူးပြောင်းပြီးမှ အရင်က တည်ငြိမ်နေခဲ့တဲ့ လုပ်ငန်းနဲ့ အကျိုးအမြတ်ကို ကိုထိခိုက်မှာ စိုးတာပါ။   

ဘယ်လို ပြောင်းလဲမှုတွေပဲဖြစ်ဖြစ် အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ဖို့ ခက်ခဲပါတယ်။ ဒီထဲမှာ Digital Transformation က အခက်ခဲဆုံးတစ်ခုဖြစ်ပါတယ်။  

မိရိုးဖလာ စားသောက်ကုန်လုပ်ငန်း ကနေ E-commerce ကို အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့တဲ့ Story တစ်ခု  လေ့လာကြည့်ပါမယ်။ ဒီလုပ်ငန်းကရော ဘယ်လို စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ခဲ့ပြီး ဘယ်လို ဖြေရှင်းနိုင်ခဲ့ပါသလဲ…  ?

လုပ်ငန်း A ကို မြန်မာ့ရိုးရာစားသောက်ကုန် မိရိုးဖလာ လုပ်ငန်းအဖြစ်စတင်ခဲ့ပြီး ပထမမျိုးဆက်ဆီကနေ သားသမီးဖြစ်သူ ဒုတိယမျိုးဆက် ကို လက်ဆင့်ကမ်းနိုင်ခဲ့ပါတယ်။ ကုန်ပစ္စည်းရဲ့ အရည်အသွေးကို မျိုးဆက်တစ်ခုအထိ ထိန်းသိမ်းနိုင်ခဲ့ပြီး တစတစ လုပ်ငန်းအောင်မြင်လာချိန်မှာ စိန်ခေါ်မှုအချိုု့ ကို ဒုတိယမျိုးဆက်တွေမှာ အမြဲလိုလို ရင်ဆိုင်ရလေ့ရှိပါတယ်။     

မိရိုးဖလာ စီးပွားရေးလုပ်ငန်းတိုင်းရဲ့ နောက်ပိုင်းမျိုးဆက်တွေတိုင်း ကြုံတွေ့ရတဲ့ ဖိအား ဒါမှမဟုတ် Responsibility လို့ ယူထားတဲ့  အချက် (၂)ချက် ရှိပါတယ်။   

  • နံပါတ် (၁) အနေနဲ့ မိဘပိုင်လုပ်ငန်းကို မိမိ လက်ထက်မှာလည်း ဆက်ပြီးတည်တံ့နေအောင် ထိန်းထားနိုင်ဖို့ပါ။   
  • နံပါတ် (၂) က မိမိ လက်ထက်မှာ လုပ်ငန်းကို ပိုကောင်းတဲ့ အနေအထားနဲ့ နောက်မျိုးဆက်ကို လက်ဆင့်ကမ်းပေးနိုင်ဖို့ ဖြစ်ပါတယ်။    

ဒီအချက် (၂)ချက်လုံးအတွက် အကောင်းဆုံး အဖြေက မိရိုးဖလာ လုပ်ငန်းကနေ E-commerce ကို ပြောင်းလဲဖို့ ဆိုတာကို လုပ်ငန်း A ရဲ့ ဒုတိယ မျိုးဆက်ဖြစ်သူက ကောင်းကောင်း သဘောပေါက်ခဲ့ပါတယ်။    

ဒုတိယမျိုးဆက် အနေနဲ့  E-commerce ကို ပြောင်းလဲနေစဉ်မှာ စိန်ခေါ်မှုတွေကို စတင် ရင်ဆိုင်ရပါတယ်။ ဒီစိန်ခေါ်မှုတွေကပဲ လုပ်ငန်း A ကို E-commerce  ကို လျင်လျင်မြန်မြန် ပြောင်းလဲစေနိုင်ဖို့ တွန်းအားဖြစ်ခဲ့ပါတယ်။  

ပထမဦးဆုံး စိန်ခေါ်မှု။  ။Business Operation  များကို ပြောင်းလဲခြင်း   

မိရိုးဖလာ လုပ်ငန်းအများစုရဲ့ ထုံးစံအတိုင်း လုပ်ငန်း A ရဲ့ Operating Procedure တွေကို စာရွက်စာတမ်းတွေ (Paper Process) ပေါ်မှာပဲ လက်ရေးနဲ့ မှတ်တမ်းတင်ပြီး အလုပ်လုပ်ကြပါတယ်။  စာရွက်စာတမ်းတွေက ပျက်စီးလွယ်ပြီး အချက်အလက်တွေ လုံခြုံမှုမရှိဘူး၊  အချိန်နဲ့တပြေးညီ အချက်အလက်တွေ မရနိုင်တဲ့ အခက်အခဲတွေ ရှိတယ်ဆိုတာ သိထားကြပါတယ်။ Paper Process တွေက လုပ်ငန်း A ကို ကြန့်ကြာစေပြီး လုပ်ငန်းဖွံ့ဖြိုးမှုကို အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ်။   

ဒါကြောင့် လုပ်ငန်း A ကို E-commerce ကိုပြောင်းလဲနိုင်ဖို့အတွက် Paper Process တွေနေရာမှာ Digital Tools/ Solution တွေ အစားထိုး ပြောင်းလဲခဲ့ပါတယ်။ အော်ဒါလက်ခံတာက စပြီး လုပ်ငန်း A ရဲ့ စားသုံးသူ (Customer) တွေဆီ အော်ဒါပို့ဆောင်တာ၊ Customer Review တွေ၊ Complaint တွေကို ဖြေရှင်းတာအထိ  လုပ်ငန်းစဉ်အဆင့်ဆင့်ကို Document လုပ်ပါတယ်။ အဆင့်  တဆင့်ချင်းစီတိုင်းမှာ လုပ်ဆောင်နေတဲ့ Business Operation တွေထဲက Automation သုံးလို့ရမယ့် Operation တွေကို Tools တွေ အကူအညီနဲ့ အလိုအလျောက် လုပ်ဆောင်စေပါတယ်။ ဒီအခါမှာ အရင်လက်ခံနေကြ အော်ဒါ အရေအတွက်ကိုပဲ ဝန်ထမ်း ဦးရေနည်းနည်းနဲ့ ပိုပြီး ထိထိရောက်ရောက်လုပ်ဆောင် နိုင်တာကို တွေ့ရပါတယ်။    

ဒုတိယ စိန်ခေါ်မှု ။ ။ IT Team    

Digital Server လုပ်ဖို့၊ Monitor လုပ်ဖို့ လုပ်ငန်း A ရဲ့ IT Team မှာ လူအင်အား နဲ့ နေရာအလုံလောက် မရှိတာကလည်း စိန်ခေါ်မှု တစ်ခုဖြစ်ခဲ့ပါတယ်။ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေအတွက် In House Server ထားရတာ ပိုအဆင်ပြေတယ်လို့ ယူဆထားကြပေမယ့် တကယ်တမ်းမှာ  

IT Team အတွက် လူအင်အားနဲ့ Server တွေအတွက် နေရာပေးရတယ်။  Server တွေထားဖို့ အဆောက်အအုံ (Physical Infrastructure) နဲ့ Hardware တွေ အတွက် အရင်းအနှီးများတယ်။   

ဘေးအန္တရာယ်ကျရောက်ချိန် (ငလျင် နဲ့ ရေကြီးခြင်းတို့လို (Disaster Situation) မှာ Data တွေကို ဆုံးရှုံးရနိုင်ချေ များပါတယ်။ Data တွေကို ဘယ်လို လုံခြုံတဲ့နေရာမှာ သိမ်းမလဲဆိုတာအပေါ် အများကြီး မူတည်နေပါတယ်။  

ဖော်ပြပါ စိန်ခေါ်မှုတွေကို လုပ်ငန်းကြီးထွားလာနဲ့အမျှ ကြုံတွေ့လာရပါတယ်။  

Cloud Infrastructure ကို အသုံးပြုပြီး လူအင်အားနဲ့ နေရာ Capital Expense တွေဖြစ်တဲ့ Physical Infrastructure နဲ့ Hardware ကုန်ကျစရိတ် Disaster Recovery စတဲ့ Issue တွေကို ပြေလည်သွားစေပါတယ်။ Storage နဲ့ Structure ကို အလွယ်တကူ ထပ်ထည့်နိုင်ပြီး Downtime ကို လျှော့ချနိုင်ကာ Business Operation တွေကို အရင်ထက်ပိုပြီး ‌ချောမွေ့အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။  

နောက်ဆုံး စိန်ခေါ်မှု။ ။ Customer Behavior ပြောင်းလဲခြင်း 

Customer Behavior သိသိသာသာ ပြောင်းလဲခြင်းကို (၂၀၁၉) နှောင်းပိုင်းမှာ ပိုပြီးကြုံတွေ့လာရပါတယ်။ Covid-19 Crisis ကလည်း လုပ်ငန်း A အပေါ်မှာ သက်ရောက်မှု အများအပြား ရှိခဲ့ပါတယ်။ Consumption သိသိသာသာ လျော့ကျခဲ့ပြီး Supply Chain မှာ အနှောင့်အယှက် ဖြစ်တာတွေ ရှိလာခဲ့ပါတယ်။  

Consumption ကို ပြန်လည်မြှင့်တင်ဖို့ Digital Platform တွေ (Facebook သို့မဟုတ် Website Page)ကနေ Customer တွေက လုပ်ငန်း A ရဲ့ Product တွေကို အလွယ်တကူ ဝယ်ယူစေနိုင်ဖို့ လုပ်ဆောင်ရပါတယ်။ နောက်ပိုင်းမှာ ပြောင်းလဲလာမယ့် New Normal အတွက်လည်း အဆင်သင့်ဖြစ်စေဖို့ Digital Buying အတွက်လည်း ပြင်ဆင်ပြီးသား ဖြစ်သွားပါတယ်။   

ဒီစိန်ခေါ်မှု (၃)ခုလုံးကို ကျော်လွှားနိုင်ဖို့ အတွက် Solution တွေရဲ့ အခြေခံ Foundation ဖြစ်တဲ့ Cloud Infrastructure ရဲ့ အခန်းကဏ္ဍကို မြင်တွေ့နိုင်ပါတယ်။ စိန်ခေါ်မှု နံပါတ်တစ် ဖြစ်တဲ့ Business Operation တွေကို ပြောင်းလဲရာမှာ Business Solution တွေအကူအညီကို ရယူတဲ့အခါ ဒီ Tools/Solution တွေကို Run နိုင်ဖို့ Foundation ဖြစ်တဲ့ Cloud Infrastructure က များစွာ အထောက်အပံ့ ဖြစ်ခဲ့ပါတယ်။ E-commerce ကို ပြောင်းလဲတဲ့အခါ မဖြစ်မနေစဉ်းစားရပြီဖြစ်တဲ့ IT Team လူအင်အားနဲ့ Server ထားဖို့နေရာတို့အတွက်လည်း Cloud Infrastructure က အဓိက Solution ဖြစ်ခဲ့ပါတယ်။ Experience ကောင်းကောင်းနဲ့ Digital Platform ပေါ်ကနေ လုပ်ငန်း A ကို Run နိုင်တဲ့ အခါ Customer တွေကို Buying Process မှာ အဆင်ပြေ ချောမွေ့ စွာ ဝန်ဆောင်ပေးနိုင်ပြီး  ရောင်းအား တက်လာစေဖို့ Cloud Solution က ကူညီပေးနိုင်ခဲ့ပါတယ်။   

လုပ်ငန်း A အနေနဲ့ E-commerce ကို ပြောင်းလဲရာမှာ အခြေခံဖြစ်တဲ့ Cloud Infrastructure ကို အရင် မပြင်ဆင်မိခဲ့တာကြောင့် နှောင့်နှေးကြန့်ကြာခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် မိရိုးဖလာလုပ်ငန်းတွေအနေနဲ့ စိန်ခေါ်မှုတွေကို  မြန်မြန်ဆန်ဆန် ရင်ဆိုင်ကျော်လွှားနိုင်ဖို့  အခြေခံ Foundation ဖြစ်တဲ့ Cloud Infra ကို ကြိုတင် ပြင်ဆင်ထားနိုင်ဖို့ လုပ်ငန်း A ရဲ့ Story ကနေ သိရှိနိုင်ပါတယ်။   

   

Cloud ကို မှန်ကန်စွာ အသုံးချပြီး သင့် Business Transformation ပြုလုပ်ပါ။

Business Transformation လို့ပြောလိုက်တာနဲ့ ဘာကို အရင်မြင်ပါသလဲ? 

Digital Transformation ကို အရင်မြင်မှာပါ။ ဒါပေမဲ့ လုပ်ငန်းစု၊ အဖွဲ့အစည်းတွေအတွက် Business Transformation ဆိုရင် IT Transformation ကလည်း အရမ်းအရေးကြီးပါတယ်။ IT Transformation အတွက် Cloud ကို အသုံးပြုတော့မယ်ဆိုရင် အရေးကြီးဆုံးအချက်က သင့်လုပ်ငန်းမှာ သုံးမယ့် cloud ကို မှန်ကန်စွာ အသုံးချနိုင်ဖို့ပဲဖြစ်ပါတယ်။ 

မိမိလုပ်ငန်းနဲ့ ကိုက်ညီတဲ့ Cloud Service တစ်ခုကို အသုံးမပြုခင် စဉ်းစားရမယ့် အချက်တွေ ရှိပါတယ်။ သင့် လုပ်ငန်းရဲ့ Goal အသစ်တွေ (ဥပမာ – စျေးကွက် အသစ် ဖောက်ချင်တာ၊Skillful ဖြစ်တဲ့ ဝန်ထမ်းတွေနဲ့ပဲ Business ကို ဆက် run ချင်တာ) စတာတွေကို ချမှတ်လိုက်ပြီဆိုရင် ဒီ Goal တွေနဲ့ မိမိလုပ်ငန်းကို ဘယ်လို ပြောင်းလဲ လုပ်ဆောင်မလဲ ဆိုတဲ့ Business Transformation ကို အရင်ဆုံး စဉ်းစား သင့်ပါတယ်။ Business Transformation အပိုင်းပြီးမှ ဘယ်လို IT Support တွေပေးနိုင်လဲဆိုတဲ့ IT Transformation အပိုင်းလာပါတယ်။   

လုပ်ငန်းအဖွဲ့အစည်းတစ်ခုအတွက် ပြည့်စုံတဲ့ IT Transformation ဖြစ်ဖို့ အဓိက အကြောင်းအရင်း (၅) ခု  

Business Process တွေကို အရှိန်မြှင့်တင်နိုင်ခဲ့ပြီး IT Transformation ကို‌ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တဲ့ အဖွဲ့အစည်းတွေမှာ အဓိက အကြောင်းအရင်း (၅)ခု ရှိပါတယ်။ 

  1. လုပ်ငန်းတစ်ခုလုံးရဲ့ Process တိုင်းမှာ ထောင့်စုံအောင် Cloud ကို မှန်ကန်စွာ အသုံးချနိုင်တယ်။ 
  2. တိကျသေချာတဲ့ အချက်အလက်တွေကို စုစည်းပြီး Decision တွေကို အချိန်နဲ့တပြေးညီ ချမှတ်တယ်။ 
  3. ဖြစ်လာနိုင်တဲ့ Risk တွေအတွက် သေချာပြင်ဆင်ထားတဲ့ အသေးစိတ် Plan ရှိတယ်။ 
  4. Customer တွေ ဘယ်နေရာမှာပဲ ရှိနေ ရှိနေ အမြဲတမ်း ဆက်သွယ်နိုင်တယ်။ 
  5. IT ကို ပိုပြီး Efficient ဖြစ်ဖြစ် အသုံးပြုနိုင်အောင်၊ ကုန်ကျစရိတ်တွေ လျှော့ချနိုင်အောင်နဲ့ မြန်မြန်ဆန်ဆန်တိုးတက်အောင် စိစစ်လုပ်ဆောင်နိုင်တာပဲဖြစ်ပါတယ်။  

တချို့ လုပ်ငန်းရှင်တွေက Cloud ကို ကုန်ကျစရိတ် တစ်ခုအနေနဲ့ မြင်တတ်ကြပါတယ်။ တကယ်က Cloud ဆိုတာ Tool တစ်ခုဖြစ်ပါ။ မိမိလုပ်ငန်းကို ပိုပြီး တိုးတက်မြန်ဆန်စေဖို့၊ ရေရှည် IT ကုန်ကျစရိတ် ချွေတာဖို့၊ ကိုယ့်ရဲ့ Data တွေ လုံခြုံစိတ်ချရဖို့အတွက်အပြင် အခြားအကျိုးရှိတဲ့ရည်ရွယ်ချက်တွေအတွက် အသုံးပြုနိုင်ပါတယ်။Cloud ကို အသုံးပြုုပြီး သင့် စီးပွားရေး လုပ်ငန်းအတွက် ကြီးမားတဲ့အကျိုးရလဒ်က ရနိုင်မလဲဆိုတဲ့ အချက်ကို သေချာ ရှင်းသွားပြီဆိုရင် Cloud အသုံးပြုတဲ့ ကုန်ကျစရိတ်ဟာ အကျိုးရှိတဲ့ (Cost Effective) ကုန်ကျစရိတ်ပဲ ဖြစ်ပါတယ်။  

Cloud ကို ရွေးချယ်တဲ့အခါ Integration လုပ်ပေးမယ့် Vanguard Myanmar လိုမျိုး Professional Team ကို မှန်ကန်စွာရွေးချယ်နိုင်ဖို့လည်း လိုပါတယ်။ တခါတလေမှာ Data တွေကို အသုံးပြုတဲ့ Policy ဒါမှမဟုတ် Legal Requirement (ဥပမာ – Health Care Centre လိုမျိုး ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းက တင်းကျပ်တဲ့ Data စည်းမျဉ်းစည်းကမ်းများ) တွေအတွက် Dataတွေကို စနစ်တကျစီမံခန့်ခွဲနိုင်ဖို့ဆိုတာ သင်ရွေးချယ်တဲ့ Team ပေါ်မှာ မူတည်ပါတယ်။ Cloud ပေါ် မရွှေ့ခင် Data တွေရဲ့ Legal Requirement တွေကို ကောင်းစွာနားလည်တဲ့ VCS လိုမျိုး Provider တွေကိုသာ ရွေးချယ်သင့်ပါတယ်။ Strong In-house IT Team မရှိတဲ့အဖွဲ့အစည်းတွေအတွက်လည်း  ဘာမှစိတ်ပူစရာမလိုပါဘူး။  

ဒါကြောင့် သင့် Business Transformation အတွက် Cloud ကို သုံးဖို့ စဉ်းစားနေပြီဆိုရင် အရေးကြီးဆုံးအချက်က ကိုယ်က ဘယ်လို ပြဿနာမျိုးကို ဖြေရှင်းဖို့ ကြိုးစားနေလဲဆိုတာကို သိထားဖို့ပါပဲ။  

Vanguard Cloud Services အကူအညီနဲ့ သင့် Business Transformation ကို အထိရောက်ဆုံး လွယ်ကူအဆင်ပြေအောင် လုပ်ဆောင်နိုင်ဖို့ ခုပဲဆက်သွယ်လိုက်ပါ။ 

RPA အတွက် ကြိုတင်ပြင်ဆင်ထားသင့်သောအချက် (၅) ချက်

Robotic Process Automation (RPA) ဆိုတာ Business Process တွေကို အလိုအလျောက် လုပ်ဆောင်နိုင်စေဖို့အတွက် ပြုလုပ်ထားတဲ့ နည်းပညာဖြစ်ပါတယ်။ စည်းမျဉ်းလုပ်ထုံး(Rule-Based)  တွေကို အခြေခံထားပြီး ထပ်ခါတလဲလဲ ပြုလုပ်ရတဲ့ (Repetitive Business Process)တွေကို RPA နည်းပညာနဲ့ အလိုအလျောက် ပြုလုပ်တဲ့အခါ Value ပိုပေးနိုင်တဲ့ Business Activity တွေကို အာရုံစိုက် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ RPA ဆိုတာ Artificial Intelligence, Machine Learning, Big Data, Robotics နဲ့ IoT (the Internet of Things) စတဲ့ နည်းပညာတွေနဲ့ ပေါင်းစပ်ထားတဲ့ technology solution ပဲဖြစ်ပါတယ်။

RPA ကနေ လုပ်ငန်းနယ်ပယ်တိုင်းကို သက်ရောက်နိုင်တဲ့ ပိုကောင်းတဲ့ Automation ကို ဖြစ်ပေါ်စေမှာပါ။ Gartner ရဲ့ လေ့လာချက်အရအဖွဲ့အစည်းကြီးတွေရဲ့ (၈၅)% ဟာ ၂၀၂၀ မှာ RPA ကို ထိရောက်စွာအသုံးပြုလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒီလို အဖွဲ့အစည်းကြီးတွေပြီးရင်တော့ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေဟာ RPA ကို ပုံမှန် လုပ်နေကြလုပ်ငန်းစဉ်တွေမှာ အသုံးပြုလာကြတဲ့ အခြေအနေမျိုး ဖြစ်လာမှာပါ။ ဒါကြောင့် သင့်လုပ်ငန်းမှာ RPA အသုံးပြုဖို့  မစဉ်စားမိသေးဘူးဆိုရင်တော့ ခုချိန်ကစပြီး စဉ်းစားထား သင့်သောအချိန်ဖြစ်ပါတယ်။ ဒီဆောင်းပါးကနေ စပြီး စဉ်းစားကြည့်နိုင်ပါတယ်။

RPA အကြောင်းပြောကြတဲ့အခါ ထုတ်လုပ်ရေးပိုင်းမှာ အသုံးများကြတဲ့  စက်ရုပ် (Robot) တွေကို ဆိုလိုချင်တာ မဟုတ်ပါဘူး။ RPA ဆိုတာ Software Robot တွေ – တနည်းအားဖြင့် Data ယူတာ၊ Data သွင်းတာလိုမျိုး ထပ်တလဲလဲ လုပ်ဆောင်နေရသော တာ၀န်များကို   အလိုအလျောက် လုပ်ဆောင်ပေးမယ့် Business Solution ပဲဖြစ်ပါတယ်။

လတ်တလော လူကိုယ်တိုင်ပြုလုပ်နေတဲ့ နေ့စဉ်အလုပ်တွေပေါ်မှာ ကုန်ဆုံးရတဲ့အချိန်တွေကို RPA အသုံးပြုပြီးလျှော့ချခြင်းဖြစ်ပါတယ်။ အဓိကအနေ နဲ့ ဖြင့်  Productivity တိုးဖို့၊ လူကြောင့်ဖြစ်ရတဲ့ Human Error တွေကို လျှော့ချပေးနိုင်ဖို့၊ Repetitive Task တွေထက် ပို Value ရှိပြီး Robot တွေမလုပ်ဆောင်နိုင် တဲ့အလုပ်တွေ (e.g အလွန်ရှုပ်ထွေးတဲ့ Customer Query တွေကို ဖြေရှင်းခြင်း၊ ကြီးမားတဲ့ပြဿနာကို ဖြေရှင်းဖို့ နည်းဗျူဟာထုတ်ခြင်း) အတွက် RPA ကို အသုံးပြုကြတာဖြစ်ပါတယ်။

တကယ်တော့ RPA ကို Process အသစ်တစ်ခု အနေနဲ့  စဉ်းစားလို့ မရပါဘူး။ RPA က ရှိပြီးသား စနစ်တွေ၊ Application တွေကို ပိုပြီး တိုးတက်သွားအောင်၊ ပြီးပြည့်စုံအောင် ပြုလုပ်ပေးခြင်းဖြစ်ပါတယ်။ ဒီလို ပြုလုပ်တဲ့အခါမှာ Physical Infrastructure ပိုင်းမှာသာ ပြောင်းလဲမှု အနည်းငယ်လုပ်ပေးဖို့ လိုအပ်တာကြောင့် RPA ကို Implement လုပ်လိုက်ခြင်းက ကုန်ကျစရိတ်နည်းပါးပြီး ဝန်ထမ်းတွေရဲ့ အချိန်တွေ၊ Error တွေ၊ အခြားမလိုအပ်တဲ့ အသုံးစရိတ်တွေကို လျင်မြန်စွာ လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် RPA ကို Quick Win တစ်ခုအနေနဲ့ မှတ်ယူနိုင်ပါတယ်။

ဒါပေမယ့် RPA ဆိုတာ တကယ့်လက်တွေ့မှာ ဘယ်လိုမျိုးလဲ။ Web Form တွေမှာ အသုံးပြုတဲ့ Auto-Complete လို Function မျိုးတွေက RPA ရဲ့ ကနဦး ပုံစံပါပဲ။ ယနေ့ခေတ် RPA Tool တွေမှာတော့ Customer Service Chatbot (ရိုးရှင်းတဲ့ Customer Query တွေကို ဖြေရှင်းဖို့ အသုံးပြုပါတယ်) တွေအထိ ပါဝင်လာပါပြီ။

RPA ကို အသုံးပြုထားတဲ့ အခြားနေရာတွေကတော့-

  • စာရွက်စာတမ်းတွေမှတဆင့် Digital စနစ် ဆီသို့ ကူးပြောင်းခြင်း
  • Insurance Claim  တွေထည့်ခြင်း၊ Process ပြုလုပ်ခြင်း
  • Credit Card Application တွေကို Process ပြုလုပ်ခြင်း
  • CRM System ထဲသို့ Customer Data အသစ်တွေ ထည့်သွင်းခြင်း
  • Client နဲ့ Patient Appointment တွေအတွက် အချိန်စာရင်းဆွဲခြင်း
  • ရိုးရှင်းပြီး ထပ်တလဲလဲမေးလေ့ရှိတဲ့ Tech Support Query တွေကို ဖြေဆိုခြင်း
  • Transactions တွေကို Process ပြုလုပ်ခြင်း
  • Digital System တွေဆီက အချက်အလက်တွေကို ရယူခြင်း၊ ထုတ်ယူခြင်းစတာတွေ ပါဝင်ပါတယ်။

အဆိုပါ TECHNOLOGY TREND တွေအတွက် သင့်လုပ်ငန်းကို ကြိုတင်ပြင်ဆင်ခြင်း

အရာရာတိုင်းက နည်းပညာပြောင်းလဲမှုနဲ့ ဆက်စပ်နေတာကြောင့် Business Leader တွေအနေနဲ့ နည်းပညာအသစ်တွေကို သူတို့ရဲ့ လုပ်ငန်းတွေမှာ ဘယ်လို အသုံးချရမလဲ၊ ကြိုတင်ပြင်ဆင်နိုင်ဖို့အတွက် လက်တွေ့ကျတဲ့ အဆင့်တွေက ဘာတွေလဲဆိုတာကို သိရှိလိုကြပါတယ်။ တကယ်လို့ သင်လည်း ဒီလို ကြုံတွေ့နေမယ်ဆိုရင် အောက်ပါ အဆင့် (၅)ဆင့်ကို လိုက်နာဖို့ အကြံပြုချင်ပါတယ်။

STEP 1. SELF-EDUCATE လုပ်ပါ

ကိုယ့်ကိုယ်ကို Educate လုပ်ခြင်းက ပြောင်းလဲဖို့ ပြင်ဆင်ရာမှာ အသက်တမျှ အရေးကြီးပါတယ်။ ကံကောင်းတယ်လို့ ဆိုရမှာပါ၊ RPA နဲ့သက်ဆိုင်တဲ့  Resource တွေကို Online မှာ အလွယ်တကူ ရှာတွေ့နိုင်ပါတယ်။ ဥပမာ – RPA Solution Provider တစ်ဦးဖြစ်တဲ့ UiPath မှာ အခမဲ့ Training Course တွေ အများအပြားရှိတဲ့ Online Academy ရှိပါတယ်။ RPA ကို အသုံးပြုရာတွင် ရှိထားသင့်တဲ့ Role တွေ(ဥပမာ- Business Analyst, Implementation Manager) အလိုက် Course တွေကို Category ခွဲထားပါတယ်။ RPA Developer တွေ၊ လေ့လာသူတွေပါဝင်ပြီး Tool တွေ၊ Strategy တွေနဲ့ အသုံးဝင်တဲ့အချက်တွေကို မျှဝေကြတဲ့ Community တွေ လည်း  ရှိပါတယ်။ အဖွဲ့အစည်းတွေအနေနဲ့ RPA ဘယ်လို အလုပ်လုပ်လဲဆိုတာကို  နားလည်စေဖို့ ရည်ရွယ်တည်ဆောက်ထားတဲ့ Robot တွေကို အခမဲ့အသုံးပြုပြီး စိတ်ကြိုက် Customized လုပ်ကာ စမ်းသပ်နိုင်ပါတယ်။

STEP 2. ဘယ်လို TASK အမျိုးအစားကို AUTOMATED လုပ်လို့မရဘူးလဲဆိုတာ နားလည်အောင်လုပ်ပါ

RPA လုပ်ဖို့ အသင့်တော်ဆုံး Task တွေမှာ ထပ်တလဲလဲ ကြိမ်ဖန်များစွာ လုပ်ရတဲ့ Task တွေဖြစ်တဲ့ Record တွေ ရှာဖွေခြင်း၊ Data တွေ ကူးပြောင်းခြင်း စတဲ့ “Busy Work” ‌တွေ ပါဝင်ပါတယ်။ ဒီလို Task အမျိုးအစားတွေက Automation လုပ်သင့်တဲ့ အဓိကအမျိုးအစားတွေ ဖြစ်ပါတယ်။ တီထွင်ဆန်းသစ်တဲ့ အတွေးအခေါ်၊ Decision Making စတဲ့ အလုပ် တွေကိုတော့ Automation ပြုလုပ်ဖို့ မသင့်တော်ပါဘူး။

STEP 3. ဘယ်လို TASK များကို AUTOMATION ပြုလုပ်သင့်လဲဆိုတာကို ပိုပြီး တိတိကျကျ ဖြစ်အောင်လုပ်ပါ

Automation လုပ်လို့ ရတာနဲ့ Automation လုပ်သင့်တာနဲ့ အတိအကျ မတူပါဘူး။ Automation လုပ်လို့ရနိုင်တဲ့ အလုပ်တွေထဲကမှ ဘယ်လိုအလုပ်တွေကို Automation လုပ်ကြမလဲ၊ လုပ်သင့်လဲဆိုတာကို သတ်မှတ်ဖို့ ပြန်လည် ရွေးချယ်ဖို့ လိုပါတယ်။ ကိုယ့်လုပ်ငန်း အောင်မြင်ဖို့အတွက် မလုပ်မဖြစ်လုပ်နေရတဲ့အလုပ်၊ ဒါပေမယ့် ဒီအလုပ်ကြောင့် ဝန်ထမ်းတွေ အချိန်အများအပြားပေးရတဲ့ အလုပ်မျိုးကို Automation လုပ်ဖို့ အကြံပေးချင်ပါတယ်။ ဒီလို မှန်မှန်ကန်ကန် ရွေးချယ်နိုင်တဲ့အခါ  RPA ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ထပ်တလဲလဲအလုပ်တွေကို လျှော့ချနိုင်ပြီး ရည်မှန်းထားတဲ့ Quick Win ကို လည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။

STEP 4. ကိုယ့်ပတ်ဝန်းကျင်မှာ ရရှိနိုင်တဲ့ SOLUTION တွေနဲ့ TOOL တွေကို ရှာဖွေလေ့လာပါ

သင့်အဖွဲ့အစည်းမှာ RPA အသုံးပြုဖို့ အကောင်းဆုံးနည်းတွေကို ဆုံးဖြတ်ပြီးတဲ့အခါ Deployment လုပ်ရာမှာ ချောမွေ့အောင်မြင်စေဖို့ အလားအလာကောင်းတဲ့ Partner တွေနှင့်  ရရှိနိုင်တဲ့ Technology တွေကို ရှာဖွေလေ့လာသင့်ပါတယ်။ ကိုယ့်မှာ ရှိပြီးသား Technology Infrastructure တွေအတွက်လည်း ကြိုတင် စဉ်းစားထားဖို့ လိုပါတယ်။ ဥပမာ – RPA ကို ရှိပြီးသား Infrastructure ပေါ်မှာ အသုံးပြုမှာလား၊ RPA အသုံး ပြု ပြီးထွက်လာတဲ့ အချိန်တွေ၊ လူအင်အားတွေကို ဘယ်လို ပြန်ပြီး စီမံခန့်ခွဲမှာလဲ။

STEP 5. RPA PARTNER ကို ရွေးချယ်ခြင်း

Solution တွေထဲမှာ ဘယ်ဟာက ကိုယ်နဲ့ အသင့်တော်ဆုံးလဲ။ Provider အမျိုးမျိုးကို နှိုင်းယှဉ်ကြည့်တဲ့အခါ ကိုယ့် Industry ထဲမှာ အတွေ့အကြုံ ရှိပြီးသား သူကို ရွေးချယ်သင့်ပါတယ်။ ဒါမှသာ ဖြစ်ပေါ်လာမယ့် လူ့အရင်းအမြစ်ပြောင်းလဲမှုတွေကို စီမံခန့်ခွဲရာမှာ အကူအညီပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကလည်း Automation Process အတွက် အရေးကြီးတဲ့ အချက်ဆိုတာ အငြင်းပွားဖွယ်ရာမရှိပါဘူး။

RPA ဟာ စျေးကွက်ထဲမှာ အလျင်မြန်ဆုံး တိုးတက်လျက်ရှိတဲ့ Enterprise Software တွေထဲက တစ်ခုဖြစ်တာကြောင့် RPA အတွက် ရရှိနိုင်တဲ့ Offering များစွာရှိပါတယ်။  တကယ်လို့ သင်က Repetitive Task တွေကို လျှော့ချပြီး ပိုအရေးကြီးတဲ့နေရာတွေမှာ အာရုံစိုက်လိုက်တဲ့အခါ ပိုပြီး အကျိုးအမြတ်တွေထွက်လာမယ်လို့ ယုံကြည်ထားတယ်ဆိုရင် အကောင်းဆုံး RPA  Solution တွေထဲက တစ်ခု ဖြစ်တဲ့ UiPath ကို လေ့လာသင့်ပါတယ်။

Reference from Forbes:

https://www.forbes.com/sites/bernardmarr/2020/10/09/robotic-process-automation-is-coming-here-are-5-ways-to-prepare-for-it/?sh=5112ff3f25d9&fbclid=IwAR0KKmLzjihzh4mkIM2CV_guBJRtlWkbjgIlaE0BmY3ZCSwiUlT5fozlFbE

#UiPath #RPA #VanguardMyanmar

လက်လီရောင်းချခြင်း၏ Digital အနာဂတ်

ဈေးဝယ်ထွက်ရာမှာ စတိုးဆိုင်သို့ကိုယ်တိုင်ကိုယ်ကျသွား၍ ရွေးချယ်ဝယ်ယူခြင်းက  အများဆုံးအသုံးပြုခဲ့ကြတဲ့ နည်းလမ်းတစ်ခုဖြစ်ခဲ့ပါတယ်။သို့သော်လည်း အွန်လိုင်းမှဈေးဝယ်ခြင်းဟာ လူအများကပိုမိုနှစ်သက်တဲ့ လမ်းကြောင်းတစ်ခုအဖြစ်နဲ့ လျင်မြန်စွာပဲ ပြောင်းလဲလာပါတယ်။အလုပ်တွေ၊ ဝင်ငွေနဲ့ အပန်းဖြေချိန်တွေမှာ ပြောင်းလဲမှုတွေကြုံလာရတာကြောင့် ကပ်ရောဂါကိုတုံ့ပြန်မှုအနေဖြင့် consumer တွေရဲ့ရွေးချယ်မှုတွေဟာ ပြောင်းလဲလာခဲ့ပါတယ်။ဒါ့အပြင် အွန်လိုင်းမှဈေးဝယ်ခြင်းကလည်း ဘေးကင်းလုံခြုံမှုနှင့် သက်သာလွယ်ကူမှုများကြောင့် အားထားရတဲ့ ရွေးချယ်စရာတစ်ခုဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပြီးဖြစ်ပါတယ်။ဝယ်ယူမှုအကြိမ်ရေ နည်းသေးတဲ့ ဈေးဝယ်သူတွေကြားမှာပင်လျှင် eCommerceနဲ့ contactless (ထိတွေ့စရာမလို)တဲ့အရောင်းလမ်းကြောင်းတွေကို ရှေးရှုပြီး မကြုံစဖူးပြောင်းလဲမှုတစ်ရပ်ကို မျက်မြင်တွေ့ကြုံနေကြရပါတယ်။ရလဒ်အနေနဲ့ကတော့ Digital နည်းဖြင့် လက်လီရောင်းချခြင်းဟာ လျင်မြန်စွာပဲ မရှိမဖြစ်အရာတစ်ခု ဖြစ်လာပါတယ်။

Digital လက်လီရောင်းချမှုနည်းစနစ်တွေမှာ စနစ်တစ်ခုလုံးကို လုံးဝပြောင်းလဲစေမယ့် တီထွင်ဆန်းသစ်မှုတွေကို ဖန်တီးနိုင်ဖို့ အလားအလာရှိပါတယ်။ စားသုံးသူတွေအတွက်ကတော့ AI မှစတင်ပြီး မိုဘိုင်းဖုန်းအတွင်း လုပ်ဆောင်နိုင်တဲ့ ဈေးဝယ်ထွက်ခြင်းနဲ့ အခြားရွေးချယ်စရာတွေအထိ မြင့်မားတဲ့ Digital နည်းပညာဖြင့် ဈေးဝယ်ထွက်ခြင်းအတွေ့အကြုဲံတွေ ကိုဆိုလိုခြင်းဖြစ်ပါတယ်။ လက်လီရောင်းချသူတွေ အတွက်ကတော့ ဈေးဝယ်သူတွေနဲ့ တိုက်ရိုက်ထိတွေ့ခွင့်ရစေဖို့၊ ဝန်ထမ်းတွေ ဘေးကင်းလုံခြုံစေဖို့၊ စတိုးဆိုင်တွေဖွင့်လှစ်နိုင်ဖို၊ အမှတ်တံဆိပ်တွေတိုးတက်စေဖို့နဲ့ အနာဂတ်မှာ ပြိုင်ဘက်တွေထက် သာလွန်စေရန် တည်ဆောက်ဖို့အတွက် နည်းပညာတွေကို ဆိုလိုခြင်းဖြစ်ပါတယ်။ဒါ့အပြင် လက်လီရောင်းချသူကလည်းကွဲပြားတဲ့ အမှတ်တံဆိပ်ဆိုင်ရာ အတွေ့အကြုံတွေကို စားသုံးသူတွေထံသို့ အရောင်းလမ်းကြောင်းတွေအားလုံးပေါ်ကနေ ပို့ဆောင်ပေးနိုင်စွမ်းအတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်တဲ့ Omnichannel လက်လီmodel ကို  တွန်းအားပေးနိုင်ဖို့ Digital နည်းဗျူဟာတွေမှာ အလားအလာရှိပါတယ်။ဈေးဝယ်ထွက်ခြင်းအတွေ့အကြုံမှာ Digital အရမွမ်းမံမှုတွေ ပိုမိုထည့်သွင်းခြင်းဖြင့် လက်လီရောင်းချသူတွေဟာ မိမိတို့၏ဝယ်သူတွေနဲ့သက်ဆိုင်တဲ့ ကျယ်ပြန့်တဲ့ ကုန်ပစ္စည်းအကြံပြုချက်တွေ၊ အထူးပရိုမိုးရှင်းတွေအပါအဝင် အသုံးဝင်တဲ့ သုံးသပ်ချက်တွေကို ရယူနိုင်၊ သတင်းအချက်အလက်တွေကို ပိုမိုစုဆောင်းနိုင်ပြီး အမှတ်တံဆိပ်တွေအနေနဲ့ မိမိတို့၏ဝယ်သူတွေကို ပိုမိုပြီး ပုဂ္ဂိုလ်ရေးဆန်တဲ့အဆင့်အထိ ဝန်ဆောင်မှုပေးနိုင်မှာဖြစ်ပါတယ်။

Omnichannel Model ရဲ့အကျိုးကျေးဇူးများ

Omnichannel business model ကို အသုံးပြုရာတွင် ရေတွက်လို့မရနိုင်သောအကျိုးကျေးဇူးများရရှိပါသည်။ပထဆုံးအနေနဲ့ကတော့ omni channel model ဟာတကယ်ပဲ အလုပ်ဖြစ်ပါတယ်။ဒုတိယအနေနဲ့တော့ အောင်မြင်မှုရ ရှိစေဖို့ ပံ့ပိုးပေးမယ့် နည်းပညာအပေါ် အပြည့်အဝရင်းနှီးမြုပ်နှံတဲ့ လက်လီရောင်းချသူတွေအတွက် ပြိုင်ဘက်တွေထက်သာလွန်စေမှုကို ပေးစွမ်းနိုင်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေအတွက် ဝယ်သူတွေရဲ့ စွဲမြဲစွာဝယ်ယူ အားပေးမှု တိုးလာအောင် Omnichannelရဲ့ လုပ်နိုင်စွမ်းတွေနဲ့ Digital နည်းပညာရဲ့ သွင်ပြင်လက္ခဏာကိုဆောင်တဲ့ အနာဂတ်လက်လီရောင်းချခြင်းဆိုင်ရာ နည်းဗျူဟာမှ ဆောင်ရွက်ပေးပါတယ်။ Gartner ရဲ့ဆိုစကားအရ Omnichannel ရဲ့ဝယ်သူနဲ့တိုက်ရိုက်ထိတွေ့မှု နည်းဗျူဟာကိုသုံးတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ သူတိုရဲ့ ၈၉ရာခိုင်နှုန်းသော ဝယ်သူတွေကို အဆက်မပြတ် ထိန်းထားနိုင်ပါတယ်။ဒါ့အပြင် ခိုင်မာတဲ့ Omnichannel လုပ်ငန်းလည်ပတ်မှုမော်ဒယ်တွေရဲ့ အခြေခံအုတ်မြစ်ဟာဆိုရင် Digital solution တွေဖြစ်ပါတယ်။နည်းပညာအသစ်ကို မြတ်နိုးသုံးစွဲတဲ့ လက်လီရောင်းချသူတွေ၊ ဥပမာအားဖြင့် “Digital disruptors” တွေဟာ ယနေ့ခေတ်ရဲ့ ဈေးဝယ် ခြင်းအတွေ့အကြုံတွေမှာ ဝယ်သူတွေရဲ့အလိုအပ်ဆုံးတွေကို သက်တောင့်သက်သာ ပေးစွမ်းရာမှာ ဦးဆောင်လမ်းပြဖြစ်လာနိုင်မယ့် အမှတ်တံဆိပ်တွေပဲဖြစ်ပါတယ်။

ဝယ်သူလမ်းကြောင်းအသစ်

ခေတ်သစ်စျေး၀ယ်သူတွေကို ဝန်ဆောင်မှုပေးရာတွင်  လက်လီရောင်းချသူတွေအနေနဲ့ ဝယ်သူရဲ့ ဈေးဝယ်နည်းနဲ့ ဝယ်သူတွေအတွက် ဘယ်အရာကအရေးကြီးဆုံးလဲဆိုတာကို ပိုပြီးကောင်းမွန်စွာသိနားလည်နေဖို့ လိုအပ်ပါတယ်။ဒီလိုဝယ်သူနဲ့ပတ်သက်ပြီး ထိုးထွင်းအမြင်ရှိခြင်းဟာ မှန်ကန်တဲ့ကုန်ပစ္စည်းတွေနဲ့ ပရိုမိုးရှင်းတွေကို မှန်ကန်တဲ့အချိန်မှာ တင်ဆက်ပြသနိုင်ဖို့သာ အရေးပါရုံတင်မကပဲ ဝယ်သူတွေက အွန်လိုင်း၊ လူကိုယ်တိုင်၊ မြို့တွင်းအိမ်အရောက်ပို့ဆောင်မှု (သို့) ကိုယ်တိုင်သွားယူခြင်း အစရှိတဲ့ လမ်းကြောင်းတွေထဲကမှ ဘယ်လိုလမ်းကြောင်းမျိုးကို ပိုပြီးရွေးချယ်လိုလဲဆိုတာကို နားလည်ဖို့လည်း ပိုအရေးကြီးပါတယ်။

ဝယ်သူလမ်းကြောင်းကို နားလည်ခြင်းဟာ ခေတ်သစ်ဈေးဝယ်သူတွေနဲ့ တိုက်ရိုက်ထိတွေ့မှုရနိုင်တဲ့ အဓိကတွန်းအားများထဲက တစ်ခုဖြစ်ပါတယ်။ဒီလိုနည်းနဲ့ စားသုံးသူတွေနဲ့ ဆိုင်တွေရဲ့ အပြန်အလှန်ဆက်ဆံရေးနဲ့ တိုက်ရိုက်ထိတွေ့မှုတွေဟာ ပြောင်းလဲခဲ့ပါတယ်။ နည်းပညာဟာ နည်းလမ်းပေါင်းစုံနဲ့ စားသုံးသူတွေအပေါ် လွှမ်းမိုးထားခဲ့စဥ် တစ်ချိန်တည်းမှာပဲ လက်လီရောင်းချသူတွေ ‌ခေတ်မီလာစေဖို့နဲ့ တိုးတက်လာစေဖို့အတွက် လမ်းကြောင်းသစ်တွေကို ဖွင့်ပေးခဲ့ပါတယ်။

ခေတ်သစ်စားသုံးသူတွေအတွက် DIGITAL TOOLS များ

iVend Cloud ဟာဆိုရင် cloud ကိုအခြေခံတဲ့ စီမံခန့်ခွဲ ဝန်ဆောင်မှုတစ်ရပ် ဖြစ်ပါတယ်။ စီမံခန့်ခွဲ ဝန်ဆောင်မှုမှာ hosted infrastructure မှတစ်ဆင့် ထုတ်လွှင့်ပေးတဲ့ enterprise-class လက်လီအရောင်းလုပ်ငန်းစီမံခန့်ခွဲမှု application ဖြစ်တဲ့ iVend Retail 6.6 ရဲ့ omnichannel လုပ်ဆောင်နိုင်စွမ်းတွေ အကုန်လုံးကိုခြုံငုံပြီး ရရှိနိုင်ပါတယ်။ 

iVend Cloud ဟာ Microsoft Azure နဲ့ပူးပေါင်းလက်တွဲပြီး host အဖြစ်ရယူထားပါတယ်။ Microsoft Azure ဟာ ကမ္ဘာပေါ်မှာအကြီးဆုံးနဲ့ လုံခြုံရေးအမြင့်ဆုံး cloud provider ဖြစ်ပြီး compliance offerings ပေါင်း ၉၀ ကျော်နဲ့ အခြား cloud provider တွေထက် ပိုမိုများပြားတဲ့ အချက်အလက် center တွေ နေရာဒေသအနှံ့အပြားမှာ ရှိနေပါတယ်။

iVend Cloud နဲ့ဆိုရင်တော့ လက်လီရောင်းချသူတွေဟာ ဘယ် Internet browser နဲ့မဆို လက်လီရောင်းချမှုစနစ်က လုပ်ဆောင်ချက်တွေကို အပြည့်အဝကြည့်ရှုနိုင်ပြီး ဈေးကွက်အတက်အကျများကိုလည်း အလိုက်သင့်တုံ့ပြန်လာနိုင်မှာ ဖြစ်ပါတယ်။

iVend Cloud မှာအကုန်ပါရှိပြီးသားဖြစ်တာကြောင့် iVend Cloud ရဲ့ဝယ်သူတွေအနေနဲ့ မိမိတို့ လက်လီအရောင်းစီးပွားရေး၏ ရုံးခန်းဆိုင်ရာလုပ်ဆောင်ချက်တွေကိုပံ့ပိုးဖို့ အတွက်ကွန်ပြူတာ များနှင့် အဆောက်အအုံများကို ရင်းနှီးမြုပ်နှံရန်မလိုအပ်ပါ။iVend Cloud ရဲ့ဝယ်သူတွေဟာ iVend Point of Sale ကိုရှိပြီးသား ကွန်ပြူတာမှာပင်  Wi-Fi connection သုံးကာ iVend Cloud ပေါ်မှာပင်လွယ်ကူစွာ အဆက်အသွယ်လုပ်နိုင်ပါတယ်။

 iVend Cloud licensing တွင်အောက်ပါအတိုင်းပါဝင်ပါတယ်။

  • Comprehensive Application Management Services

Application စီမံခန့်ခွဲရေးဝန်ဆောင်မှုတွေဟာ ပုံမှန် licensing တွင်ပါဝင်ပြီး၊ , လက်လီအရောင်းစီးပွားရေးအတွက် တိုးချဲ့ထားတဲ့အိုင်တီအဖွဲ့ဖြစ်လာတဲ့ iVend လက်လီရောင်းချခြင်း Application အဖွဲ့မှ လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။

  • Complete Infrastructure Management  

စီမံခန့်ခွဲမှုအပြည့်အစုံကိုသတ်မှတ်ထားတဲ့ ကျွမ်းကျင်ပညာရှင်များအဖွဲ့မှ လုပ်ဆောင်ပေးသွားမှာဖြစ်ပြီး ကွန်ပြူတာတွေနှင့်ဆက်စပ်ပြုပြင်ထိန်းသိမ်းမှုတွေ ရယူနိုင်ဖို့ လိုအပ်တဲ့ရင်းနှီးမြှုပ်နှံမှုကို ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။

  • Support365 Standard အပေါ်အခြေခံပြီး ၂၄နာရီလုံး ပံ့ပိုးsupport ရရှိမှာ ဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းအတွက် ရလဒ်တွေပေးပို့မှုကို အရှိန်မြှင့်တင်ခြင်း

လိုက်လျောညီထွေမှု ရှိ ခြင်း– Cloud ပေါ်မှာ လက်လီအရောင်းဆိုင်ထားရှိခြင်းဖြင့် စီမံခန့်ခွဲရေးမှ ကုမ္ပဏီရဲ့စွမ်းဆောင်ရည်ဆိုင်ရာ အချက်အလက်တွေကို နေရာတိုင်း၊ အချိန်တိုင်းမှာ လှမ်းဝင်ရောက်ကြည့်ရှုနိုင်ပြီး တိုးတက်လာတဲ့ အလုပ်လုပ်နိုင်စွမ်းနဲ့ ဝယ်သူတွေအတွက် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ရရှိလာနိုင်စေပါတယ်။

 တိုးတက်လာတဲ့ စွမ်းဆောင်ရည်များ – Cloud ပေါ်မှ လက်လီရောင်းချခြင်းဖြင့် အမြန်နှုန်းနဲ့ ပေါ့ပါးသွက်လက်မှုကို တိုးစေပြီး ယေဘုယျအားဖြင့် ပိုမိုအကျိုးရှိတဲ့ ကွန်ပြူတာအသုံးပြုနှုန်းများကို ရံဖန်ရံခါရရှိစေမှာ ဖြစ်ပါတယ်။

တိုးမြှင့်ထားတဲ့ လုံခြုံရေးစနစ် – လုံခြုံရေးစနစ်အထပ်ထပ်ကို လွယ်လွယ်ကူကူ အကောင်အထည်ဖော်နိုင်ပြီး ဝန်ထမ်းတွေအနေနဲ့လည်း အပြင်သို့ပျံ့နှံ့နိုင်ခြေကို လျှော့ချပေးတဲ့ end-to-end encryptionဖြင့် ကုမ္ပဏီအတွင်းမှာ သတင်းအချက်အလက်တွေကို လုံခြုံစွာနဲ့ပြောင်းရွေ့နိုင်ပါတယ်။

လက်လီရောင်းချခြင်းကို Cloud ပေါ်မှာ တွေ့ကြုံခံစားကြည့်လိုက်ပါ

စီးပွားရေးလုပ်ငန်းအတွက် ရလဒ်တွေရရှိစေဖို့  iVend Cloud ကနေ ဘယ်လိုကူညီပေးနိုင်ပါသလဲ?  လက်လီရောင်းချသူ လုပ်ငန်းရှင်တွေမှ လျင်လျင်မြန်မြန်နဲ့ ကိုင်တွယ်ထိန်းချုပ်နိုင်ပြီး ဈေးသက်သာတဲ့ ပုံစံဖြင့် မိမိတို့၏ consumer များနဲ့ ဝန်ထမ်းများဆီသို့ လုပ်ဆောင်နိုင်စွမ်းအသစ်များကို ပေးပို့နိုင်တဲ့စွမ်းရည်ကို အရှိန်မြှင့်တင်နိုင်ဖို့ iVend Cloud ကနေ  SaaS မော်ဒယ်အသစ်ကို leverage ပြုလုပ်ပေးထားပါတယ်။

#iVend #SmartRetail #VanguardMyanmar

ပြောင်းလဲမှုကို ဦးဆောင်ရာတွင် CEO တစ်ယောက် ၏အခန်းကဏ္ဍ

CEO တစ်ယောက်သည် ပြောင်းလဲမှုတစ်ခုကို ပြုလုပ်ရာမှာ ပြောင်းလဲမှု၏အရေးပါခြင်းကို Team အား နားလည်အောင် ဝေမျှပေးခြင်း ၊ ပြောင်းလဲလိုသည့် ပုံစံ (Model) ကို သတ်မှတ်ခြင်း၊ ခိုင်မာသော Team တစ်ခုကို တည်ဆောက်ခြင်း၊ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခြင်းတို့ကို ပြုလုပ်ပြီး အဆိုပါပြောင်းလဲမှုကို အောင်မြင်အောင် လုပ်ဆောင်နိုင်စွမ်းရှိကြပါတယ်။
ယနေ့ ခေတ်ရဲ့ စီးပွားရေးလောကမှာ ထိပ်ဆုံးနေရာမှာတည်မြဲဖို့ရန်အတွက် ပုံမှန်တိုးတက်နေရုံနဲ့မလုံလောက်တော့ပဲ မိမိ၏ လုပ်ဆောင်နိုင်စွမ်းတွေကို ပြောင်းလဲပစ်ဖို့ မကြာခဏ လိုအပ်လာပါလိမ့်မယ်။ ပြောင်းလဲမှုများကို ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ အများအပြား ဖော်ပြလေ့ရှိသော်လည်း အရေးကြီးတဲ့သူတစ်ယောက်၏ အခန်း ကဏ္ဍကို တော့ မေ့လျော့ထားကြပါတယ်။
CEO တစ်ယောက်အနေနဲ့ ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ? CEO တစ်ယောက်က ဘာတွေလုပ်သင့်လဲ၊ CEO နဲ့ Executive အဖွဲ့အစည်းတွေရဲ့ အခန်း ကဏ္ဍဟာ ဘယ်လိုကွာခြားလဲဆိုတာ မေးခွန်း ထုတ်စရာဖြစ်လာ ပါတယ်။

များစွာသော Executive များရဲ့ ဖြေဆိုထားသော အင်တာဗျူးများနှင့် ကိုယ်ပိုင်အတွေ့အကြုံကို အခြေခံကာ အောင်မြင်မှုအတွက် သီးသန့်သတ်မှတ်ထားသော နည်းလမ်း၊ တသတ်မတ်တည်း စံနမူနာပုံစံ မရှိတာကိုတွေ့လာရပါတယ်။ ဒါ့အပြင် ကိစ္စအကြီး၊ အသေး အပေါ်မူတည်ပြီး လျင်မြန်စွာ ဆောင်ရွက်ဖြေရှင်းပေးနိုင််ပုံ၊ ဖြစ်ပေါ် နေသော ပြောင်းလဲမှုပေါ်လိုက်ပြီး ဆောင်ရွက်နိုင်ပုံ၊ အဖွဲ့အစည်းတစ်ခု အောင်မြင်နိုင်ချေ စတဲ့ အကြောင်း အရာများဟာ CEO တစ်ယောက်ကို လွှမ်းမိုးမှု ရှိလာနိုင်ပါတယ်။ဘယ်လိုပင် ပြောင်းလဲနေစေကာမူ၊ ဆယ်စုနှစ်တစ်စုကျော်ကြာ လေ့လာထားခဲ့သော Research များနဲ့ ကိုယ် တိုင်ကြုံ တွေ့ခဲ့သော အတွေ့အကြုံ များမှတဆင့် ပြောင်းလဲမှုတစ်ခုတွင် အောင်မြင်သော CEO တစ်ယောက်ရဲ့အခန်းကဏ္ဍများကို အောက်ပါ အချက် (၄) ချက်ဖြင့် ဖော်ပြပေးလိုက်ပါတယ်။

✔️ ပြောင်းလဲမှုလုပ်ဆောင်ရာတွင် အဓိပ္ပါယ်ရှိအောင် လုပ်ဆောင်ပါ။
အောင်မြင်လာအောင် CEO တစ်ယောက် အနေဖြင့် ကိုကိုယ်တိုင်ပြောင်းလဲမှုကို ဖန်တီးချင်စိတ်ရှိပြီး အခြား သူများကိုလည်း ပြောင်းလဲဖို့ စွဲဆောင်နိုင်ဖို့လိုပါတယ်။ သူတို့ရဲ့ရည်မှန်းချက်များကို အောင်မြင်မှုများ ဖြစ်ပေါ်လာစေဖို့အတွက် အထောက်အပံ့ပေးနိုင်မည့်သူ ဖြစ်ဖို့လိုအပ်ပါတယ်။
ပြောင်းလဲမှုကို လုပ်ဖို့အတွက် လုပ်ဆောင်စရာတွေဟာ ယခင်ကထက်ပိုလာပါတယ်။ ဝန်ထမ်းတွေဟာ နေ့စဉ်လုပ်ဆောင်စရာ ကိစ္စရပ်များကို လုပ်ဆောင်နေစဉ်မှာလဲ မိမိရဲ့ လုပ်ငန်းသဘောတရားကို ပြန်လည် စဉ်း စားသုံးသပ်မှုများ မဖြစ်မနေပြုလုပ်ရန် လိုအပ်ပါတယ်။ ဒီလိုမျိုးလိုလုပ်ဖို့ အင်အားတွေ ဘယ်ကရ နိုင်မလဲ။ ပြောင်းလဲမှုနဲ့ပတ်သက်တဲ့ Story တွေကိုပြောပြခြင်းက ဝန်ထမ်းတွေအတွက် ပြောင်းလဲမှုကို ယုံယုံကြည်ကြည်လုပ်ဆောင်နိုင်ဖို့ အင်အားတွေကို ပေးစွမ်းနိုင်ပါတယ်။
ဒီလိုကြိုးစားအားထုတ်မှုတွေကနေတဆင့် ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေဟာ ကုမ္ပဏီအပေါ်ဘယ်လို အကျိုးသက်ရောက်မှုရှိနိုင်မလဲဆိုတာကနေ ဝန်ထမ်းတွေအပေါ်မှာလည်း ဘယ်လို အကျိုးသက်ရောက်မှုရှိနေ မလဲဆိုတာတဲ့ Story တွေကို ပြောပြနိုင်ပါတယ်။

✔️ စံနမူနာယူထိုက်တဲ့ အတွေးအခေါ်နဲ့ အမူအကျင့်ကို တည်ဆောက်ပါ။
အောင်မြင်နေတဲ့ CEO တွေဟာ ကိုယ်ကိုတိုင်လည်းပဲ ပြောင်းလဲမှုတွေကို ဖန်တီးလုပ်ဆောင်ရတာကို ကြိုက် နှစ်သက်လေ့ရှိပါတယ်။ ဝန်ထမ်းတွေကို ကောင်းမွန်စွာအလုပ်လုပ်နိုင်ရန်နှင့် ကောင်းမွန်သော အလေ့အကျင့်၊ အပြုအမူများကို ကျင့်သုံးကျရန် အမြဲတမ်း အားပေးလေ့ရှိကြပါတယ်။ ငါတို့ ဘာတွေကို ပြောင်းလဲနေကြလဲ၊ ပန်းတိုင်ကို ရောက်အောင် ဘယ်လို သွားကြမလဲ၊ ဒီပြောင်းလဲခြင်းက တဦးတယောက်စီနဲ့ ဘယ်လိုသက်ဆိုင်နေလဲ စတဲ့မေးခွန်းတွေကို ဝန်ထမ်းတွေနဲ့ ဝေမျှထားဖို့လိုပါတယ်။ တချို့ CEO တွေက သူတို့ရဲ့ ကိုယ်ပိုင်ဘဝက ပြောင်းလဲခြင်း Story တွေနဲ့ စံနမူနာပြကြပါတယ်။ Klaus Zumwinkel ( Chairman and CEO of Deutsche Post)ရဲ့ အတွေ့အကြုံအရ တောင်တက်အားကစားနဲ့ ပတ်သက်ပြီး သူရဲ့ စိတ်အားထက်သန်မှုက သူ့ကုမ္ပဏီကို ပြောင်းလဲနိုင်ခဲ့တဲ့ အင်အားတွေနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

✔️ အရည်အချင်းရှိပြီး သစ္စာရှိတဲ့သူတွေနဲ့ ထိပ်တန်းအဖွဲ့တစ်ခု တည်ဆောက်ပါ။
CEO ရဲ့ အဖွဲ့ဟာ အပြောင်းအလဲတွေကို ဦးဆောင်မှုပြုရာမှာ တန်ဖိုးရှိတဲ့ Asset လို့ဆိုနိုင်ပါတယ်။ လူတော်တွေလိုအပ်သလို အဖွဲ့အစည်းစိတ်ဓာတ်နဲ့ လုပ်နိုင်မယ့် လူတွေလည်း လိုအပ်ပါတယ် လို့ Deutsche Post’s ရဲ့ Chairman ဖြစ်သူ Zumwinkel က အကြံပြုထားပါတယ်။ အဓိပ္ပာယ်ရှိတဲ့ Story တွေကိုမျှဝေပေးခြင်းနဲ့ မှန်ကန်တဲ့ Role တွေကို ပုံစံချမှတ်ခြင်းတို့ က CEO နဲ့ သူ့အဖွဲ့ကို ဖွဲ့စည်းရာမှာ အောင်မြင်မှု ရဖို့ ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းကို ရရှိစေပါတယ်။

✔️ မဆုတ်မနစ် ဆောင်ရွက်ပါ။
လူတိုင်းလူတိုင်းဟာ ပြောင်းလဲမှုတွင် တစ်နည်းမဟုတ် တစ်နည်း ပါဝင်နေပါတယ်။ ပိရမစ်ပုံစံနှင့် နှိုင်းယှဉ်မယ်ဆိုရင် CEO တစ်ယောက်ရဲ့ အခန်းကဏ္ဍဟာ ပိရမစ်ရဲ့ ထိပ်ဆုံးပိုင်းမှာရှိနေပြီး အဖွဲ့အစည်းအတွင်းရှိ အခြားအဖွဲ့ဝင် များဟာ CEO မှတဆင့် လွှဲအပ်လာသော ဆောင်ရွက်စရာကိစ္စရပ်များကို ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ လက် တွေ့ပါဝင်ဆောင်ရွက်ခြင်းမရှိဘဲ ပါးစပ်နဲ့ပဲ ညွှန်ကြားနေတဲ့ CEO တွေ အနေနဲ့ သူ့လို အမှန် တကယ် အလုပ်လုပ်ကိုင်ခြင်းမရှိတဲ့ ဝန်ထမ်းများနဲ့သာ ကြုံတွေ့ရတတ်ပါတယ်။ ထူးချွန်သော ခေါင်းဆောင် များကသာ ပြောင်းလဲမှုများအတွက် အမှန်တကယ််လိုအပ်တဲ့ အချိန်ကို တိတိကျကျ မှန်မှန်ကန်ကန် အသုံးချနိုင်တဲ့သူတွေကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

🔺 စည်းလုံးမှု ၊ စိတ်အားထက်သက်မှု ၊ ကတိတည်မှု ၊ မဆုတ်မနစ် ဆောင်ရွက်နိုင်မှု စတာတွေဟာ အပြောင်းအလဲ တစ်ခုကို အောင်မြင်စွာ ဖော်ဆောင်ရာမှာ အရေးပါပြီး CEO တစ်ယောက်အနေနဲ့ Company ပေါ်ကို အကျိုးသက်ရောက်မှုရှိစေမယ့် အစားထိုးမရတဲ့ အရည်အသွေးတွေပဲ ဖြစ်ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေနဲ့အတူ အပြောင်းအလဲတွေကို ဦးဆောင်ရာမှာ CEO တွေအတွက် တိတိကျကျ သတ်မှတ်ထားတဲ့ အောင်မြင်မှု နည်းလမ်းတွေမရှိပေမယ့် အပြောင်းအလဲကို အဓိပ္ပာယ်ရှိရှိ လုပ် ဆောင်နိုင်မှု၊ စံနမူနာ ပြုထိုက်တဲ့ အပြုအမူ အတွေးအခေါ်များ ဖြင့် ဦးဆောင်နိုင်မှု ၊ အရည်အချင်းပြည့်ဝပြီး သစ္စာရှိသော ၀န်ထမ်းများကို ဖွဲ့စည်းဦးဆောင် နိုင်မှု ၊ မဆုတ်မနစ် ဆောင်ရွက်နိုင်မှု စတဲ့ ခေါင်းဆောင်မှု အရည် အချင်းတွေဟာ CEO တွေရဲ့ အပြောင်းအလဲ လုပ်ဆောင်ရာမှာ အောင်မြင် တိုးတက်စေနိုင်တဲ့ အချက်တွေပဲ ဖြစ် ပါတယ် ။

Credit to – McKinsey’s Article.
#SAP #ERP #HRM #VanguardMyanmar #SAPMyanmar

Financial Analysis & Planning With SAP Analytics Cloud

SAP Analytics Cloud is a leading planning and analytics tool for business performance.

SAP Analytics Cloud helps you:
1. Set goals and strategic plans
2. Analyze budget and set allocations
3. Compare budget, actual, and forecast your financials.

See the following Video Demo for Financial Analysis and Planning