Business Transformation တစ်ခုက ဘယ်လောက် ခက်ခဲလဲ၊ ဒါကို Huawei က ဘယ်လိုကျော်လွှားနိုင်ခဲ့လဲ…

ကမ္ဘာတဝှမ်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ လုပ်ငန်းရဲ့ရေရှည် ဖွံဖြိုးတိုးတက်မှုအတွက် ဒီဂျစ်တယ် ပြောင်းလဲမှု (Digital Transformation) တွေပြုလုပ်နေကြစဉ်မှာ Huawei ကုမ္ပဏီ အနေနဲ့လည်း ဒီဂျစ်တယ်ပြောင်းလဲမှုကို လုပ်ဆောင်ခဲ့ပါတယ်။ Business Operation တွေနဲ့ Transformation တွေကို ဖော်ဆောင်ဖို့ Huawei လို ကုမ္ပဏီကြီးမှာ အရင်က လက်တွန့်နေခဲ့တာမျိုး ရှိခဲ့ပါတယ်။ပြီးခဲ့တဲ့ အနှစ် (၃၀) အတွင်းမှာ Huawei တရှိန်ထိုး တိုးတက်ပြောင်းလဲလာခဲ့တာကို တကမ္ဘာလုံးက သတိထားမိကြပါလိမ့်မယ်။ ဒါပေမယ့် Huawei အနေနဲ့ ဒီလို ပြောင်းလဲမှု အသီးအပွင့်ကို ခံစားနိုင်ဖို့ Digital Transformation နဲ့ဆိုင်တဲ့ Direction တွေကို ဘယ်လို စနစ်တကျ လိုက်နာ ဆောင်ရွက်ခဲ့လဲဆိုတာကိုတော့ သိတဲ့သူနည်းပါတယ်။

ယခုဆောင်းပါးမှာ Huawei က Digital Transformation ကို အကောင်အထည်ဖော်ဆောင်နေစဉ်မှာ ဘာတွေ တွေ့ကြုံခဲ့လဲ၊ ဘာတွေ လုပ်ဆာင်ခဲ့လဲဆိုတာကို‌ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Huawei Digital Transformation ရဲ့ ရည်မှန်းချက် ပန်းတိုင် (Goal of Digital Transformation)

လုပ်ငန်းစုကြီး တစ်ခုလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖို့နဲ့ Business Operation တွေကို ပိုပြီး ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ ဖြစ်ပါတယ်။ ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ (Transformation Strategy) – IT Architecture မှာ အဓိက ပြောင်းလဲမှု (၃)ခုကို လုပ်ဆောင်ခဲ့ပြီး ဖော်ပြပါ စိန်ခေါ်မှုတွေကို ကြုံတွေ့ခဲ့ရပါတယ်။

ပြောင်းလဲမှု (၁) ။ ။ သမားရိုးကျ Closed Architecture ကို Cloud မှာ အခြေခံထားတဲ့ Service-Oriented Open Architecture အဖြစ် ပြောင်းလဲရာမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုများ

သမားရိုးကျအသုံးပြုနေတဲ့ တခြားဘာ System နဲ့မှ ချိတ်ဆက်ထားခြင်းမရှိတဲ့ IT Architecture (တစ်နည်းအားဖြင့် Closed Architecture) ကို အစတည်းက Closed system တွေဖြစ်နေတဲ့အတွက် IT system တွေအချင်းချင်းလည်း မချိတ်ဆက်နိုင်တော့ပါဘူး။ System အချင်းချင်းလည်း Information တွေလည်း မရနိုင်တော့ပါဘူး။ စရိတ်စက များစွာ အကုန်အကျခံပြီး နည်းပညာကို မြှင့်တင်လိုက်ပေမယ့် ဒီလိုမျိုး စိန်ခေါ်မှုတွေကလည်း ရှိနေပါတယ်။ Huawei အနေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။

ဒါ့အပြင် လုပ်ငန်းစုတစ်ခုလုံး တပြိုင်တည်း ပြောင်းလဲလိုက်တဲ့အခါမှာ လုပ်ငန်းဌာနအသီးသီးမှာ ရှိတဲ့ ဝန်ထမ်းတွေက IT System တွေကို အသုံးပြုရာမှာ အလွန် ရှုပ်ထွေးကုန်ပါတယ်။ စွမ်းဆောင်ရည်မြင့်မားတဲ့ High-Speed System တွေကို ပြောင်းလဲလိုက်ပေမယ့် တစ်ဖက်မှာလည်း လုပ်ငန်းလိုအပ်ချက်တွေကို ဖြည့်ဆည်း လုပ်ဆောင်နိုင်ဖို့ အချိန်ထပ်ကြာသွားပါတယ်။ ဒါကလည်း Transformation လုပ်ချင်တဲ့ လုပ်ငန်းရှင်တွေအတွက် သတိထားရမယ့် တစ်ချက်ပါပဲ။

ဉပမာ_ Business Transformation ကာလမှာပဲ Huawei ရဲ့ ဖုန်းလုပ်ငန်းကလည်း တရှိန်ထိုး ဖွံ့ဖြိုးတိုးတက်လာခဲ့တယ်။ Huawei လုပ်ငန်းစုတစ်ခုလုံး Business Transformation လုပ်လိုက်တဲ့အတွက် အခက်အခဲတွေကိုရင်ဆိုင်နေရတဲ့အချိန်မှာ တစ်ဖက်မှာလည်း တရှိန်ထိုး ဖြိုးတိုးတက်နှုန်းနဲ့ အတူတက်လာတဲ့ ဝယ်လိုအားတွေကို သေချာ Support မလုပ်နိုင်ခဲ့ပါဘူး။

တကယ်လို့သာ Business Transformation မှာ မြှင့်တင်လိုက်တဲ့ IT Facility တွေကို ဝန်ထမ်းတွေ အသားကျအောင်ကြိုတင်ပြင်ထားမယ်၊ လုပ်ငန်းစုတစ်လုံးမဟုတ်ဘဲ Business Unit တစ်ခုချင်းစီ အဆင့်ဆင့် Transformation လုပ်မယ်ဆိုရင် Huawei အနေနဲ့ တရှိန်ထိုး ဖွံ့ဖြိုးတိုးတက်လာတဲ့ အခွင့်အရေးကို အကောင်းဆုံး ကိုင်ဆုပ်နိုင်မှာဖြစ်တယ်။

ပြောင်းလဲမှု (၂) ။ ။ User Experience ကိုဦးတည်လိုက်တဲ့အခါ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုများ

IT Application တစ်ခုကို Develop လုပ်တဲ့အခါ R & D အင်ဂျင်နီယာ (Research & Development Engineer) တွေကပဲ ဒီ Application ကို ဘယ်လိုလူတွေက သုံးကြမလဲ၊ ဘယ်နှစ်ယောက်သုံးကြမလဲဆိုတာကို သေချာသိရှိထားကြပါတယ်။ Application ရေးတဲ့ Developer တွေကလည်း Application ကို ရေးဆွဲရာမှာ User နဲ့ပတ်သက်တဲ့ အချက်အလက်အသုံးချမှုအပိုင်းမှာ အားနည်းချက်တွေရှိပါတယ်။အသုံးပြုသူတွေရဲ့ အကြောင်းကို သေချာသိထားကြတဲ့ အင်ဂျင်နီယာတွေကလည်း သူတို့ကိုယ်တိုင် Application ရေးဆွဲရာမှာ ပါဝင်လေ့ မရှိကြပါဘူး။ ဒါကြောင့် IT Team အနေနဲ့ အသုံးပြုသူတွေအတွက် အဆင်မပြေတဲ့ Application တွေကို ထုတ်မိတာမျိုးတွေ ဖြစ်လာပါတယ်။

ဒါကြောင့် User Experience (တစ်နည်း) Customer Experience ကို အလေးထားတဲ့ လုပ်ငန်းရှင်တိုင်းအတွက် ကြိုတင်စဉ်းစားစရာ ရှိပါတယ်။ ဘယ်လို Customer Segment မျိုးအတွက် ဘယ်လို ပြဿနာမျိုးတွေကို ဖြေရှင်းပေးမှာလဲ ဆိုတာဖြစ်ပါတယ်။

ပြောင်းလဲမှု (၃) ။ ။ User တွေနဲ့ချိတ်ဆက်ထားပြီး အချိန်နဲ့တပြေးညီ ဝန်ဆောင်မှုပေးနိုင်တဲ့ စနစ်သို့ ပြောင်းလဲရာမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုများ

Huawei ရဲ့ လုပ်ငန်းအတွင်းမှာပဲ ချိတ်ဆက် အလုပ်လုပ်နေတဲ့ စနစ်ကို ပြင်ပ User တွေနဲ့ချိတ်ဆက်ကာ အချိန်နဲ့တပြေးညီ ဝန်ဆောင်မှုပေးနိုင်တဲ့ စနစ်သို့ ပြောင်းလဲလုပ်ဆောင်စေခဲ့ပါတယ်။ ဥပမာ – Huawei Project တစ်ခုမှာ Partner တစ်ယောက်က ပါဝင်ချင်တဲ့အခါ Project နဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေကို ဘယ်လို သိရှိနိုင်မလဲ။ Huawei ရဲ့ Supplier ဖြစ်ချင်တဲ့ ကုမ္ပဏီတစ်ခုက သူတို့ရဲ့ Products တွေကို Huawei ကို ဘယ်လို မိတ်ဆက်ပေးနိုင်မှာလဲ။ Customer တွေက Huawei ဖုန်းနဲ့ ပတ်သက်တဲ့ နောက်ဆုံးပေါ် သတင်းအချက်အလက်တွေကို ဘယ်လို သိရှိနိုင်မှာလဲ စတဲ့ မေးခွန်းတွေအတွက် Real-Time Service System ကို ပြောင်းဖို့ လိုအပ်ခဲ့ပါတယ်။ ဒီလို ပြောင်းလဲရာမှာ စိန်ခေါ်မှု အချို့ကို ကြုံတွေ့ရပါတယ်။

ဥပမာ – User Query တွေဝင်လာတဲ့အခါ IT System တွေက User တွေကို အလိုအလျောက် ခွဲခြားသတ်မှတ်ပြီး User Location, Scenarios, Device အမျိုးအစားအလိုက် သင့်တော်တဲ့ Portal (ဥပမာ – ဝဘ်ဆိုက်) တွေကနေ Display လုပ်နိုင်ရမှာ ဖြစ်ပါတယ်။ User တွေ လိုအပ်တဲ့ Information တွေထက် ပိုတဲ့ Information တွေကို IT System တွေက ထောက်ပံပေးနိုင်ဖို့ လိုပါတယ်။ User တွေရဲ့ Identification ပေါ်မှာ မူတည်ပြီး Business Process တွေ၊ Business Operation တွေ၊ လိုအပ်တဲ့ Information တွေကို လိုအပ်တဲ့အချိန်တိုင်းမှာ အထောက်အပံ့ပေးနိုင်အောင် ပြောင်းလဲပြင်ဆင်သင့်တယ်ဆိုတာ Huawei ရဲ့ Digital Transformation မှာ တွေ့မြင်နိုင်ပါတယ်။

Cloud အမျိုးအစား ရွေးချယ်တဲ့ ကဏ္ဍ

လုပ်ငန်းတွေအနေနဲ့ Cloud ပေါ်ကို ရွှေ့တဲ့အခါ ဘယ်လို Cloud အမျိုးအစားကို ရွေးချယ်ဖို့ စဉ်းစားရပါတယ်။ Private Cloud လား၊ Hybrid Cloud လား ဒါမှမဟုတ် Public Cloud လားဆိုတာကို ကိုယ့်လုပ်ငန်းနဲ့ သင့်တော်မယ့် Cloud အမျိုးအစားကို ရွေးချယ်ရပါတယ်။

ဥပမာ – Huawei ရဲ့အရေးကြီးတဲ့ အချက်အလက်တွေကို ကာကွယ် သိမ်းဆည်းဖို့အတွက် Private Cloud ကို အသုံးပါတယ်။ ဒါပေမဲ့ အာဖရိကလိုနေရာမျိုးမှာ ကိုယ်ပိုင် Cloud နဲ့ IT Infra ဆောက်မယ်ဆိုရင် Network အရင်ဆောက်ဖို့လိုအပ်တာကြောင့် အချိန်ကုန်သက်သာမယ့် အမြန်ဆုံးနည်းလမ်းက Public Cloud Service ကို အသုံးပြုတာဖြစ်ပါတယ်။ ဒါကြောင့် Huawei အနေနဲ့ Public ပဲသုံးမယ်၊ Private ပဲ သုံးမယ်ဆိုပြီး တရားသေမသတ်မှတ်ဘဲ အခြေအနေ အချိန်အခါနဲ့ သင့်တော်မယ့် Cloud အမျိုးအစားကို ရွေးချယ်ကာ Multiple Cloud Environment တစ်ခုကို တည်ဆောက်ထားပါတယ်။

နိဂုံးချုပ်အနေနဲ့ Huawei ရဲ့ IT Evolution ကို အကူအညီ ဖြစ်စေခဲ့ပြီး တခြားလုပ်ငန်းတွေကို အတွက်လည်း အကူအညီဖြစ်စေမယ်လို့ ယူဆထားတဲ့ Huawei CIO ရဲ့ အကြံပြုချက် (၅)ချက်ကို ဖော်ပြပါမယ်။

၁) Digital Transformation ကို Business Department တွေကနေ ဦးဆောင်သင့်ပါတယ်။ Business Manager တွေက Digital Transformation ကတဆင့် Business Problem တွေကို ဘယ်လို ဖြေရှင်းမလဲ၊ Business Development တွေကို ဘယ်လို အထောက်အကူဖြစ်စေမလဲဆိုတာကို သိထားသင့်ပါတယ်။ IT Department တွေအနေနဲ့ Business Department တွေနဲ့ အနီးကပ် တွဲဖက် လုပ်ဆောင်သင့်ပြီး Transformation ကို ပိုပြီး မြန်ဆန်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

၂) User Experience ကို Transformation ရဲ့ ရည်မှန်းချက်ပန်းတိုင်တစ်ခုအနေနဲ့ သာမကပဲ Transformation အောင်မြင်မှုကိုတိုင်းတာတဲ့ အတိုင်းအတာတစ်ခု အဖြစ်နဲ့ပါ သတ်မှတ်သင့်ပါတယ်။ ဥပမာ User Experience ကို 8/10 ဖြည့်ဆည်းပေးနိုင်ခဲ့မယ်ဆိုရင် ကိုယ့်ရဲ့ Digital Transformation ကို ၈၀ % အောင်မြင်တယ်လို့ သတ်မှတ်တာမျိုး ဖြစ်ပါတယ်။

၃) Customer, Consumer, Partner, Supplier တွေနဲ့ ဝန်ထမ်းတွေအားလုံး ပါဝင်ဆက်နွယ်နေတဲ့ Multi-Ecosystem Platform အတွက် ရည်ရွယ်ပြီး Digital Transformation ကို လုပ်ဆောင်သင့်ပါတယ်။

၄) Business Object, Process တွေနဲ့ Rule တွေအကုန်လုံးကို ဒီဂျယ်တယ်ပုံစံပြောင်းလဲရာမှာ ထည့်သွင်း စဉ်းစားပြီး Digital Transformation ကို ဖော်ဆောင်ဖို့ လိုပါတယ်။

၅) လုပ်ငန်းတစ်ခုစီမှာ စံတစ်ခုသတ်မှတ်ပြီး Automation လုပ်လို့ရတဲ့ Fixed Business တွေ ရှိကြပါတယ်။ ဒီလို ပုံသေသတ်မှတ်လုပ်ဆောင်နိုင်တာအားလုံးကို Automation သို့ ပြောင်းလဲလိုက်ဖို့ လိုပါတယ်။

Huawei လို နည်းပညာမြင့်မားတဲ့ ကုမ္ပဏီကြီး အနေနဲ့တောင် Digital Transformation ကို လုပ်ဆောင်ရာမှာ မမျှော်လင့်ထားတဲ့ စိန်ခေါ်မှုတွေနဲ့ နှောင့်နှေးကြန့်ကြာတာတွေကို ကြုံတွေ့ခဲ့ရပါတယ်။။ ဒါကြောင့် မိရိုးဖလာလုပ်ငန်းတွေအနေနဲ့ Huawei ရဲ့ Digital Transformation စိန်ခေါ်မှုတွေ၊ ရင်ဆိုင်ဖြေရှင်ခဲ့ပုံတွေကို နည်းနာယူပြီး မိမိတို့ရဲ့ Digital Transformation ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ဖို့ ယခုဆောင်းပါးကို ရည်ရွယ် ဖော်ပြပေးလိုက်ပါတယ်။

မိတ်ဆွေတို့ အနေနဲ့ Business တွေ Digital Transformation ပြုလုပ်တဲ့နေရာမှာ Cloud နဲ့ ပတ်သက်တဲ့ Requirement တွေ၊ Business နဲ့ ပတ်သက်တဲ့ Requirement တွေအတွက် Business Solutions နဲ့ Consulting ရယူဖို့ စုံစမ်းချင်တယ်ဆိုရင်

📞 09 97724 2222
📩 contact@vanguardmm.com ကို ဆက်သွယ်နိုင်ပါတယ်။