2017 ရဲ့ ကမ္ဘာ့အကောင်းဆုံး ERP အဆင့်သတ်မှတ်ချက် report

Posted: September 28, 2017 at 5:05 am

2017 ရဲ့ ကမ္ဘာ့အကောင်းဆုံး ERP Systems အဆင့်သတ်မှတ်ချက်တွေကို Panorama Consulting Solution က ယခုလို ထုတ်ပြန်ခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းဆိုင်ရာ နည်းပညာများကို အသုံးပြုချင်ပြီး ဝယ်ယူဖို့ အလား အလာရှိသူများအနေနဲ့ ရာပေါင်းများစွာသော ERP Systems တွေ ရွေးချယ်စရာရှိနေမှာပါ။ တစ်ကယ်တော့ Panorama Consulting ဟာ စျေးကွက်မှာ ဦးဆောင်နေတဲ့ System ပေါင်း 250 ကျော်ကို စစ်ထုတ်ပြီး သူတို့ရဲ့ Consulting Team အနေနဲ့ Clients တွေကို ဘယ်လို အကြံဉာဏ်ပေးရမလဲဆိုတာ ကူညီနိုင်ဖို့ လုပ်ဆောင်ခဲ့ တာပဲ ဖြစ်ပါတယ် ။

ဒီအဆင့် သတ်မှတ်ချက်တွေဟာ ရာနှုန်းပြည့် အမှီအခိုကင်းပြီး Panorama Consulting ရဲ့ Quantitative Research ပေါ်မှာ အခြေခံထားတာပဲဖြစ်ပါတယ်။ ရာချီတဲ့ လုပ်ငန်းအမျိုးအစားပေါင်းများစွာက ရရှိတဲ့ အတွေ့ အကြုံတွေကနေတစ်ဆင့် အောက်ပါအချက် ငါးချက်ကို တင်ပြပေးလိုက်ပါတယ် ။

၁.စျေးကွက်ပိုင်ဆိုင်မှု

၂.အကောင်အထည်ဖော် ဆောင်ရွက်ရန်  ကြာမြင့်ချိန်

၃.ကုန်ကျစရိတ်

၄အကျိုးအမြတ် ပြန်လည်ရရှိခံစားရသည့်အချိန်

၅.လုပ်ဆောင်နိုင်စွမ်း

 

ERP System များ ရဲ့ စျေးကွက်ပိုင်ဆိုင်မှု

ဒီ Report ဟာ ဘယ်စနစ်က စျေးကွက်ထဲမှာ အကောင်းဆုံးလဲဆိုတာကို အဆုံးဖြတ်ပေးမှာတော့ မဟုတ် ပေမယ့် လုပ်ငန်းနယ်ပယ်အလိုက် ဘယ်လို ဆက်ခံဆောင်ရွက်နိုင်တယ်ဆိုတာနဲ့ သုတေသနနဲ့ ဖွံဖြိုးရေး လုပ် ငန်း ဆောင်တာတွေမှာ ဘယ်လိုပုံစံမျိုး အရင်းအမြစ်တွေ အသုံးချထားလဲဆိုတာကိုတော့ အကောင်းဆုံး တိုင်းတာ ပေးနိုင်မှာပဲဖြစ်ပါတယ်။ လက်ရှိ အနေအထားအရ SAP HANA, Oracle နဲ့ Microsoft Dynamic 365 ဟာ စျေးကွက်မှာ ထိပ်ဆုံးက ဦးဆောင်သူတွေဆိုတာ သံသယဝင်စရာမရှိပါဘူး ။

ERP System Market Share
SAP HANA 20.3%
Oracle 13.9%
Microsoft Dynamics 365 9.4%

 

အကောင်အထည်ဖော်ဖို့ အချိန်ဘယ်လောက်ပေးရမလဲ။

လုပ်ငန်းအဖွဲ့အစည်းတော်တော်များများဟာ ERP အကောင်အထည်ဖော်ဖို့ သတ်မှတ်ထားတဲ့ အချိန်ထက် ပိုပြီး အချိန်ပေးရမှာ စောင့်ဆိုင်းရမှာကို စိုးရိမ်တတ်ကြပါတယ်။ ဒီအတွက် ဘယ် company တွေက အကောင်းဆုံး အခြေခံစံနှုန်းတွေနဲ့အညီ အကောင်အထည်ဖော်နိုင်လဲဆိုတဲ့ ရလာဒ်တွေကို ကြည့်ကြည့်ရအောင်ပါ။ လုပ်ငန်း ကြီးတွေရဲ့ ERP အကောင်အထည်ဖော်မှုဟာ တစ်နှစ်နီးပါးအချိန် ယူတတ်တယ်ဆိုပေမယ့် အခု ဖော်ပြမယ့် Vendor ၃ ခုကတော့ အလျင်မြန်ဆုံး အကောင်အထည်ဖော်နိုင်စွမ်းရှိတဲ့ Vendor တွေပါ ။

ERP System Implementation Time (months)
Oracle 25
Infor CloudSuite 30
SAP HANA 34

 

Project ရဲ့ ကုန်ကျစရိတ်

Project အကောင်အထည်ဖော်ရာမှာ လိုအပ်သမျှ အစိတ်အပိုင်းအားလုံးအတွက် အစီအစဉ် ကြိုတင်ပြီး ဆွဲထား တဲ့ အဖွဲ့အစည်းတွေအနေနဲ့ကတော့ ထပ်လောင်းကုန်ကျစရိတ်တွေ မရှိအောင် အကောင်းဆုံး လျှော့ချနိုင်မှာပဲ ဖြစ်ပါတယ်။ Vendor တွေ အားလုံးကတော့ ကနဦးအစီအစဉ် ဆွဲထားချိန်နဲ့ အမှန်တစ်ကယ် လက်တွေ့ အကောင်အထည်ဖော်ချိန်မှာ ပိုလာနိုင်မယ့် ကုန်ကျစရိတ်ကို ပြောပြထားလေ့ရှိပါတယ်။ အောက်ဖော်ပြပါ Data စာ World Wide Average မှ ယူထားခြင်းဖြစ်ပါတယ်။

ERP System Project Cost ($Million)
Microsoft Dynamics 2.06
SAP HANA 2.09
Oracle 2.38

လက်တွေ့အကောင်အထည်ဖော်ချိန်မှာ ကျသင့်တဲ့ ကုန်ကျစရိတ်များအရ Oracle ဟာ အမြင့်ဆုံး ကုန်ကျစရိတ် ရှိပြီး ($2.38 million) ရှိပါတယ်။ သူ့ရဲ့နောက်မှာတော့ SAP က ($2.09 million) နဲ့ ရပ်တည်နေပြီး Microsoft Dynamics နဲ့ Infor အနေနဲ့ကတော့ $2.06 million ၊ $ 1.51 million စသည်ဖြင့် အသီးသီး ရပ်တည်နေပါတယ် ။ ယခင်နှစ်နဲ့ နှိုင်းယှဉ်မှုစစ်တမ်းများအရ Microsoft Dynamics ကလွဲဲလို့ ကျန်တဲ့ Vendor တွေရဲ့ စုစုပေါင်း ကုန်ကျစရိတ်ဟာ လျော့ကျလာတာခဲ့ပါတယ်။

 

လုပ်ငန်းပိုင်းဆိုင်ရာနှင့် ပတ်သတ်ပြီး ပြန်လည်ခံစားရသည့် အကျိုးကျေးဇူးများ

နောက်ဆုံးမှာတော့ Panorama Consulting ရဲ့ ပြီးပြည့်စုံတဲ့ စစ်တမ်းဟာ company တွေအနေနဲ့ သူတို့ရဲ့ ကနဦး ရင်းနှီးမြှုတ်နှံမှုကနေ လုပ်ငန်းပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေကို အချိန်အတိုင်းအတာတစ်ခု အတွင်းမှာ ပြန်လည်ရရှိတယ်ဆိုတာ သက်သေပြဖို့ စစ်တမ်းကို ကောက်ယူနိုင်ခဲ့ပါတယ်။ အောက်ဖော်ပြပါ အချက်အလက် တွေအရ SAP HANA, Epicor နဲ့ NetSuite တို့ဟာ ဒီအပိုင်းမှာ ဦးဆောင်နေပါတယ်။

ERP System Time to Realize Payback (months)
SAP HANA 8.5
Epicor 8.6
NetSuite 8.7

ဒါတွေအားလုံးဟာ ဘာကိုပြောချင်နေတာလဲ။ ပထမဆုံးအနေနဲ့ စျေးကွက်ထဲမှာ သင့်အတွက် မြောက်များစွာ သော Enterprise System တွေ ရွေးချယ်စရာ ရှိနေတာဆိုတာနဲ့  ဒုတိယအနေနဲ့ ERP Software ရွေးချယ်တဲ့ အခါမှာ သင့်အတွက် အရမ်းအသုံးဝင်တဲ့ အချက်အလက်တွေဖြစ်ပြီး Software အသစ် အသုံးပြုတော့မယ်ဆို တဲ့ အချိန်မှာ ထည့်သွင်းစဉ်းစား သင့်တာတွေပဲဖြစ်ပါတယ်။ သင့်အနေနဲ့ ဘယ်လိုစံနှုန်းစံထားတွေဟာ အလိုအပ် ဆုံးဖြစ်မလဲဆိုတာ ဆုံုးဖြတ်နိုင်ဖို့နဲ့ သင့်ရဲ့ ဘယ်လိုစံနှုန်းစံထားတွေကို အခြေခံပြီး ကနဦးရွေးချယ်မှုတွေကို စစ် ထုတ်ယူမလဲဆိုတာ အရမ်းကို အရေးကြီးပါတယ် ။

 

Cloud Usage

Cloud နည်းပညာ ဟာ Enterprise Software စျေးကွက်မှာ အရှိန်အဟုန်အပြည့်နဲ့ နေရာယူ ၀င်ရောက်လာ ချိန်မှာ Panorama ရဲ့ သုတေသန အဖွဲ့ ဟာ  လွန်ခဲ့တဲ့ နှစ်တွေက SAP, Oracle, Microsoft Dymanics နဲ့ Infor စတဲ့ Enterprize Software အသုံးပြုသူတွေထဲက ရာခိုင်နှုန်းအနည်းငယ်သာ Cloud ကို အသုံးပြုဖြစ်ခဲ့ တယ်ဆိုတာကိုဖော်ပြခဲ့ပါတယ်။ ခုလက်ရှိမှာတော့ အဖွဲ့အစည်း အတော်များများဟာ အထက်ပါ Enterprise Software တွေထဲ က တစ်ခုခုကို Cloud နည်းပညာ နဲ့ ပေါင်းစပ်ပြီးအသုံးပြုဖို့ပိုပြီး စိတ်ဝင်တစားရှိလာခဲ့ပါပြီ ။

အခု ဖော်ပြခဲ့တဲ့ Panorama ရဲ့ အချက်အလက်တွေဟာ ကမ္ဘာတစ်ဝှမ်းမှာ ရှိတဲ့ ရာပေါင်းများစွာသော လုပ်ငန်း တွေကို အောင်မြင်မှုတွေ ဆောင်ကြည်းပေးနိုင်ခဲ့ပါတယ် ။

SAP HANA အကြောင်း အသေးစိတ်မေးမြန်းလိုပါက ကျွန်တော်တို့ Vanguard Myanmar မှ Consultant များကို ၀၉ ၉၇၇၂၄၂၂၂၂ မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။