ပြောင်းလဲမှုကို ဦးဆောင်ရာတွင် CEO တစ်ယောက် ၏အခန်းကဏ္ဍ

CEO တစ်ယောက်သည် ပြောင်းလဲမှုတစ်ခုကို ပြုလုပ်ရာမှာ ပြောင်းလဲမှု၏အရေးပါခြင်းကို Team အား နားလည်အောင် ဝေမျှပေးခြင်း ၊ ပြောင်းလဲလိုသည့် ပုံစံ (Model) ကို သတ်မှတ်ခြင်း၊ ခိုင်မာသော Team တစ်ခုကို တည်ဆောက်ခြင်း၊ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခြင်းတို့ကို ပြုလုပ်ပြီး အဆိုပါပြောင်းလဲမှုကို အောင်မြင်အောင် လုပ်ဆောင်နိုင်စွမ်းရှိကြပါတယ်။
ယနေ့ ခေတ်ရဲ့ စီးပွားရေးလောကမှာ ထိပ်ဆုံးနေရာမှာတည်မြဲဖို့ရန်အတွက် ပုံမှန်တိုးတက်နေရုံနဲ့မလုံလောက်တော့ပဲ မိမိ၏ လုပ်ဆောင်နိုင်စွမ်းတွေကို ပြောင်းလဲပစ်ဖို့ မကြာခဏ လိုအပ်လာပါလိမ့်မယ်။ ပြောင်းလဲမှုများကို ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ အများအပြား ဖော်ပြလေ့ရှိသော်လည်း အရေးကြီးတဲ့သူတစ်ယောက်၏ အခန်း ကဏ္ဍကို တော့ မေ့လျော့ထားကြပါတယ်။
CEO တစ်ယောက်အနေနဲ့ ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ? CEO တစ်ယောက်က ဘာတွေလုပ်သင့်လဲ၊ CEO နဲ့ Executive အဖွဲ့အစည်းတွေရဲ့ အခန်း ကဏ္ဍဟာ ဘယ်လိုကွာခြားလဲဆိုတာ မေးခွန်း ထုတ်စရာဖြစ်လာ ပါတယ်။

များစွာသော Executive များရဲ့ ဖြေဆိုထားသော အင်တာဗျူးများနှင့် ကိုယ်ပိုင်အတွေ့အကြုံကို အခြေခံကာ အောင်မြင်မှုအတွက် သီးသန့်သတ်မှတ်ထားသော နည်းလမ်း၊ တသတ်မတ်တည်း စံနမူနာပုံစံ မရှိတာကိုတွေ့လာရပါတယ်။ ဒါ့အပြင် ကိစ္စအကြီး၊ အသေး အပေါ်မူတည်ပြီး လျင်မြန်စွာ ဆောင်ရွက်ဖြေရှင်းပေးနိုင််ပုံ၊ ဖြစ်ပေါ် နေသော ပြောင်းလဲမှုပေါ်လိုက်ပြီး ဆောင်ရွက်နိုင်ပုံ၊ အဖွဲ့အစည်းတစ်ခု အောင်မြင်နိုင်ချေ စတဲ့ အကြောင်း အရာများဟာ CEO တစ်ယောက်ကို လွှမ်းမိုးမှု ရှိလာနိုင်ပါတယ်။ဘယ်လိုပင် ပြောင်းလဲနေစေကာမူ၊ ဆယ်စုနှစ်တစ်စုကျော်ကြာ လေ့လာထားခဲ့သော Research များနဲ့ ကိုယ် တိုင်ကြုံ တွေ့ခဲ့သော အတွေ့အကြုံ များမှတဆင့် ပြောင်းလဲမှုတစ်ခုတွင် အောင်မြင်သော CEO တစ်ယောက်ရဲ့အခန်းကဏ္ဍများကို အောက်ပါ အချက် (၄) ချက်ဖြင့် ဖော်ပြပေးလိုက်ပါတယ်။

✔️ ပြောင်းလဲမှုလုပ်ဆောင်ရာတွင် အဓိပ္ပါယ်ရှိအောင် လုပ်ဆောင်ပါ။
အောင်မြင်လာအောင် CEO တစ်ယောက် အနေဖြင့် ကိုကိုယ်တိုင်ပြောင်းလဲမှုကို ဖန်တီးချင်စိတ်ရှိပြီး အခြား သူများကိုလည်း ပြောင်းလဲဖို့ စွဲဆောင်နိုင်ဖို့လိုပါတယ်။ သူတို့ရဲ့ရည်မှန်းချက်များကို အောင်မြင်မှုများ ဖြစ်ပေါ်လာစေဖို့အတွက် အထောက်အပံ့ပေးနိုင်မည့်သူ ဖြစ်ဖို့လိုအပ်ပါတယ်။
ပြောင်းလဲမှုကို လုပ်ဖို့အတွက် လုပ်ဆောင်စရာတွေဟာ ယခင်ကထက်ပိုလာပါတယ်။ ဝန်ထမ်းတွေဟာ နေ့စဉ်လုပ်ဆောင်စရာ ကိစ္စရပ်များကို လုပ်ဆောင်နေစဉ်မှာလဲ မိမိရဲ့ လုပ်ငန်းသဘောတရားကို ပြန်လည် စဉ်း စားသုံးသပ်မှုများ မဖြစ်မနေပြုလုပ်ရန် လိုအပ်ပါတယ်။ ဒီလိုမျိုးလိုလုပ်ဖို့ အင်အားတွေ ဘယ်ကရ နိုင်မလဲ။ ပြောင်းလဲမှုနဲ့ပတ်သက်တဲ့ Story တွေကိုပြောပြခြင်းက ဝန်ထမ်းတွေအတွက် ပြောင်းလဲမှုကို ယုံယုံကြည်ကြည်လုပ်ဆောင်နိုင်ဖို့ အင်အားတွေကို ပေးစွမ်းနိုင်ပါတယ်။
ဒီလိုကြိုးစားအားထုတ်မှုတွေကနေတဆင့် ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေဟာ ကုမ္ပဏီအပေါ်ဘယ်လို အကျိုးသက်ရောက်မှုရှိနိုင်မလဲဆိုတာကနေ ဝန်ထမ်းတွေအပေါ်မှာလည်း ဘယ်လို အကျိုးသက်ရောက်မှုရှိနေ မလဲဆိုတာတဲ့ Story တွေကို ပြောပြနိုင်ပါတယ်။

✔️ စံနမူနာယူထိုက်တဲ့ အတွေးအခေါ်နဲ့ အမူအကျင့်ကို တည်ဆောက်ပါ။
အောင်မြင်နေတဲ့ CEO တွေဟာ ကိုယ်ကိုတိုင်လည်းပဲ ပြောင်းလဲမှုတွေကို ဖန်တီးလုပ်ဆောင်ရတာကို ကြိုက် နှစ်သက်လေ့ရှိပါတယ်။ ဝန်ထမ်းတွေကို ကောင်းမွန်စွာအလုပ်လုပ်နိုင်ရန်နှင့် ကောင်းမွန်သော အလေ့အကျင့်၊ အပြုအမူများကို ကျင့်သုံးကျရန် အမြဲတမ်း အားပေးလေ့ရှိကြပါတယ်။ ငါတို့ ဘာတွေကို ပြောင်းလဲနေကြလဲ၊ ပန်းတိုင်ကို ရောက်အောင် ဘယ်လို သွားကြမလဲ၊ ဒီပြောင်းလဲခြင်းက တဦးတယောက်စီနဲ့ ဘယ်လိုသက်ဆိုင်နေလဲ စတဲ့မေးခွန်းတွေကို ဝန်ထမ်းတွေနဲ့ ဝေမျှထားဖို့လိုပါတယ်။ တချို့ CEO တွေက သူတို့ရဲ့ ကိုယ်ပိုင်ဘဝက ပြောင်းလဲခြင်း Story တွေနဲ့ စံနမူနာပြကြပါတယ်။ Klaus Zumwinkel ( Chairman and CEO of Deutsche Post)ရဲ့ အတွေ့အကြုံအရ တောင်တက်အားကစားနဲ့ ပတ်သက်ပြီး သူရဲ့ စိတ်အားထက်သန်မှုက သူ့ကုမ္ပဏီကို ပြောင်းလဲနိုင်ခဲ့တဲ့ အင်အားတွေနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

✔️ အရည်အချင်းရှိပြီး သစ္စာရှိတဲ့သူတွေနဲ့ ထိပ်တန်းအဖွဲ့တစ်ခု တည်ဆောက်ပါ။
CEO ရဲ့ အဖွဲ့ဟာ အပြောင်းအလဲတွေကို ဦးဆောင်မှုပြုရာမှာ တန်ဖိုးရှိတဲ့ Asset လို့ဆိုနိုင်ပါတယ်။ လူတော်တွေလိုအပ်သလို အဖွဲ့အစည်းစိတ်ဓာတ်နဲ့ လုပ်နိုင်မယ့် လူတွေလည်း လိုအပ်ပါတယ် လို့ Deutsche Post’s ရဲ့ Chairman ဖြစ်သူ Zumwinkel က အကြံပြုထားပါတယ်။ အဓိပ္ပာယ်ရှိတဲ့ Story တွေကိုမျှဝေပေးခြင်းနဲ့ မှန်ကန်တဲ့ Role တွေကို ပုံစံချမှတ်ခြင်းတို့ က CEO နဲ့ သူ့အဖွဲ့ကို ဖွဲ့စည်းရာမှာ အောင်မြင်မှု ရဖို့ ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းကို ရရှိစေပါတယ်။

✔️ မဆုတ်မနစ် ဆောင်ရွက်ပါ။
လူတိုင်းလူတိုင်းဟာ ပြောင်းလဲမှုတွင် တစ်နည်းမဟုတ် တစ်နည်း ပါဝင်နေပါတယ်။ ပိရမစ်ပုံစံနှင့် နှိုင်းယှဉ်မယ်ဆိုရင် CEO တစ်ယောက်ရဲ့ အခန်းကဏ္ဍဟာ ပိရမစ်ရဲ့ ထိပ်ဆုံးပိုင်းမှာရှိနေပြီး အဖွဲ့အစည်းအတွင်းရှိ အခြားအဖွဲ့ဝင် များဟာ CEO မှတဆင့် လွှဲအပ်လာသော ဆောင်ရွက်စရာကိစ္စရပ်များကို ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ လက် တွေ့ပါဝင်ဆောင်ရွက်ခြင်းမရှိဘဲ ပါးစပ်နဲ့ပဲ ညွှန်ကြားနေတဲ့ CEO တွေ အနေနဲ့ သူ့လို အမှန် တကယ် အလုပ်လုပ်ကိုင်ခြင်းမရှိတဲ့ ဝန်ထမ်းများနဲ့သာ ကြုံတွေ့ရတတ်ပါတယ်။ ထူးချွန်သော ခေါင်းဆောင် များကသာ ပြောင်းလဲမှုများအတွက် အမှန်တကယ််လိုအပ်တဲ့ အချိန်ကို တိတိကျကျ မှန်မှန်ကန်ကန် အသုံးချနိုင်တဲ့သူတွေကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

🔺 စည်းလုံးမှု ၊ စိတ်အားထက်သက်မှု ၊ ကတိတည်မှု ၊ မဆုတ်မနစ် ဆောင်ရွက်နိုင်မှု စတာတွေဟာ အပြောင်းအလဲ တစ်ခုကို အောင်မြင်စွာ ဖော်ဆောင်ရာမှာ အရေးပါပြီး CEO တစ်ယောက်အနေနဲ့ Company ပေါ်ကို အကျိုးသက်ရောက်မှုရှိစေမယ့် အစားထိုးမရတဲ့ အရည်အသွေးတွေပဲ ဖြစ်ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေနဲ့အတူ အပြောင်းအလဲတွေကို ဦးဆောင်ရာမှာ CEO တွေအတွက် တိတိကျကျ သတ်မှတ်ထားတဲ့ အောင်မြင်မှု နည်းလမ်းတွေမရှိပေမယ့် အပြောင်းအလဲကို အဓိပ္ပာယ်ရှိရှိ လုပ် ဆောင်နိုင်မှု၊ စံနမူနာ ပြုထိုက်တဲ့ အပြုအမူ အတွေးအခေါ်များ ဖြင့် ဦးဆောင်နိုင်မှု ၊ အရည်အချင်းပြည့်ဝပြီး သစ္စာရှိသော ၀န်ထမ်းများကို ဖွဲ့စည်းဦးဆောင် နိုင်မှု ၊ မဆုတ်မနစ် ဆောင်ရွက်နိုင်မှု စတဲ့ ခေါင်းဆောင်မှု အရည် အချင်းတွေဟာ CEO တွေရဲ့ အပြောင်းအလဲ လုပ်ဆောင်ရာမှာ အောင်မြင် တိုးတက်စေနိုင်တဲ့ အချက်တွေပဲ ဖြစ် ပါတယ် ။

Credit to – McKinsey’s Article.
#SAP #ERP #HRM #VanguardMyanmar #SAPMyanmar

Financial Analysis & Planning With SAP Analytics Cloud

SAP Analytics Cloud is a leading planning and analytics tool for business performance.

SAP Analytics Cloud helps you:
1. Set goals and strategic plans
2. Analyze budget and set allocations
3. Compare budget, actual, and forecast your financials.

See the following Video Demo for Financial Analysis and Planning

Vanguard Talent Plus – SAP Qualified Partner Packaged Solution

Vanguard Talent Plus Packaged Solution

To develop and engage your people to achieve business performance, Vanguard Talent Plus – SAP SuccessFactors Packaged Solution is ready to help you set organization goals and objectives and align them to individual goals and objectives. It provides tools for you to better manage performance review and regularly monitor your progress on achieving goals. The solution also helps to develop successors for critical roles in your organization and develop employees to achieve their specific goals. Vanguard packaged solution Talent Plus (Performance & Goal Management and Succession & Development) can be deployed in 50 Mandays and which will allow you to accelerate exceptional employee experiences within your company and to achieve business growth.

Vanguard Talent Plus is SAP-qualified partner-packaged solution. See the following for details :

www.sap.com/sea/partner/partner-package-finder/vanguard-myanmar-co-ltd-talent-plus-vanguard-packaged-solution-pmgm-spcd.html

 

(Unicode Version)

Vanguard Talent Plus Packaged Solution ဆိုတာ 

လုပ်ငန်းကချမှတ်ထားတဲ့ စွမ်းဆောင်ချက်ပန်းတိုင်တွေသို့ရောက်ရှိဖို့ သင့်ဝန်ထမ်းများကိုလေ့ကျင့်ပျိုးထောင် ပေးရာမှာ Vanguard Talent Plus – SAP SuccessFactors Packaged Solution က

  • လုပ်ငန်းနှင့်အတူ Organization Goals and Objectives များသတ်မှတ်ရာမှာနဲ့
  • တစ်ဦးချင်းဆိုင်ရာ Goals and Objectives များအဖြစ်ပြန်လည်သတ်မှတ်ရာမှာ ကူညီပေးပါတယ်။

Performance Review များလုပ်ဆောင်ရာမှာနဲ့ ချမှတ်ထားတဲ့ Goals များသို့ ရောက်ရှိရန် ဆောင်ရွက်နေစဉ် မှာလည်း Progress ကိုပုံမှန်စောင့်ကြည့်လေ့လာနိုင်တဲ့ စနစ်မျိုးဖြစ်တဲ့အတွက် သင့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာ တွေမှာ ပိုမိုအဆင်ပြေစွာဆောင်ရွက်နိုင်ပါတယ်။

ဒါတွေအပြင် လုပ်ငန်းရဲ့အရေးကြီးနေရာများအတွက် ဆက်ခံသူများ ပြင်ဆင်ပျိုးထောင်တဲ့ကဏ္ဍတွေနဲ့ ဝန်ထမ်းများက သတ်မှတ်ထားတဲ့သက်ဆိုင်ရာ Goals တွေကိုရောက်ရှိနိုင်ဖို့ပံ့ပိုးပေးတဲ့ ကဏ္ဍတွေမှာလည်း ကူညီပေးပါတယ်။

Vanguard Talent Plus Solution မှာ

  1. Performance & Goal Management
  2. Succession Planning & Development စနစ်တွေပါဝင်ပြီး အကောင်အထည်ဖော်ဖို့ ရက် ၅၀ သာလိုပါတယ်။

လုပ်ငန်းအတွင်း Employee Experience စွမ်းရည်တွေတိုးမြှင့်ပြီး လုပ်ငန်းရဲ့ တိုးတက်အောင်မြင်မှုပန်းတိုင် များကို ရောက်ရှိနိုင်ဖို့ Vanguard နဲ့ Talent Plus ကိုသတိရလိုက်ပါ။

Vanguard Talent Plus သည် SAP မှ အတည်ပြုထားသော partner-packaged solution ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါကအောက်ပါ link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

www.sap.com/sea/partner/partner-package-finder/vanguard-myanmar-co-ltd-talent-plus-vanguard-packaged-solution-pmgm-spcd.html

ကျယ်ပြန့်လာတဲ့ စျေးကွက်အတွင်း ပိုမိုတိုးတက်ပြောင်းလဲလာသော Digital HR

အသေးစားနဲ့အလတ်စား လုပ်ငန်းတွေအနေနဲ့ အခုအချိန်ဟာ ကြီးမားတဲ့ အပြောင်းအလဲတွေ လုပ်ကိုလုပ်ရမယ့် အချိန်ကာလ မျိုးလို့ ဆိုနိုင်ပါတယ်။ နည်းပညာအရ အဆင့်မြှင့်တင်ထားတဲ့ Business Model တွေ၊ Digital နဲ့ချိတ်ဆက်ထားတဲ့ Product တွေ၊ လုပ်ငန်းဆောင်တာများကို အလိုအလျောက် လည်ပတ်လုပ်ဆောင်နိုင်စွမ်းတွေဟာ စံသတ်မှတ်တစ်ခု ဖြစ်လာခဲ့တာကြောင့် ဝန်ထမ်းတွေ အနေနဲ့ ဒီလို Digital ပြောင်းလဲမှုတွေနဲ့ ဆက်ပြီး အကျွမ်းတဝင်ရှိဖို့အတွက် လုပ်ငန်းခွင်ရဲ့ ဘယ်လိုရှုထောင့်မျိုးကမဆို Digital ပြောင်းလဲမှုကို လိုလားကြပါတယ်။

တစ်ချိန်တည်းမှာပဲ အဖွဲ့အစည်းကြီးတွေဟာ ဝန်ထမ်းတွေကို နဲ့ Agile ဖြစ်အောင် ပြောင်းလဲရာမှာ အဆန်းသစ်ဆုံးနည်းလမ်းတွကို ဆုံးဖြတ်နိုင်ဖို့အတွက် နည်းပညာရဲ့ရိုက်ခတ်မှုက အသေးစားလုပ်ငန်းလေးတွေအပေါ်မှာ ဘယ်လို သက်ရောက်မှုရှိနေသလဲဆိုတာကို စောင့်ကြည့်လေ့လာနေကြပါတယ်။
ဝန်ထမ်းတွေရဲ့ တွေးခေါ်ပုံတွေ၊ ဗဟုသုတတွေနဲ့ Culture တွေဟာ အောင်မြင်တဲ့ နည်းပညာ အသွင်ပြောင်းလဲမှု လမ်းကြောင်းမှာပါဝင်လာနိုင်တယ်လို့ ID Interactive Guide က ဆိုထားပါတယ်။

🔺B2B Startup တစ်ခုကနေ SAP ကို ဝင်ချိန်က အင်တာဗျူး အတွေ့အကြုံကို ပြောပြချင်ပါတယ်။

နောက်လာမယ့် (၁၂) လစာအတွက် HR (Human Resource) နဲ့ စီးပွားရေး လုပ်ငန်း ပိုင်းဆိုင်ရာ ဦးစားပေးဆောင်ရွက်သင့်တဲ့ အချက်တွေအကြောင်းကို အမေးခံရပါ တယ်။ အဲ့ဒီအလုပ်ကို လက်ခံပြီးပြီးချင်းမှာပဲ ကြောက်စိတ်တွေဝင်လာမိပါတယ်။ အခုမှ Startup တစ်ခုကရခဲ့တဲ့ အတွေ့အကြုံဟာ SAP လိုမျိုး လုပ်ငန်းကြီးတစ်ခုရဲ့ လိုအပ်မှုကို ဘယ်လိုဖြည့်ဆည်းပေးနိုင်မှာလဲ လို့ တွေးမိတယ်။ ဒါပေ့မယ့် အံ့သြစရာကောင်းလောက်အောင်ပဲ ကျွန်တော်တို့ဟာ အဲ့ဒီ Topic တွေနဲ့ ပတ်သက်တာတွေကို လုပ်ငန်းမစတင်ခင် (၆) လ စောပြီးဖြေရှင်းနိုင်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ကျွန်တော် သိလိုက်တာက dot.com explosion ကနေ Agile Orgranization ကို Run ခဲ့တဲ့ ကျွမ်းကျင်မှု၊ HR Technology ကို နက်နက်နဲနဲ နားလည်ခဲ့ခြင်း စတဲ့ အတွေ့အကြုံတွေကို ရခဲ့ပါတယ်။ ။ SAP HR Team ထိပ်တိုက်ရင်ဆိုင်ဖို့လိုအပ်တဲ့ Issue တွေကို ဒီအတွေ့အကြုံတွေက တဆင့်ဖြေရှင်းနိုင်ခဲ့ပါတယ်။

HR ပိုင်းမှာ ဦးဆောင်နေသူတွေက ဒီလို စိန်ခေါ်မှုမျိုးကို ဘာလို့ တိုက်ရိုက် လက်မခံနိုင်တာလဲ❓။

အကြောင်း အရင်းကတော့ ရှင်းပါတယ်။ သူတို့ဟာ နည်းပညာအပြောင်းအလဲအတွက် ဦးဆောင်ဖို့အတွက် လုံးဝစိတ်ဝင်စားမှု မရှိလို့ပါ ပဲ။

ဘာကြောင့် Digital နည်းပညာဗျူဟာတွေကကို ပိုပြီးအာရုံစိုက်သင့်တာလဲ❓။
အားလုံးကို ယှဉ်ပြိုင်အနိုင်ယူနိုင်စွမ်းကို ပေးနိုင်တဲ့ နည်းပညာအသွင်ပြောင်းလဲမှုတစ်ခုကို ပြုလုပ်ရာမှာ ကောင်းစွာ Engaged ဖြစ်ပြီး Educated ဖြစ်တဲ့ ဝန်ထမ်းတွေ လိုအပ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအသွင်ပြောင်းလဲမှု အောင်မြင်ဖို့ (C-Level အများစု စဉ်းစားမိလေ့မရှိတဲ့ ) အရေးကြီးဆုံး Principle တွေကိုနားလည်ထားတဲ့ HR ပိုင်း ဦးဆောင်သူတစ်ယောက်ရဲ့ အကူအညီ လိုပါတယ်။

✅ လုပ်ငန်းတွင်း ဓလေ့ထုံးတမ်းနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ မဟာဗျူဟာတွေကို လေ့လာသုံးသပ် ညှိနှိုင်းပါ။
မှန်ကန်တဲ့ Talent တွေကို ရယူဖို့ လိုအပ်လာချိန်မှာတော့ Talent Management & Development, စီးပွားရေးတိုးတက်မှု, နည်းပညာအသွင်းပြောင်းလဲမှုတွေနဲ့ ပန်းတိုင်ဟာကိုက်ညီနေဖို့ အရေးပါလာပါတယ်။ ဒီအရာတွေအတွက် Predictive Analysis, Machine Learning နဲ့ Intelligent Analytics တို့လို နည်းပညာတွေကို အသုံးပြုပြီး အလွယ်တကူ ဖြေရှင်းနိုင်ပါတယ်။ အဆိုပါ နည်းပညာတွေဟာ HR ပိုင်းဆိုင်ရာ ဦးဆောင်နေသူတွေကို လုပ်ငန်းခွင်အတွင်း Culture တစ်ခုတည်ဆောက်ရာမှာနဲ့ စီးပွားရေး လုပ်ငန်းဆိုင်ရာ Strategy ချမှတ်ရာမှာ တစ်ပြိုင်တည်း ပုံဖော်နိုင်ဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။
အဆိုပါ Tool တွေကို အသုံးပြုပြီး ရရှိလာတဲ့ ရှုမြင်သုံးသပ်နိုင်စွမ်း(Insights)တွေက အဖွဲ့အစည်းရဲ့အတွင်းမှာရော အပြင်မှာပါ ပါဝင်ပတ်သက်နေတဲ့ Stakeholder တွေ၊ ဝန်ထမ်းတွေ၊ Supplier တွေ၊ စီးပွားဖက်တွေနဲ့ Customer တွေ မျှော် လင့်ချက်ကို အကောင်အထည်ဖော်နိုင်ဖို့ Digital နည်းပညာကို ရေးဆွဲရာမှာ ပါဝင်သင့်တဲ့ အဓိကကျတဲ့ အကြောင်းအရာတွေကို Business Leader တွေ ပိုပြီး မြင်သာမှုရှိစေဖို့ စွမ်းဆောင်ပေးနိုင်ပါတယ်။

✅ Workforce မတူညီကွဲပြားမှုကို လက်ခံပါ၊ အထောက်အပံ့ပေးပါ။
လုပ်ငန်းခွင်အတွင်း မတူကွဲပြားခြားနားတဲ့ Culture တွေ များလာလေ၊ မတူညီတဲ့ Workforce Segments တွေကို ခြုံငုံမိမယ့် Digital နည်းဗျူဟာကို ချမှတ်ဖို့ ပိုလိုအပ်လေ ဖြစ်ပါတယ်။ လူမှုနယ်ပယ် အတွေ့အကြုံတွေ၊ မျိုးဆက်ကွာဟချက်တွေနဲ့ လူမျိုးစု စတဲ့ Values တွေဟာ နည်းပညာတစ်ခုကို ပြောင်းလဲ ကျင့်သုံးရာမှာ ကျယ်ပြန့်တဲ့လွှမ်းမိုးမှုတွေ ရှိပါတယ်။ လူတွေ ဘယ်လို ပြောဆိုဆက်သွယ်ကြသလဲ၊ Talent Management , Development, ဝန်ထမ်းခေါ်ယူခြင်းတို့မှာ ဘယ်လိုဆုံးဖြတ်ချက်မျိုးတွေကို ချမှတ်ကြလဲ စတာတွေကို အခြေခံပြီး အပေါ်မှာ ဖော်ပြခဲ့တဲ့ Value တွေက နည်းပညာပြောင်းလဲမှုကို ပုံဖော်နိုင်ကြပါတယ်။
ဥပမာအားဖြင့် ပင်စင်ယူလိုက်တဲ့ ဝန်ထမ်းတွေရဲ့ အတွေ့အကြုံဗဟုသုတတွေကို နောက်မျိုးဆက်သစ် ဝန်ထမ်းတွေ အောင်မြင်မှုခြေလှမ်းကို တက်လှမ်းနိုင်ဖို့ရာ လမ်းညွှန်မှုပေးနိုင်ဖို့ လိုအပ်သလိုမျိုးပါ။ အသစ်စတင်ဖွဲ့စည်းတဲ့ လုပ်ငန်းတွေ အနေနဲ့လည်း Culture တွေကို လုပ်ငန်းတစ်ခုလုံးစာ ကျင့်သုံးနိုင်ဖို့ရာ ဖြည်းဖြည်းမှန်မှန် ပေါင်းစပ်ဖို့ လိုအပ်ပါတယ်။ ရည်ရွယ်ချက်ရှိရှိ ဘက်လိုက်မှုမျိုးတွေကို ဆုံးဖြတ်ချက်ချတဲ့အချိန်တွေမှာ လုံးဝကို ရှောင်ကြဉ်ဖို့ လိုအပ်ပါသေးတယ်။

Goal-Setting ပြုလုပ်ခြင်းကဝန်ထမ်းတွေရဲ့ စိတ်အားတက်ကြွမှုအပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ❓

 

Performance ကောင်းတဲ့ဝန်ထမ်းတွေတောင် လက်တွေ့မကျ တဲ့Goal တွေ၊ အကျိုးမရှိတဲ့Goal တွေကြောင့် စိတ်အားတက်ကြွစွာ အလုပ်လုပ်လိုစိတ်တွေ ပျောက်ဆုံးလေ့ရှိကြပါတယ်။ အကယ်၍ Performance Review တွေကိုသာ စိတ်မတက်ကြွစရာအခြေအနေမှ၀န်ထမ်းတွေအတွက်သင်ယူလေ့လာပြီးတိုးတက်ဖို့ ခြေလှမ်းတွေအဖြစ်သာပြောင်းလဲနိုင်ခဲ့မယ်ဆိုရင်…

Goal တွေကို Performance တိုင်းဖို့ အတိုင်းအတာတစ်ခုအဖြစ်နဲ့ အချိန်အတော်ကြာအောင် အသုံးပြုခဲ့ကြပါတယ်။ ဒီလို အသုံးပြုနေတဲ့အချိန်မှာပဲ Goal-Setting (ရည်မှန်းချက်ပန်းတိုင် သတ်မှတ်ခြင်း) ပြုလုပ်ဖို့ အချိန်တွေ အများအပြားယူရတာနဲ့ အရမ်း သက်ရောက်မှု မရှိဘူးဆိုတာကို Organization အများစုက တွေ့ရှိခဲ့ကြပါတယ်။ ဒါပေမယ့် Goal-Setting ပြုလုပ်ခြင်းကို မှန်ကန်တဲ့နည်းလမ်းနဲ့ ပြုလုပ်ခဲ့မယ်ဆိုရင် ဝန်ထမ်းတွေရဲ့ Performance နဲ့ ကုမ္ပဏီအတွက် အကျိုးအမြတ်တွေ ဖော်ဆောင်ပေးနိုင်တယ်လို့ McKinsey ရဲ့ မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ သုတေသနမှာ တွေ့ရှိရပါတယ်။

ရည်မှန်းချက် ပန်းတိုင်တွေကို သတ်မှတ်(Setting Goals) ရတာက ဒီရည်မှန်းချက်ပန်းတိုင်တွေကို မရောက်ရောက်အောင် အကောင်အထည်ဖော်ရသလိုပဲ စိန်ခေါ်မှုတွေ ရှိပါတယ်။ ဒါကြောင့် ဝန်ထမ်းတွေအတွက် အကျိုးသက်ရောက်မှုရှိစေမယ့် ရည်မှန်းချက် ပန်းတိုင်တွေကို သတ်မှတ်ပေးတဲ့အခါ အောက်မှာဖော်ပြမယ့် အချက်(၃) ချက်ကို မှတ်သားထားသင့်ပါတယ်။

1. Goal-Setting ပြုလုပ်ရာတွင် ဝန်ထမ်းတွေကို အစမှ အဆုံးထိ ပါဝင်ပါစေ

ရည်မှန်းချက်ပန်းတိုင် တွေ ချမှတ်ရတဲ့ တကယ့် ရည်ရွယ်ချက်က ဝန်ထမ်းတွေ တိုးတက်စေဖို့အတွက်ပါ၊ ဒါကြောင့် ဒီ Process တစ်ခုလုံးမှာ သူတို့တွေ ပူးပေါင်းပါဝင်မှ အဓိပ္ပါယ်ရှိမှာ ဖြစ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းက သူတို့ရဲ့ ရေတို၊ ရေရှည် ရည်မှန်းချက် ပန်းတိုင်တွေကို ချမှတ်ပေးဖို့ အကူအညီ ဖြစ်စေမှာ ဖြစ်ပြီး ပန်းတိုင်တွေကို ရောက်ရှိစေဖို့ အလားအလာကို တိုးမြှင့်ပေးမှာ ဖြစ်ပါတယ်။ မန်နေဂျာတွေအနေနဲ့ Goal တွေကို ချမှတ်ပေးတဲ့အခါမှာ SMART (Specific – တိကျရမယ်, Measurable – တိုင်းတာနိုင်ရမယ် , Attainable – အကောင်အထည်ဖော်လို့ ရမယ်, Relavant – သင့်တော်ရမယ် ,Time Bound – အချိန်အကန့်အသတ်ရှိရမယ်) နဲ့ ကိုက်ညီဖို့တော့လိုပါတယ်။ ဒါတွေကို လိုက်နာမယ်ဆိုရင် ဝန်ထမ်းတစ်ယောက်ချင်းစီက သူတို့ရဲ့ Goal တွေကို အကောင်အထည်ဖော်ရာမှာ သူတို့နဲ့ ပိုသက်ဆိုင်လာတယ်လို့ ခံစားရစေမှာဖြစ်ပါတယ်။ ဝန်ထမ်းတွေကို Goal တွေ ချမှတ်ဖို့ တွန်းအားပေးတာက Performance တက်ဖို့ အကူအညီဖြစ်စေပြီး ရှေ့ဆက်တိုးတက်ဖို့အတွက် Motivation ဖြစ်စေပါတယ်။

2. တစ်ဦးချင်းစီရဲ့ ပန်းတိုင်တွေကို လုပ်ငန်းရည်မှန်းချက်နဲ့ ဆက်စပ်မှုရှိပါစေ

ထိရောက်တဲ့ Performance Management ရှိတဲ့ ကုမ္ပဏီတွေထဲက (91%) ရဲ့ ဖြေကြားချက်အရ ဝန်ထမ်းတွေရဲ့ ရည်မှန်းချက် ပန်းတိုင်တွေက လုပ်ငန်းရဲ့ Priorities တွေနဲ့ဆက်စပ်မှု ရှိတယ်လို့ဆိုပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ရည်မှန်းတွေက လုပ်ငန်းရဲ့ ပင်မ ပန်းတိုင်ကို ပုံဖော်ဖို့ အစိတ်အပိုင်းတွေ ဖြစ်နေမယ်ဆိုရင် ပိုပြီး ထိရောက်မှုရှိတာကို တွေ့ရပါတယ်။ Organizational Goal တွေကို Functional Objective တွေအဖြစ် ချိတ်ဆက်ပြီး အဖွဲ့လိုက်လုပ်ဆောင်ရမယ့် Goal တွေအဖြစ် ပြောင်းလဲ လုပ်ဆောင်နေတဲ့ ကုမ္ပဏီအရေအတွက်က ပြီးခဲ့တဲ့နှစ်များအတွင်းမှာ တဖြည်းဖြည်းမြင့်တက်လာပါပြီ။ ဒီလိုပြုလုပ်ခြင်းက ဝန်ထမ်း တစ်ယောက်ချင်းစီရဲ့ Performance ပေါ်မှာ တိုက်ရိုက် သက်ရောက်မှု ရှိစေတာကြောင့် တာဝန်ခံမှုနဲ့ Performance ကို ပိုကောင်းလာစေပါတယ်။

3. အချိန်နဲ့ တပြေးညီ ပန်းတိုင်တွေကို လိုက်လျောညီထွေဖြစ်ပါစေ

Goal တွေက အမြဲပြောင်းလဲနေတာ မဖြစ်သင့်ပေမယ့် လိုက်လျောညီထွေ ဖြစ်ပြီး ပြောင်းလဲရလွယ်တာမျိုး ဖြစ်သင့်ပါတယ်။ ဒီနှစ်ခုကို ရောထွေးပြီး ပြုလုပ်နေကြအမှားကတော့ နှစ်တစ်နှစ်ရဲ့ အစမှာ ချမှတ်လိုက်တဲ့ Goal တွေကို Review ပြန်ပြီး မလုပ်သေးခင်မှာ မေ့သွားကြတာပဲ ဖြစ်ပါတယ်။ Goal တွေကို ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေပေါ်မှာ ခန့်မှန်းသတ်မှတ်ခဲ့ပေမယ့်လည်း တကယ့်ပြင်ပ အခြေအနေတွေက အချိန်နဲ့အမျှ ပြောင်းလဲတတ်တဲ့ အတွက်ကြောင့် Goal တွေကို ပြန်လည်သုံးသပ်တာမျိုး မပြုလုပ်ခဲ့ဘူးဆိုရင် တကယ်လက်တွေ့နဲ့ ဝေးကွာပြီး Motivation ကျသွားတတ်ပါတယ်။ ဒါကြောင့် တကယ့်ဆိုလိုရင်းက Goal တွေက အချိန်တိုင်းပြောင်းလဲနေတဲ့ Moving Target ဖြစ်ရမယ်လို့ ဆိုလိုတာမဟုတ်ဘဲ ပတ်ဝန်းကျင် အခြေအနေနဲ့လိုက်ပြီး လိုက်လျောညီထွေဖြစ်သင့်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ဒါလိုပြုလုပ်ခြင်းက Motivation တက်စေမယ့် Performance Management စနစ်တစ်ခုကို သတ်မှတ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။

Goal တွေက ဝန်ထမ်းတွေကို စိတ်ပျက်စေပြီး Motivation ကျစေတဲ့ အကြောင့်အရင်း မဖြစ်ဖို့ သတိထားရပါမယ်။ Goal တွေကို သင့်တော်စွာ ချမှတ်နိုင်တဲ့အခါ Commitment တွေကို သိသိသာသာ တိုးတက်စေပြီး Organizational Health ကို အဓိကမောင်းနှင်နေတဲ့ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ အခန်းကဏ္ဍကို ရှင်းလင်းပြတ်သားစေမှာဖြစ်ပါတယ်။

ဝန်ထမ်းတွေအတွက်အရေးပါဆုံး Skills တွေရရှိဖို့ ခေတ်သစ်လေ့လာနည်းများနဲ့ ပြုစုပျိုးထောင်ခြင်း

၂၁ ရာစုအစောပိုင်းကာလတွေမှာ 4th Industrial Revolution ဖြစ်လာစေဖို့ အခြေခံကျတဲ့ တွန်းအား အသစ်တွေကို တွေ့မြင်လာရပါပြီ။ ဒါဟာ Organization တွေနဲ့ Employee နှစ်ဖက်စလုံးအတွက် တွန်းအားတွေဖြစ်လာပြီး လုပ်ငန်းခွင်အနေအထားတွေကိုပါ ထပ်မံပြောင်းလဲနေပါတယ်။ အဲ့ဒီ တွန်းအားတွေထဲကမှ လုပ်ငန်းတွေအတွက် အကြီးမာဆုံး (၂) ခုက ဘာတွေဖြစ်မလဲ လေ့လာကြည့်ပါမယ်။

  • ခေတ်သစ် နည်းပညာတွေက အလုပ်အကိုင်တွေကို ပြောင်းလဲစေတယ်
  • Skill အသစ်တွေကို တိုးတက်စေနိုင်မယ့် စဉ်ဆက်မပြတ် လေ့လာသင်ယူနိုင်တဲ့ Business Culture ကို ဖန်တီးပေးနိုင်မယ့် အလုပ်အကိုင်ဆိုတာ မရှိသလောက် ရှားပါးနေပါပြီ

ဒီတွန်းအားတွေကို အမီမလိုက်နိုင်ရင်တော့ စိန်ခေါ်မှုတွေအဖြစ် ပြောင်းလဲလာမှာဖြစ်ပါတယ်။

အဲ့ဒီထဲကမှ Modern Technology တွေက လုပ်ငန်းကဏ္ဍတွေကို ဘယ်လိုလွှမ်းမိုးလာနိုင်လဲဆိုတာကို လေ့လာ ကြည့်ပါမယ်။ Futurism စစ်တမ်းအရ တချို့သော Job Position များဟာ Automation ကြောင့် ပြောင်းလဲလာတာကို အရေးကြီးတဲ့ Issue အနေနဲ့ ဖော်ပြထားပါတယ်။ ဥပမာ – Modern Accounting Software တွေမှာ Manual Data Entry လုပ်စရာမလိုတော့ပါဘူး။ တချို့အလုပ်တွေဟာ Automation ကြောင့်ပျောက်ကွယ် သွားနိုင်ပေမယ့် အဲ့ဒီအလုပ်တွေနေရာမှာ အခြားသော Job Position အသစ်တွေ တိုးလာနိုင်ပါတယ်။ ဒီစိန်ခေါ်မှုအတွက် လုပ်ငန်းတွေအတွက်ရော ဝန်ထမ်းတွေအတွက်ပါ ပြင်ဆင်ထားရမယ့် လိုအပ်ချက်က ရှင်းလင်းပါတယ်။ အကယ်လို့ Modern Technology တွေသာ လုပ်ငန်းခွင်တွေမှာ ပိုပြီးတွင်ကျယ်လာမယ် ဆိုရင်တော့ Employee တွေအနေနဲ့ ကိုယ်ဟာ ဒီအလုပ်အတွက် သင့်တော်တဲ့ Skill တွေရှိကြောင်း သက်သေပြဖို့အတွက် လုပ်ငန်းခွင်နဲ့သက်ဆိုင်တဲ့ Skill အသစ် တွေကို ထပ်မံလေ့လာသင်ယူထားဖို့ လိုအပ်လာမှာဖြစ်ပါတယ်။

ဒါ့အပြင် Organization တွေကလည်း စျေးကွက်တွင်းမှာ အခြားသော ကုမ္ပဏီတွေနဲ့အပြိုင်ရပ်တည်နိုင်ဖို့ ကိုယ့် Organization ရဲ့ Department တိုင်းမှာ Skillful ဖြစ်မယ့်၀န်ထမ်းတွေ လိုအပ်ပါတယ်။ ဒီလို Skill အသစ်တွေကို Train ဖို့အတွက် Continuous Learning ကို မဖြစ်မနေလုပ်ဖို့ လိုအပ်ပါတယ်။

လုပ်ငန်းခွင်အတွင်း Continuous Learning ရဖို့ဆိုတာကတော့ ပိုခက်ခဲတဲ့ စိန်ခေါ်မှုဖြစ်ပါတယ်။ ဝန်ထမ်းတွေအတွက် Continuous Learning ကိုလုပ်ဆောင်နိုင်မယ့် Business Culture တစ်ခု ဖန်တီးပေးနိုင်ဖို့ဆိုတာ ကုမ္ပဏီအတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ပါတယ်။

သင့်ရဲ့ ဝန်ထမ်းတွေကို ခေတ်သစ်နည်းပညာများနဲ့ Train ပေးပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်အောင် ပြောင်းလဲပါ။
SAP SuccessFactors Learning Solution အနေနဲ့ သင်ယူလေ့လာသူတွေကို သက်ဆိုင်ရာ ရာထူးမှာရှိသင့်တဲ့ Skill တွေတိုးတက်ဖို့၊ Leader တွေဖြစ်လာဖို့၊ Risk တွေကို လျှော့ချဖို့ ကူညီပေးနိုင်ပါတယ်။
✅ SAP SuccessFactors လို နားလည်လွယ်တဲ့ Solution ကိုအသုံးပြုပြီး အောက်ပါတို့ကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
• ၀န်ထမ်းတွေကို (ဆရာအဖြစ်နဲ့ရော ကျောင်းသားအဖြစ်နဲ့ပါ) သင်ယူလေ့လာစေခြင်းဖြင့် Organization ရဲ့ Agility ၊ တီထွင်ဆန်းသစ်နိုင်ခြင်း နဲ့Business Outcome တွေကို တိုးတက်စေပါတယ်။

သင့်ရဲ့ဝန်ထမ်းတွေအတွက် ပြိုင်ဖက်ကင်းပြီး သင်ယူလေ့လာနိုင်စွမ်းကျယ်ပြန့်တဲ့ အလုပ်ပတ်ဝန်းကျင်ကို ဖန်တီးပေးပြီး သင့်ရဲ့ Partner တွေ ၊ Supplier တွေနဲ့ External Audience တွေကို လုပ်ငန်းနဲ့သက်ဆိုင်တဲ့ အသစ် အသစ်သော product announcement ၊ Guideline ၊ Rules & Regulations အစရှိတာတွေကို အချိန်နဲ့တစ်ပြေးညီ ဖြန့်ဝေပေးလို့ရပါတယ်။

၀န်ထမ်းတွေရဲ့ Competencies နဲ့ Skills တွေတိုးမြှင့်ဖို့အတွက် လိုအပ်တဲ့ Qualification နဲ့ Certification တွေ ရရှိအောင်ကူညီနိုင်မယ့် တိကျတဲ့ Training Guideline နဲ့ Training တွေကိုရရှိနိုင်ပါတယ်။

  • E-Learning Classroom
  • Virtual Instructor-Led Training
  • Mentoring အတွေ့အကြုံကောင်းတွေရရှိမယ့် On Job Training
  • ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူတွေနဲ့ Networking လုပ်ပေးနိုင်မယ့် ပြီးပြည့်စုံတဲ့ Blended Learning Strategy ကိုပေးနိုင်ပါတယ်။

Learning Solution က သင့်ကိုနောက်ပြန်မဆွဲပါစေနဲ့။ ခေတ်နဲ့အညီ Learning Management System ကို Upgrade လုပ်ဖို့ကလည်း လုပ်ငန်းအတွက်အရေးကြီးတာမို့ SAP SucessFactors ကို အသုံးပြုပြီး Organizational Learning Management ပုံစံသစ်ကိုရယူလိုက်ပါ။

များပြားတဲ့အချက်အလက်တွေကို အသုံးချပြီး အကောင်းဆုံး Insight ကိုရယူနိုင်ဖို့ အထိရောက်ဆုံးနည်းလမ်း

ဒီဂျစ်တယ်နည်းပညာနဲ့ဖန်တီးထားတဲ့ Analytics ဆိုတာ သင့်စီးပွားရေးဗျူဟာနဲ့ကိုက်ညီတဲ့ ဆုံးဖြတ်ချက်များကို မြန်မြန်ဆန်ဆန်ချနိုင်ဖို့ အထောက်အကူပေးပါတယ်။ SAP SuccessFactors Human Capital Analytics က လုပ်ငန်းနဲ့ လုပ်ငန်းအတွင်းပါဝင်သူများအတွက် အရေးပါတဲ့ Insight တွေကို ပေးနိုင်ပါတယ်။

နည်းပညာခေတ် စီးပွားရေးနယ်ပယ်အတွင်းမှာရှိတဲ့ HR များအတွက် Technology နဲ့ Analytics အပေါ် အခြေခံပြီး Innovative Solution တွေကို ဖန်တီးနိုင်တဲ့ အခွင့်အရေးတစ်ခုပါပဲ။

  1. ကုမ္ပဏီရဲ့ ဝန်ထမ်းအရေအတွက် ဘယ်လောက်လဲ
  2. Business Unit အလိုက် ဘယ်လို Skill တွေရှိသင့်လဲ
  3. ဘယ်လို Skill တွေကို လိုအပ်နေကြလဲ
  4. Skill ကွာခြားချက်က ဘယ်နေရာမှာ ဖြစ်နေတာလဲ
  5. ဒီလို Skill ကွာခြားချက်တွေကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းတွေက ဘာလဲ
  6. Talent Management နဲ့ Retention ကို တိုးတက်စေဖို့ ဆုပေးဒဏ်ပေးစနစ်ကို ဘယ်လိုပြင်ဆင်မလဲ… စတဲ့ HR လုပ်ငန်းစဉ်အားလုံးရဲ့ မေးခွန်းတွေအတွက် အဖြေကို ဒီအခွင့်အရေးကနေ သိရှိနိုင်မှာပါ။

🔺 ယနေ့ခေတ်မှာတော့ Business Tools အသစ်တွေက Cloud Platforms မှတစ်ဆင့်အလိုအလျောက် အချိန်နဲ့တပြေးညီ Reporting လုပ်ဆောင်ပေးနိုင်ပါတယ်။ Analytics Tool တွေရဲ့ ကုန်ကျစရိတ်က အရင်ထက် သိသိသာသာ သက်သာလာပါပြီ။ ဒါဟာ လုပ်ငန်းတစ်ခုကို ကမ္ဘာ့‌ဈေးကွက်အထိ ထိုးဖောက်ဖို့ အရေးကြီးတဲ့ အားသာချက်တစ်ရပ်ဖြစ်လာခဲ့ပြီး Business Strategy ကို ဖော်ဆောင်ရာမှာ HR ရဲ့ အခန်းကဏ္ဍကို ပြောင်းလဲစေခဲ့ပါတယ်။

  • သင့်လုပ်ငန်းနဲ့ပတ်သက်တဲ့ Information ကို Insight အဖြစ်ပြောင်းလဲပါ။
  • Big Data တွေကို Big Insight အဖြစ်ပြောင်းလဲလိုက်ပါ။

Successfactors Workforce Analytics အနေနဲ့ People Data နဲ့ Business Information တို့ကို တိကျစွာ ပေါင်းစည်းပြီး Organization အတွက် အရေးပါတဲ့ Insight တွေရဖို့ ကူညီပေးနိုင်ပါတယ်။ Performance တွေတိုးတက်ပြီး Risk တွေကို လျှော့ချနိုင်ဖို့ ဝန်ထမ်းမမြဲခြင်း၊ Customer Satisfaction မရှိခြင်း အစရှိတဲ့ အရေးကြီးတဲ့ Insight တွေကို အချိန်နဲ့တပြေးညီ ရရှိနိုင်ပါတယ်။

✅ Business Strategy နဲ့ Future Plan ကို Drive လုပ်နိုင်ဖို့ လက်တွေ့အသုံးချနိုင်တဲ့ Workforce Insight တွေအဖြစ် SAP SuccessFactors Solution က ထောက်ပံ့ပေးနိုင်ပါတယ်။

  • Measure တွေ၊ Dimension တွေကို ခွဲခြမ်းလေ့လာဖို့ အသုံးပြုရလွယ်တဲ့ User Interface နဲ့ ပြုလုပ်ပေးထားပါတယ်။ ဒါကြောင့် ဝန်ထမ်းတွေကြားထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာ နားလည်သိရှိနိုင်ပါတယ်။
  • Financial, Customer Relationship Management, Survey Data စတဲ့ Data တွေနဲ့ Core HR ကိုပေါင်းစည်းခြင်းဖြင့် Organization တစ်ခုလုံးအနေနဲ့ ဘာတွေဖြစ်နေလဲဆိုတဲ့ သတင်းအချက်အလက် ကို ပြသပေးပါတယ်။
  • SAP Successfactors Solutions မှာ သတ်မှတ်ပြီးသား Metric, Measures (2000) ကျော် တိုင်းတာချက်များကို အသုံးပြုပြီး Organization တစ်ခုလုံးမှာရှိတဲ့ Discussion တွေအတွက် တိကျတဲ့ Language တစ်ခုကို ဖန်တီးပေးထားပါတယ်။
  • Reportနဲ့ Dashboard များကို PDF၊ Microsoft Word (သို့မဟုတ်) Microsoft Excel Format နဲ့ အလွယ်တကူထုတ်ပေးနိုင်ပါတယ်။
  • Corporate Goals ကိုရဖို့ Action Plan ချမှတ်ခြင်း၊ Organizational Effectiveness ဖြစ်ဖို့ Leading Indicators များ သတ်မှတ်ခြင်းဖြင့် Business Strategies များကို တည်ဆောက် နိုင်ပါတယ်။
  • ခန့်မှန်းချက်မဟုတ်ဘဲ တိကျတဲ့အချက်အလက်ပေါ်အခြေခံကာ Targeted Initiatives တွေကို ဖန်တီးခြင်းဖြင့် ဝန်ထမ်းတွေရဲ့ အကျိုးအမြတ်ကို တိုးအောင် လုပ်ပေးနိုင်ပါတယ်။

✅ အရေးပါတဲ့ Decision တွေကို ခန့်မှန်းချက်နဲ့ မပြုလုပ်ပါနဲ့။ Cloud-Based People Analytics Solution ဖြစ်တဲ့ SAP SuccessFactors ကိုအသုံးပြုပြီး HR နဲ့ပက်သက်တဲ့ တိကျမှန်ကန်တဲ့ Decisions တွေကို ချမှတ်လိုက်ပါ။

SAP SuccessFactors HR စီမံခန့်ခွဲမှုစနစ်ဖြင့် ပိုမိုကောင်းမွန်တဲ့ Business Value ကိုဖန်တီးလိုက်ပါ

 

အင်တာနက်ကိုတွင်ကျယ်စွာ အသုံးပြုနေကြတဲ့digital ခေတ်မှာ Human Resource အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေလည်းပေါ်ပေါက်လာပါတယ်။

Workplace Experience ကို ပြန်လည်သတ်မှတ်ခြင်း၊ ဝန်ထမ်းတွေနဲ့ Engage လုပ်ခြင်းတို့ကို HR Team တွေကလုပ်ဆောင်ကြပါတယ်။ လုပ်ငန်းအတွက် လိုအပ်တဲ့ Skill တွေကို သတ်မှတ်ခြင်း၊ ဝန်ထမ်းများကို လုပ်ငန်းခွင်တွင် ကြာရှည်တည်မြဲအောင် ပြုလုပ်ခြင်း၊ ဝန်ထမ်းများရဲ့ သင်ယူလေ့လာမှုနဲ့ တိုးတက်မှု ၊ တိကျမှန်ကန်တဲ့ အချက်အလက်များကို အစီအရင်ခံခြင်း စတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းတဲ့အခါမှာ HR ကျွမ်းကျင်သူတွေအနေနဲ့ Business Objective နှင့် ချိန်ညှိပြီး နည်းဗျူဟာတွေကို ချမှတ်ရပါတယ်။

HR စီမံခန့်ခွဲမှုစနစ်ကို လုပ်ငန်းအတွက် အပိုကုန်ကျစရိတ် အနေဖြင့်မြင်မလား ဒါမှမဟုတ် သင့်လုပ်ငန်းအတွက် Leading Practice ရှိတဲ့  Value တစ်ခု  အဖြစ်တွေးမလားဆိုတာကတော့ သင့်ရွေးချယ်မှုအပေါ်မှာမူတည်ပါတယ်။

✅ စိန်ခေါ်မှုများ

ယနေ့ခေတ်ဝန်ထမ်းတွေအနေနဲ့ Training ရရှိမှု၊ Career တိုးတက်မှု၊ Performance Incentive အကျိုးခံစားခွင့်ရရှိမှု စတာတွေကိုအလိုရှိကြပါတယ်။ ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းမပေးနိုင်ခဲ့ဘူး ဆိုရင် ကုမ္ပဏီအတွင်းမှ လူတော်များက ဒါတွေကို ဖြည့်ဆည်းပေးနိုင်တဲ့ အခြားသော company ကို ရောက်ရှိသွားနိုင်ပါတယ်။

ရှုပ်ထွေးလှတဲ့ Traditional HR Systemတွေ၊ Manual Processတွေကို လုပ်ငန်းသုံး HR Software နဲ့မြန်ဆန်ထိရောက်အကျိုးရှိအောင်လုပ်နိုင်သလို Organization အတွက်လိုအပ်တဲ့ Talentတွေကို ရှာဖွေဖို့နဲ့ လုပ်ငန်းအတွင်းမြဲမြံအောင်ဆွဲဆောင်ထားနိုင်မယ့် နည်းလမ်းတွေရှိပါတယ်။

🔺 SAP SuccessFactors ဆိုတာ Cloud HXM (Human Experience Management) Solution ကို ပေးနေတဲ့ ထိပ်တန်း Provider ဖြစ်ပါတယ်။

SAP SuccessFactors Solution ကလုပ်ငန်းအတွင်း

(၁) Employee Engagement တွေပိုမိုကောင်းမွန်လာအောင် စီမံခန့်ခွဲနိုင်ဖို့

(၂) မန်နေဂျာများနဲ့ ဝန်ထမ်းများအကြား အပြန်လှန်ဆက်သွယ်မှု ပုံစံကို ပြောင်းလဲဖို့ နဲ့

(၃) Analytics တွေကို အသုံးပြုပြီး ပိုကောင်းတဲ့ Decisionတွေကို ချမှတ်နိုင်ဖို့ အစရှိတဲ့ ကိစရပ်တွေကို အထိရောက်ဆုံးလုပ်ဆောင်နိုင်ပါတယ်။ ဒါ့အပြင် SAP SuccessFactors ရဲ့ HXM Suite မှာ ဝန်ထမ်း တစ်ယောက်ချင်းစီက သူတို့ရဲ့ ကိုယ်ပိုင်အရည်အသွေးကို သတိပြုမိစေပြီး Performance ကို ထိပ်ဆုံး ရောက်အောင်သွားရာမှာလည်း အဆက်မပြတ်Motivateလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

✅ ဒီအချက်တွေက လုပ်ငန်းအောင်မြင်ဖို့အတွက်လိုအပ်တဲ့ Agile Workforce ကို တည်ဆောက်ရာမှာ အရေးပါတဲ့ သော့ချက်တွေဖြစ်ပါတယ်။ ဝန်ထမ်းတွေရဲ့အရည်အချင်းတွေပိုမိုတိုးတက်လာစေဖို့နဲ့ HRရဲ့လုပ်ငန်းစဉ်တွေ ပိုပြီးစနစ်ကျ ကျယ်ပြန့်လာစေဖို့ ကမ္ဘာတဝှမ်းက ကုမ္ပဏီတွေက SAP SuccessFactors ကို ယုံကြည်စိတ်ချစွာ ရွေးချယ်အသုံးပြုနေကြပါတယ်။

ဒီဂျစ်တယ်စီးပွားရေးနယ်ပယ်မှာ အောင်မြင်မှုဆိုတာ လူတွေက ပြုလုပ်တာဖြစ်တဲ့အတွက် သင်က အမြော်အမြင်ရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်၊ HR အကြီးအကဲတစ်ယောက် ၊ နည်းပညာကျွမ်းကျင်သူ ပညာရှင်တစ်ယောက် ဒါမှမဟုတ် စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတဲ့ HR ပရော်ဖက်ရှင် တစ်ယောက် ဖြစ်မယ်ဆိုရင် သင့်လုပ်ငန်းရဲ့ Result တွေကောင်းဖို့ SAP SucessFactors Solution က အပြည့်အဝ ကူ ညီ ပေး နိုင်ပါတယ်။

အနာဂတ်အတွက်ပြင်ဆင်ပြီး Talent တွေကို မွေးထုတ်ပါ

ကုမ္ပဏီ၊ အဖွဲ့အစည်း တွေမှာ “Talent” ရဲ့ အဓိပ္ပါယ်ကို အမျိုးမျိုးဖွင့်ဆိုကြပါတယ်။ယေဘုယျအားဖြင့် ပြောရရင် လုပ်ငန်းအတွက်ချက်ချင်းအကျိုးပြုနိုင်စွမ်းရှိတဲ့သူတွေ ဒါမှမဟုတ် ရေရှည်မှာအကျိုးပြုနိုင် ဖို့အလားအလာရှိတဲ့သူတွေ Organizational Performance မှာ ကောင်းသောအပြောင်းအလဲပြုလုပ် နိုင်တဲ့သူတွေကို Talent တွေလို့သတ်မှတ်ပါတယ်။

Talent Management ဆိုတာက Organization ကိုအကျိုးပြုနိုင်မယ့် (Value ပေးနိုင်မယ့်) သူတွေရဲ့ တိုးတက်မှု၊ ကြာရှည်လက်တွဲလုပ်ကိုင်နိုင်ရန် ဆွဲဆောင်ခြင်း၊ နေရာချခြင်း၊ Engagement လုပ်ခြင်း စတာတွေကို စနစ်တကျ စီမံခန်ခွဲခြင်းကို ခေါ်ပါတယ်။ လုပ်ငန်းအတွက် အဓိကနေရာကနေ ဖြည့်ဆည်းလုပ်ဆောင်ပေးမှာဖြစ်လို့ Talent တွေကို အနာဂတ်အလားအလာအတွက် ပံ့ပိုးမှုပေးတာ စီမံခန့်ခွဲတာလည်း Talent Management မှာပါဝင်ပါတယ်။

Talent Management Solution မှာ Leadership Coaching, Mentoring, Networking Events တွေလို Activities တွေ ပါဝင်ပါတယ်။

ပြိုင်ဘက်ကုမ္ပဏီတွေနဲ့ ဈေးကွက်အတွင်းယှဉ်ပြိုင်ရာမှာ အားသာမှုရရှိဖို့အတွက် အဖွဲ့အစည်းများ အနေနဲ့ Talent တွေကို စီမံခန့်ခွဲရာမှာ နည်းဗျူဟာတွေနဲ့ ချဉ်းကပ်ဖို့လိုပါတယ်။ Talent Management နည်းဗျူဟာကောင်းတစ်ခုက လူ့စွမ်းအားအရင်းအမြစ် ရင်းနှီးမြှုပ်နှံမှုတွေကို ပိုမိုစနစ်ကျသော အကျိုးရှိသော ရလဒ်တွေဖြစ်အောင် ဖော်ဆောင်ပေးပါတယ်။

အဖွဲ့အစည်းရဲ့ အားသာချက်တွေကို ဖော်ဆောင်ရာမှာ အဓိကကျတဲ့ Talent တွေကို ပြုစုပျိုးထောင်ဖို့ SAP SuccessFactors Succession & Development Solution က အကူအညီပေးနိုင်ပါတယ်။ ဒါ့အပြင် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွေဆောင်ရွက်ရာမှာ အရေးကြီးတဲ့ Visibility နဲ့ Planning ကို အလေးပေးထားလို့ သင့်လုပ်ငန်းရဲ့ Business Goalတွေကို ရောက်ရှိနိုင်မှာဖြစ်ပါတယ်။ SAP SucessFactors Solution ကို အသုံးပြုခြင်းဖြင့် ဝန်ထမ်းတွေရဲ့ Career ကို မြှင့်တင်ပေးပြီး ထိပ်တန်းဦးဆောင်သူတွေဖြစ်ဖို့ Career နဲ့ ပတ်သက်တဲ့ အခွင့်လမ်းတွေကို ဆပွားပေးနိုင်မှာပါ။

SAP SucessFactors Succession & Development Solution အနေနဲ့ …
• ဝန်ထမ်းများအတွက် အဓိပ္ပါယ်ရှိသော အလုပ်နှင့်ကြီးထွားမှု အခွင့်အလမ်းတွေကို ဖန်တီးပေးခြင်း
• စွမ်းဆောင်ရည်မြင့်မားသော လုပ်ငန်းခွင်ဖြစ်အောင် တည်ဆောက်ပေးခြင်း
• စဉ်ဆက်မပြတ်လေ့လာသင်ယူနိုင်သော ပတ်ဝန်းကျင်ကိုဖြစ်ပေါ်စေခြင်း
• Employee Value Proposition အတွက် Value အသစ်များထပ်ဆင့်တိုးပွားစေခြင်း
• မတူကွဲပြားမှု (Diversity) နဲ့ ပါဝင်မှု (Inclusion) ကို မြှင့်တင်ပေးခြင်း
• လူ့စွမ်းအားအရင်းအမြစ် အချက်အလက်များကို အသုံးပြုပြီး ပိုမိုကောင်းမွန်သော စီးပွားရေးဆုံးဖြတ်ချက်များ ချမှတ်နိုင်ခြင်း
• ကုန်ထုတ်လုပ်မှုစွမ်းအားကို မြှင့်တင်နိုင်ခြင်း အစရှိသောစွမ်းဆောင်ချက်များ လုပ်ဆောင်ပေးနိုင် ပါတယ်။
ဒါတွေအပြင်
• ဝန်ထမ်းတွေရဲ့ Competency နဲ့ Skill Level ကို သတ်မှတ်ပြီး ဝန်ထမ်းတွေရဲ့ အနာဂတ်အလားအလာကို လက်တွေ့ကျကျ ဆုံးဖြတ်ပေးနိုင်ပါတယ်။
• Organizational Alignment ကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်ပေးနိုင်ပါတယ်၊ လုပ်ငန်းအတွက်မရှိမဖြစ် လိုအပ်ချက်တွေကို ဝန်ထမ်းတွေနဲ့ ချိန်ညှိနိုင်ဖို့အတွက် Skill & Competency Libraries တွေကို သုံးပြီး Leadership Continuity ရရှိအောင် ပံ့ပိုးပေးနိုင်ပါတယ်။
• Interactive ဖြစ်တဲ့ Succession Organization Chart နဲ့ ဝန်ထမ်းတွေရဲ့ Insight တွေကို ဖော်ထုတ်ပေးနိုင်ပါတယ်၊ HR နဲ့ မန်နေဂျာများအတွက် Talent ကို မြင်သာစေဖို့ လုပ်ပေးနိုင်ပါတယ်။
• Career လမ်းကြောင်းတွေကို ဖော်ထုတ်ခြင်း၊ ကိုယ်ရွေးလိုတဲ့ လမ်းကြောင်းရှိသူအချင်းချင်းကို ချိတ်ဆက်ပေးခြင်း၊ အနာဂတ် Career လမ်းကြောင်းအတွက် လိုအပ်ချက်၊ ကွာဟချက်တို့ကို ရှာဖွေသတ်မှတ်ပေးခြင်းဖြင့် ဝန်ထမ်းတွေကို Motivate လုပ်ပေးနိုင်ပါတယ်။
• Talent Supply နဲ့ Demand ကို ခွဲခြမ်းလေ့လာဖို့ Workforce Planning Insights တွေကို အသုံးပြုပြီး နည်းဗျူဟာကျကျ အောင်မြင်စွာ စီမံခန့်ခွဲနိုင်ဖို့ လုပ်ဆောင်ပေးနိုင်ပါတယ်။

ဝန်ထမ်းတွေရဲ့ Career ဖွံ့ဖြိုးမှုအတွက် စနစ်တကျအလေးပေးစီမံဆောင်ရွက်ခြင်းဖြင့် Talent ပြတ်တောက်မှု ကွာဟမှုများကို အဆုံးသတ်ပြီး Leader များကို မွေးထုတ်ပေးလိုက်ပါ။

Project Cost Management အတွက်မရှိမဖြစ်လိုအပ်သောအချက် ၇ ချက်

Project Manager (သို့မဟုတ်) Finance Executives တယောက်အနေဖြင့် project ၏ ကုန်ကျစရိတ်နှင့်အမြတ်အစွန်းကိုစီမံခန့်ခွဲခြင်းသည်စိန်ခေါ်မှူတစ်ရပ် ဖြစ်နိုင်ပါ သည်။ အကယ်၍သင်သည် excels သုံးနေသေးပါက Project ကုန်ထုတ်စွမ်းအားကို တိုးမြှင့်ခြင်းနှင့်စီမံကိန်းတစ်လျှောက်လုံးကုန်ကျစရိတ်များကိုတိုင်းတာရန်အတွက် Project Management Solution ကိုပြောင်းလဲသုံးသင့်သောအချိန်ဖြစ်ပါသည်။ Project Management Solution တစ်ခုကိုမရွေးချယ်ခင် Cost Management အတွက် ရှိထားသင့်သောအချက်များကို ဖော်ပြပေး လိုက် ပါသည်။

Project Management Solution အတွက်အသုံး၀င်နိုင်သောအချက်မျာ

၁။ ကုန်ကျစရိတ်ခန့်မှန်းခြင်း

Project Management Solution သည် Project အတွက်အဓိကအချက်မှာသတ်မှတ်ထားသောအတိုင်းအတာနှင့်စျေးနှုန်းများကိုခန့်မှန်းနိုင်ခြင်းပဲဖြစ်ပါသည်။Project Management တွင် ကုန်ကျစရိတ်ခန့်မှန်းခြင်းအမျိုးအစားပေါင်းများစွာရှိပါသည်။ စီမံကိန်းအချိန်ဇယားသို့မဟုတ်အခြားအချက်များပြောင်းလဲနိုင်သောကြောင့် Solution ၏အကူအညီ ဖြင့်စျေးနှုန်းခန့်မှန်းချက်များကို update လုပ်ရန်အရေးကြီးပါသည်။ Solution ကိုအသုံးပြုခြင်းဖြင့် teamတစ်ခု၏ performanceနှင့်လိုအပ်သောညှိနိုင်းချက်များကိုပြုလုပ်နိုင် ပြီးအမှန်တကယ်ကုန်ကျစရိတ်များနှင့်စီမံကိန်းခန့်မှန်းချက်များကိုလည်းပိုမိုသိသာစေသည်။

၂။၊ ဘဏ္ဍာရေးကိုစီမံခန့်ခွဲခြင်း   

Project Managerများကိုအပတ်စဉ်နှင့်လစဉ်ကုန်ကျစရိတ်များဆိုင်ရာ report များကို ကုန်ကျစရိတ်စီမံခန့်ခွဲမှု tool ဖြင့်ပေးပို့နိုင်ပါသည်။ ထို့ကြောင့်သင်၏ Project သည်သတ်မှတ်ထားသည့်Budget ထက်ကျော်လွန်သွားခြင်းမရှိနိုင်ဟုယုံကြည်စိတ်ချထားနိုင်ပါသည်။အကယ်၍Budget သည်သတ်မှတ်ထားသည့်အတိုင်းအတာနီးကပ်လာလျှင်လည်း project နှင့်ညှိနှိုင်းနိုင်အောင်solution ကသင့်ကိုအသိပေးပါလိမ့်မယ်။

၃။ စီမံကိန်းစွမ်းဆောင်ရည်ကိုတိုင်းတာခြင်း

သင်၏စီမံကိန်း၏စွမ်းဆောင်ရည်ကိုသင်၏အချိန်ဇယားအတိုင်းနှင့် သတ်မှတ်ထားသောBudget အတွင်းတွင်တိုင်းတာနိုင်ပါသည်။သင်၏စီမံကိန်း၏စွမ်းဆောင်ရည်ကိုခြေရာခံရန်အလွယ်ကူဆုံးနည်းလမ်းမှာအချက်အလက်များကိုအချိန်နှင့်တပြေးညီမွမ်းမံပေးသော dashboard ကိုသုံးခြင်းပဲဖြစ်ပါသည်။သင်၏ dashboard တွင်ကုန်ကျစရိတ်အခြေခံ၊အမှန်တကယ်ကုန်ကျစရိတ်များနှင့် အချိန်ဇယားကွဲလွဲမှုများ ပါ၀င်သင့်သည်။

၄။ လွယ်ကူစွာအစီရင်ခံစာတင်ခြင်း

Project များကို အဆင်ပြေချောမွေ့စွာလည်ပတ်နိုင်ရန်အတွက်လွယ်ကူစွာအစီရင်ခံစာတင်နိုင်သော ကုန်ကျစရိတ်စီမံခန့်ခွဲမှု tool ကိုသေချာရှာဖွေအသုံးပြုသင့်ပါသည်။သတင်းပို့ခြင်းနှင့်ပတ်သက်လာလျှင်လည်း  cloud တွင်လုံခြုံစွာမျှဝေနိုင်ခြင်းသည်လည်းအရေးကြီးသည်။

၅။ လွယ်ကူစွာအသုံးပြုနိုင်ခြင်း

ကုန်ကျစရိတ်ကိုစာရင်းပြုစုခြင်းသည်ခက်ခဲသောကြောင့်အသုံးပြုသူအတွက်လွယ်ကူသောကုန်ကျစရိတ်စီမံခန့်ခွဲမှုသည်မဖြစ်မနေလိုအပ်ပါသည်။ စစ်တမ်းကောက်ယူထားသည့်အရသုံးစွဲသူ ၂၄ရာခိုင်နှုန်းကစီမံခန့်ခွဲမှု၏အရေးကြီးဆုံးသောအရာမှာအသုံးပြုရန်လွယ်ကူခြင်းဖြစ်သည်ဟုဆိုထားပါသည်။

၆။. ကုန်ကျစရိတ်တက်နိုင်မှု

စီးပွားရေးလုပ်ငန်းများအောင်မြင်မှုရရှိရန်အတွက်ကုန်ကျစရိတ်စာရင်းကိုင်toolများလိုအပ်ပါသည်။ထို tool များထဲတွင် ကုန်ထုတ်စွမ်းအားတိုးမြှင့်စေရန်တန် ဖိုး နည်း tool များနှင့် တ ခြားရွေး ချယ်စရာများလည်းရှိနေပါ သေးသည်။စျေးနှုန်းနှင့်တခြားအရေးကြီးသောအကျိုးကျေးဇူးများကိုသေချာစွာချိန်၍အသုံးပြုသင့်ပါသည်။

၇။ Third-party ပေါင်းစည်းမှု

စီမံကိန်းကုန်ကျစရိတ်စီမံခန့်ခွဲရေးဆိုင်ရာကိရိယာများသည်third  party၏ပေါင်းစည်းမှုများဖြင့်သင့်အားထပ်မံအားသာချက်တစ်ခုပေးသင့်သည်။၎င်းသည်သင်၏စီမံကိန်းစီမံချက်တစ်ခုလုံးကိုချော‌ မွေ့စေသည်။

ကုန်ကျစရိတ်စီမံခန့်ခွဲမှု၏အဓိကအစိတ်အပိုင်းများ

ကုန်ကျစရိတ်စီမံခန့်ခွဲမှုအစီအစဉ်သည်စီမံကိန်းတစ်ခု၏ကုန်ကျစရိတ်များကိုသင်မည်ကဲ့သို့စီမံခန့်ခွဲသည်၊ ထိန်းချုပ်သည်၊ ကိုသတ်မှတ်ပေးသည်။Project Management Solution သည် Cost Management အစီအစဉ်များကိုပိုမိုလွယ်ကူစေသည်။ Cost Management အစီအစဉ်ကိုသင်စိတ်ကြိုက်ပြုလုပ်နိုင်သော်လည်းအောက်တွင်ဖော်ပြထားသောသောအရာများပါ၀င်သောစံပုံစံတစ်ခုဖြစ်သင့်သည်။

  •       ကုန်ကျစရိတ်စီမံခန့်ခွဲမှုနည်းလမ်း
  •       ကုန်ကျစရိတ်ခန့်မှန်းခြင်း
  •       ကုန်ကျစရိတ်အခြေခံ
  •       ပြောင်းလဲမှု – ထိန်းချုပ်မှုလုပ်ငန်းစဉ်
  •       ကုန်ကျစရိတ်ထိန်းချုပ်ခြင်းနှင့်အစီရင်ခံခြင်း
  •       စီမံကိန်း Budget

ကုန်ကျစရိတ်ထိန်းချုပ်နည်းစနစ်

စီမံကိန်းမန်နေဂျာများသည်စီမံကိန်းရည်မှန်းချက်များကိုကြီးကြပ်ခြင်းနှင့်ထိရောက်သောကုန်ကျစရိတ်ကိုထိန်းချုပ်ရန်တာ၀န်ရှိသည်။ ဖော်ပြထားသောအချက်များသည်ကုန်ကျစရိတ်ထိန်းချုပ်သည့်နည်းစနစ်များဖြစ်သည်။

  •       Budget အစီစဥ်များ ရေးဆွဲခြင်း
  •       ကုန်ကျစရိတ်များကိုခြေရာခံခြင်း
  •       အချိန်စီမံခန့်ခွဲမှု
  •       စီမံကိန်းပြောင်းလဲမှုကိုထိန်းချုပ်ခြင်း

စီမံကိန်းBudgetရှိခြင်းသည်လုံလောက်သောဖြေရှင်းချက်မဟုတ်ပါ။စီမံကိန်းကုန်ကျစရိတ်စီမံခန့်ခွဲမှုကိုအကောင်အထည် ဖော်ခြင်းအားဖြင့်၊နောက်ဆုံးကုန်ကျစရိတ်သည်သင်၏ခန့်မှန်းချက်နှင့်ကိုက်ညီမှုရှိစေရန်သ့င်ကုန်ကျစရိတ်ထိန်းချုပ်သည့်နည်းစနစ်များကိုအလိုအလျှောက်လုပ်နိုင်သည်။

#SAP #Vanguard_Myanmar #ERP #Business_Software #SAP_Myanmar #SAP_Gold_Partner #ERP_Myanmar