SAP SuccessFactors HR စီမံခန့်ခွဲမှုစနစ်ဖြင့် ပိုမိုကောင်းမွန်တဲ့ Business Value ကိုဖန်တီးလိုက်ပါ

 

အင်တာနက်ကိုတွင်ကျယ်စွာ အသုံးပြုနေကြတဲ့digital ခေတ်မှာ Human Resource အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေလည်းပေါ်ပေါက်လာပါတယ်။

Workplace Experience ကို ပြန်လည်သတ်မှတ်ခြင်း၊ ဝန်ထမ်းတွေနဲ့ Engage လုပ်ခြင်းတို့ကို HR Team တွေကလုပ်ဆောင်ကြပါတယ်။ လုပ်ငန်းအတွက် လိုအပ်တဲ့ Skill တွေကို သတ်မှတ်ခြင်း၊ ဝန်ထမ်းများကို လုပ်ငန်းခွင်တွင် ကြာရှည်တည်မြဲအောင် ပြုလုပ်ခြင်း၊ ဝန်ထမ်းများရဲ့ သင်ယူလေ့လာမှုနဲ့ တိုးတက်မှု ၊ တိကျမှန်ကန်တဲ့ အချက်အလက်များကို အစီအရင်ခံခြင်း စတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းတဲ့အခါမှာ HR ကျွမ်းကျင်သူတွေအနေနဲ့ Business Objective နှင့် ချိန်ညှိပြီး နည်းဗျူဟာတွေကို ချမှတ်ရပါတယ်။

HR စီမံခန့်ခွဲမှုစနစ်ကို လုပ်ငန်းအတွက် အပိုကုန်ကျစရိတ် အနေဖြင့်မြင်မလား ဒါမှမဟုတ် သင့်လုပ်ငန်းအတွက် Leading Practice ရှိတဲ့  Value တစ်ခု  အဖြစ်တွေးမလားဆိုတာကတော့ သင့်ရွေးချယ်မှုအပေါ်မှာမူတည်ပါတယ်။

✅ စိန်ခေါ်မှုများ

ယနေ့ခေတ်ဝန်ထမ်းတွေအနေနဲ့ Training ရရှိမှု၊ Career တိုးတက်မှု၊ Performance Incentive အကျိုးခံစားခွင့်ရရှိမှု စတာတွေကိုအလိုရှိကြပါတယ်။ ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းမပေးနိုင်ခဲ့ဘူး ဆိုရင် ကုမ္ပဏီအတွင်းမှ လူတော်များက ဒါတွေကို ဖြည့်ဆည်းပေးနိုင်တဲ့ အခြားသော company ကို ရောက်ရှိသွားနိုင်ပါတယ်။

ရှုပ်ထွေးလှတဲ့ Traditional HR Systemတွေ၊ Manual Processတွေကို လုပ်ငန်းသုံး HR Software နဲ့မြန်ဆန်ထိရောက်အကျိုးရှိအောင်လုပ်နိုင်သလို Organization အတွက်လိုအပ်တဲ့ Talentတွေကို ရှာဖွေဖို့နဲ့ လုပ်ငန်းအတွင်းမြဲမြံအောင်ဆွဲဆောင်ထားနိုင်မယ့် နည်းလမ်းတွေရှိပါတယ်။

🔺 SAP SuccessFactors ဆိုတာ Cloud HXM (Human Experience Management) Solution ကို ပေးနေတဲ့ ထိပ်တန်း Provider ဖြစ်ပါတယ်။

SAP SuccessFactors Solution ကလုပ်ငန်းအတွင်း

(၁) Employee Engagement တွေပိုမိုကောင်းမွန်လာအောင် စီမံခန့်ခွဲနိုင်ဖို့

(၂) မန်နေဂျာများနဲ့ ဝန်ထမ်းများအကြား အပြန်လှန်ဆက်သွယ်မှု ပုံစံကို ပြောင်းလဲဖို့ နဲ့

(၃) Analytics တွေကို အသုံးပြုပြီး ပိုကောင်းတဲ့ Decisionတွေကို ချမှတ်နိုင်ဖို့ အစရှိတဲ့ ကိစရပ်တွေကို အထိရောက်ဆုံးလုပ်ဆောင်နိုင်ပါတယ်။ ဒါ့အပြင် SAP SuccessFactors ရဲ့ HXM Suite မှာ ဝန်ထမ်း တစ်ယောက်ချင်းစီက သူတို့ရဲ့ ကိုယ်ပိုင်အရည်အသွေးကို သတိပြုမိစေပြီး Performance ကို ထိပ်ဆုံး ရောက်အောင်သွားရာမှာလည်း အဆက်မပြတ်Motivateလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

✅ ဒီအချက်တွေက လုပ်ငန်းအောင်မြင်ဖို့အတွက်လိုအပ်တဲ့ Agile Workforce ကို တည်ဆောက်ရာမှာ အရေးပါတဲ့ သော့ချက်တွေဖြစ်ပါတယ်။ ဝန်ထမ်းတွေရဲ့အရည်အချင်းတွေပိုမိုတိုးတက်လာစေဖို့နဲ့ HRရဲ့လုပ်ငန်းစဉ်တွေ ပိုပြီးစနစ်ကျ ကျယ်ပြန့်လာစေဖို့ ကမ္ဘာတဝှမ်းက ကုမ္ပဏီတွေက SAP SuccessFactors ကို ယုံကြည်စိတ်ချစွာ ရွေးချယ်အသုံးပြုနေကြပါတယ်။

ဒီဂျစ်တယ်စီးပွားရေးနယ်ပယ်မှာ အောင်မြင်မှုဆိုတာ လူတွေက ပြုလုပ်တာဖြစ်တဲ့အတွက် သင်က အမြော်အမြင်ရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်၊ HR အကြီးအကဲတစ်ယောက် ၊ နည်းပညာကျွမ်းကျင်သူ ပညာရှင်တစ်ယောက် ဒါမှမဟုတ် စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတဲ့ HR ပရော်ဖက်ရှင် တစ်ယောက် ဖြစ်မယ်ဆိုရင် သင့်လုပ်ငန်းရဲ့ Result တွေကောင်းဖို့ SAP SucessFactors Solution က အပြည့်အဝ ကူ ညီ ပေး နိုင်ပါတယ်။