အနာဂတ်အတွက်ပြင်ဆင်ပြီး Talent တွေကို မွေးထုတ်ပါ

ကုမ္ပဏီ၊ အဖွဲ့အစည်း တွေမှာ “Talent” ရဲ့ အဓိပ္ပါယ်ကို အမျိုးမျိုးဖွင့်ဆိုကြပါတယ်။ယေဘုယျအားဖြင့် ပြောရရင် လုပ်ငန်းအတွက်ချက်ချင်းအကျိုးပြုနိုင်စွမ်းရှိတဲ့သူတွေ ဒါမှမဟုတ် ရေရှည်မှာအကျိုးပြုနိုင် ဖို့အလားအလာရှိတဲ့သူတွေ Organizational Performance မှာ ကောင်းသောအပြောင်းအလဲပြုလုပ် နိုင်တဲ့သူတွေကို Talent တွေလို့သတ်မှတ်ပါတယ်။

Talent Management ဆိုတာက Organization ကိုအကျိုးပြုနိုင်မယ့် (Value ပေးနိုင်မယ့်) သူတွေရဲ့ တိုးတက်မှု၊ ကြာရှည်လက်တွဲလုပ်ကိုင်နိုင်ရန် ဆွဲဆောင်ခြင်း၊ နေရာချခြင်း၊ Engagement လုပ်ခြင်း စတာတွေကို စနစ်တကျ စီမံခန်ခွဲခြင်းကို ခေါ်ပါတယ်။ လုပ်ငန်းအတွက် အဓိကနေရာကနေ ဖြည့်ဆည်းလုပ်ဆောင်ပေးမှာဖြစ်လို့ Talent တွေကို အနာဂတ်အလားအလာအတွက် ပံ့ပိုးမှုပေးတာ စီမံခန့်ခွဲတာလည်း Talent Management မှာပါဝင်ပါတယ်။

Talent Management Solution မှာ Leadership Coaching, Mentoring, Networking Events တွေလို Activities တွေ ပါဝင်ပါတယ်။

ပြိုင်ဘက်ကုမ္ပဏီတွေနဲ့ ဈေးကွက်အတွင်းယှဉ်ပြိုင်ရာမှာ အားသာမှုရရှိဖို့အတွက် အဖွဲ့အစည်းများ အနေနဲ့ Talent တွေကို စီမံခန့်ခွဲရာမှာ နည်းဗျူဟာတွေနဲ့ ချဉ်းကပ်ဖို့လိုပါတယ်။ Talent Management နည်းဗျူဟာကောင်းတစ်ခုက လူ့စွမ်းအားအရင်းအမြစ် ရင်းနှီးမြှုပ်နှံမှုတွေကို ပိုမိုစနစ်ကျသော အကျိုးရှိသော ရလဒ်တွေဖြစ်အောင် ဖော်ဆောင်ပေးပါတယ်။

အဖွဲ့အစည်းရဲ့ အားသာချက်တွေကို ဖော်ဆောင်ရာမှာ အဓိကကျတဲ့ Talent တွေကို ပြုစုပျိုးထောင်ဖို့ SAP SuccessFactors Succession & Development Solution က အကူအညီပေးနိုင်ပါတယ်။ ဒါ့အပြင် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွေဆောင်ရွက်ရာမှာ အရေးကြီးတဲ့ Visibility နဲ့ Planning ကို အလေးပေးထားလို့ သင့်လုပ်ငန်းရဲ့ Business Goalတွေကို ရောက်ရှိနိုင်မှာဖြစ်ပါတယ်။ SAP SucessFactors Solution ကို အသုံးပြုခြင်းဖြင့် ဝန်ထမ်းတွေရဲ့ Career ကို မြှင့်တင်ပေးပြီး ထိပ်တန်းဦးဆောင်သူတွေဖြစ်ဖို့ Career နဲ့ ပတ်သက်တဲ့ အခွင့်လမ်းတွေကို ဆပွားပေးနိုင်မှာပါ။

SAP SucessFactors Succession & Development Solution အနေနဲ့ …
• ဝန်ထမ်းများအတွက် အဓိပ္ပါယ်ရှိသော အလုပ်နှင့်ကြီးထွားမှု အခွင့်အလမ်းတွေကို ဖန်တီးပေးခြင်း
• စွမ်းဆောင်ရည်မြင့်မားသော လုပ်ငန်းခွင်ဖြစ်အောင် တည်ဆောက်ပေးခြင်း
• စဉ်ဆက်မပြတ်လေ့လာသင်ယူနိုင်သော ပတ်ဝန်းကျင်ကိုဖြစ်ပေါ်စေခြင်း
• Employee Value Proposition အတွက် Value အသစ်များထပ်ဆင့်တိုးပွားစေခြင်း
• မတူကွဲပြားမှု (Diversity) နဲ့ ပါဝင်မှု (Inclusion) ကို မြှင့်တင်ပေးခြင်း
• လူ့စွမ်းအားအရင်းအမြစ် အချက်အလက်များကို အသုံးပြုပြီး ပိုမိုကောင်းမွန်သော စီးပွားရေးဆုံးဖြတ်ချက်များ ချမှတ်နိုင်ခြင်း
• ကုန်ထုတ်လုပ်မှုစွမ်းအားကို မြှင့်တင်နိုင်ခြင်း အစရှိသောစွမ်းဆောင်ချက်များ လုပ်ဆောင်ပေးနိုင် ပါတယ်။
ဒါတွေအပြင်
• ဝန်ထမ်းတွေရဲ့ Competency နဲ့ Skill Level ကို သတ်မှတ်ပြီး ဝန်ထမ်းတွေရဲ့ အနာဂတ်အလားအလာကို လက်တွေ့ကျကျ ဆုံးဖြတ်ပေးနိုင်ပါတယ်။
• Organizational Alignment ကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်ပေးနိုင်ပါတယ်၊ လုပ်ငန်းအတွက်မရှိမဖြစ် လိုအပ်ချက်တွေကို ဝန်ထမ်းတွေနဲ့ ချိန်ညှိနိုင်ဖို့အတွက် Skill & Competency Libraries တွေကို သုံးပြီး Leadership Continuity ရရှိအောင် ပံ့ပိုးပေးနိုင်ပါတယ်။
• Interactive ဖြစ်တဲ့ Succession Organization Chart နဲ့ ဝန်ထမ်းတွေရဲ့ Insight တွေကို ဖော်ထုတ်ပေးနိုင်ပါတယ်၊ HR နဲ့ မန်နေဂျာများအတွက် Talent ကို မြင်သာစေဖို့ လုပ်ပေးနိုင်ပါတယ်။
• Career လမ်းကြောင်းတွေကို ဖော်ထုတ်ခြင်း၊ ကိုယ်ရွေးလိုတဲ့ လမ်းကြောင်းရှိသူအချင်းချင်းကို ချိတ်ဆက်ပေးခြင်း၊ အနာဂတ် Career လမ်းကြောင်းအတွက် လိုအပ်ချက်၊ ကွာဟချက်တို့ကို ရှာဖွေသတ်မှတ်ပေးခြင်းဖြင့် ဝန်ထမ်းတွေကို Motivate လုပ်ပေးနိုင်ပါတယ်။
• Talent Supply နဲ့ Demand ကို ခွဲခြမ်းလေ့လာဖို့ Workforce Planning Insights တွေကို အသုံးပြုပြီး နည်းဗျူဟာကျကျ အောင်မြင်စွာ စီမံခန့်ခွဲနိုင်ဖို့ လုပ်ဆောင်ပေးနိုင်ပါတယ်။

ဝန်ထမ်းတွေရဲ့ Career ဖွံ့ဖြိုးမှုအတွက် စနစ်တကျအလေးပေးစီမံဆောင်ရွက်ခြင်းဖြင့် Talent ပြတ်တောက်မှု ကွာဟမှုများကို အဆုံးသတ်ပြီး Leader များကို မွေးထုတ်ပေးလိုက်ပါ။