ဝန်ထမ်းတွေအတွက်အရေးပါဆုံး Skills တွေရရှိဖို့ ခေတ်သစ်လေ့လာနည်းများနဲ့ ပြုစုပျိုးထောင်ခြင်း

၂၁ ရာစုအစောပိုင်းကာလတွေမှာ 4th Industrial Revolution ဖြစ်လာစေဖို့ အခြေခံကျတဲ့ တွန်းအား အသစ်တွေကို တွေ့မြင်လာရပါပြီ။ ဒါဟာ Organization တွေနဲ့ Employee နှစ်ဖက်စလုံးအတွက် တွန်းအားတွေဖြစ်လာပြီး လုပ်ငန်းခွင်အနေအထားတွေကိုပါ ထပ်မံပြောင်းလဲနေပါတယ်။ အဲ့ဒီ တွန်းအားတွေထဲကမှ လုပ်ငန်းတွေအတွက် အကြီးမာဆုံး (၂) ခုက ဘာတွေဖြစ်မလဲ လေ့လာကြည့်ပါမယ်။

  • ခေတ်သစ် နည်းပညာတွေက အလုပ်အကိုင်တွေကို ပြောင်းလဲစေတယ်
  • Skill အသစ်တွေကို တိုးတက်စေနိုင်မယ့် စဉ်ဆက်မပြတ် လေ့လာသင်ယူနိုင်တဲ့ Business Culture ကို ဖန်တီးပေးနိုင်မယ့် အလုပ်အကိုင်ဆိုတာ မရှိသလောက် ရှားပါးနေပါပြီ

ဒီတွန်းအားတွေကို အမီမလိုက်နိုင်ရင်တော့ စိန်ခေါ်မှုတွေအဖြစ် ပြောင်းလဲလာမှာဖြစ်ပါတယ်။

အဲ့ဒီထဲကမှ Modern Technology တွေက လုပ်ငန်းကဏ္ဍတွေကို ဘယ်လိုလွှမ်းမိုးလာနိုင်လဲဆိုတာကို လေ့လာ ကြည့်ပါမယ်။ Futurism စစ်တမ်းအရ တချို့သော Job Position များဟာ Automation ကြောင့် ပြောင်းလဲလာတာကို အရေးကြီးတဲ့ Issue အနေနဲ့ ဖော်ပြထားပါတယ်။ ဥပမာ – Modern Accounting Software တွေမှာ Manual Data Entry လုပ်စရာမလိုတော့ပါဘူး။ တချို့အလုပ်တွေဟာ Automation ကြောင့်ပျောက်ကွယ် သွားနိုင်ပေမယ့် အဲ့ဒီအလုပ်တွေနေရာမှာ အခြားသော Job Position အသစ်တွေ တိုးလာနိုင်ပါတယ်။ ဒီစိန်ခေါ်မှုအတွက် လုပ်ငန်းတွေအတွက်ရော ဝန်ထမ်းတွေအတွက်ပါ ပြင်ဆင်ထားရမယ့် လိုအပ်ချက်က ရှင်းလင်းပါတယ်။ အကယ်လို့ Modern Technology တွေသာ လုပ်ငန်းခွင်တွေမှာ ပိုပြီးတွင်ကျယ်လာမယ် ဆိုရင်တော့ Employee တွေအနေနဲ့ ကိုယ်ဟာ ဒီအလုပ်အတွက် သင့်တော်တဲ့ Skill တွေရှိကြောင်း သက်သေပြဖို့အတွက် လုပ်ငန်းခွင်နဲ့သက်ဆိုင်တဲ့ Skill အသစ် တွေကို ထပ်မံလေ့လာသင်ယူထားဖို့ လိုအပ်လာမှာဖြစ်ပါတယ်။

ဒါ့အပြင် Organization တွေကလည်း စျေးကွက်တွင်းမှာ အခြားသော ကုမ္ပဏီတွေနဲ့အပြိုင်ရပ်တည်နိုင်ဖို့ ကိုယ့် Organization ရဲ့ Department တိုင်းမှာ Skillful ဖြစ်မယ့်၀န်ထမ်းတွေ လိုအပ်ပါတယ်။ ဒီလို Skill အသစ်တွေကို Train ဖို့အတွက် Continuous Learning ကို မဖြစ်မနေလုပ်ဖို့ လိုအပ်ပါတယ်။

လုပ်ငန်းခွင်အတွင်း Continuous Learning ရဖို့ဆိုတာကတော့ ပိုခက်ခဲတဲ့ စိန်ခေါ်မှုဖြစ်ပါတယ်။ ဝန်ထမ်းတွေအတွက် Continuous Learning ကိုလုပ်ဆောင်နိုင်မယ့် Business Culture တစ်ခု ဖန်တီးပေးနိုင်ဖို့ဆိုတာ ကုမ္ပဏီအတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ပါတယ်။

သင့်ရဲ့ ဝန်ထမ်းတွေကို ခေတ်သစ်နည်းပညာများနဲ့ Train ပေးပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်အောင် ပြောင်းလဲပါ။
SAP SuccessFactors Learning Solution အနေနဲ့ သင်ယူလေ့လာသူတွေကို သက်ဆိုင်ရာ ရာထူးမှာရှိသင့်တဲ့ Skill တွေတိုးတက်ဖို့၊ Leader တွေဖြစ်လာဖို့၊ Risk တွေကို လျှော့ချဖို့ ကူညီပေးနိုင်ပါတယ်။
✅ SAP SuccessFactors လို နားလည်လွယ်တဲ့ Solution ကိုအသုံးပြုပြီး အောက်ပါတို့ကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
• ၀န်ထမ်းတွေကို (ဆရာအဖြစ်နဲ့ရော ကျောင်းသားအဖြစ်နဲ့ပါ) သင်ယူလေ့လာစေခြင်းဖြင့် Organization ရဲ့ Agility ၊ တီထွင်ဆန်းသစ်နိုင်ခြင်း နဲ့Business Outcome တွေကို တိုးတက်စေပါတယ်။

သင့်ရဲ့ဝန်ထမ်းတွေအတွက် ပြိုင်ဖက်ကင်းပြီး သင်ယူလေ့လာနိုင်စွမ်းကျယ်ပြန့်တဲ့ အလုပ်ပတ်ဝန်းကျင်ကို ဖန်တီးပေးပြီး သင့်ရဲ့ Partner တွေ ၊ Supplier တွေနဲ့ External Audience တွေကို လုပ်ငန်းနဲ့သက်ဆိုင်တဲ့ အသစ် အသစ်သော product announcement ၊ Guideline ၊ Rules & Regulations အစရှိတာတွေကို အချိန်နဲ့တစ်ပြေးညီ ဖြန့်ဝေပေးလို့ရပါတယ်။

၀န်ထမ်းတွေရဲ့ Competencies နဲ့ Skills တွေတိုးမြှင့်ဖို့အတွက် လိုအပ်တဲ့ Qualification နဲ့ Certification တွေ ရရှိအောင်ကူညီနိုင်မယ့် တိကျတဲ့ Training Guideline နဲ့ Training တွေကိုရရှိနိုင်ပါတယ်။

  • E-Learning Classroom
  • Virtual Instructor-Led Training
  • Mentoring အတွေ့အကြုံကောင်းတွေရရှိမယ့် On Job Training
  • ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူတွေနဲ့ Networking လုပ်ပေးနိုင်မယ့် ပြီးပြည့်စုံတဲ့ Blended Learning Strategy ကိုပေးနိုင်ပါတယ်။

Learning Solution က သင့်ကိုနောက်ပြန်မဆွဲပါစေနဲ့။ ခေတ်နဲ့အညီ Learning Management System ကို Upgrade လုပ်ဖို့ကလည်း လုပ်ငန်းအတွက်အရေးကြီးတာမို့ SAP SucessFactors ကို အသုံးပြုပြီး Organizational Learning Management ပုံစံသစ်ကိုရယူလိုက်ပါ။