များပြားတဲ့အချက်အလက်တွေကို အသုံးချပြီး အကောင်းဆုံး Insight ကိုရယူနိုင်ဖို့ အထိရောက်ဆုံးနည်းလမ်း

ဒီဂျစ်တယ်နည်းပညာနဲ့ဖန်တီးထားတဲ့ Analytics ဆိုတာ သင့်စီးပွားရေးဗျူဟာနဲ့ကိုက်ညီတဲ့ ဆုံးဖြတ်ချက်များကို မြန်မြန်ဆန်ဆန်ချနိုင်ဖို့ အထောက်အကူပေးပါတယ်။ SAP SuccessFactors Human Capital Analytics က လုပ်ငန်းနဲ့ လုပ်ငန်းအတွင်းပါဝင်သူများအတွက် အရေးပါတဲ့ Insight တွေကို ပေးနိုင်ပါတယ်။

နည်းပညာခေတ် စီးပွားရေးနယ်ပယ်အတွင်းမှာရှိတဲ့ HR များအတွက် Technology နဲ့ Analytics အပေါ် အခြေခံပြီး Innovative Solution တွေကို ဖန်တီးနိုင်တဲ့ အခွင့်အရေးတစ်ခုပါပဲ။

  1. ကုမ္ပဏီရဲ့ ဝန်ထမ်းအရေအတွက် ဘယ်လောက်လဲ
  2. Business Unit အလိုက် ဘယ်လို Skill တွေရှိသင့်လဲ
  3. ဘယ်လို Skill တွေကို လိုအပ်နေကြလဲ
  4. Skill ကွာခြားချက်က ဘယ်နေရာမှာ ဖြစ်နေတာလဲ
  5. ဒီလို Skill ကွာခြားချက်တွေကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းတွေက ဘာလဲ
  6. Talent Management နဲ့ Retention ကို တိုးတက်စေဖို့ ဆုပေးဒဏ်ပေးစနစ်ကို ဘယ်လိုပြင်ဆင်မလဲ… စတဲ့ HR လုပ်ငန်းစဉ်အားလုံးရဲ့ မေးခွန်းတွေအတွက် အဖြေကို ဒီအခွင့်အရေးကနေ သိရှိနိုင်မှာပါ။

🔺 ယနေ့ခေတ်မှာတော့ Business Tools အသစ်တွေက Cloud Platforms မှတစ်ဆင့်အလိုအလျောက် အချိန်နဲ့တပြေးညီ Reporting လုပ်ဆောင်ပေးနိုင်ပါတယ်။ Analytics Tool တွေရဲ့ ကုန်ကျစရိတ်က အရင်ထက် သိသိသာသာ သက်သာလာပါပြီ။ ဒါဟာ လုပ်ငန်းတစ်ခုကို ကမ္ဘာ့‌ဈေးကွက်အထိ ထိုးဖောက်ဖို့ အရေးကြီးတဲ့ အားသာချက်တစ်ရပ်ဖြစ်လာခဲ့ပြီး Business Strategy ကို ဖော်ဆောင်ရာမှာ HR ရဲ့ အခန်းကဏ္ဍကို ပြောင်းလဲစေခဲ့ပါတယ်။

  • သင့်လုပ်ငန်းနဲ့ပတ်သက်တဲ့ Information ကို Insight အဖြစ်ပြောင်းလဲပါ။
  • Big Data တွေကို Big Insight အဖြစ်ပြောင်းလဲလိုက်ပါ။

Successfactors Workforce Analytics အနေနဲ့ People Data နဲ့ Business Information တို့ကို တိကျစွာ ပေါင်းစည်းပြီး Organization အတွက် အရေးပါတဲ့ Insight တွေရဖို့ ကူညီပေးနိုင်ပါတယ်။ Performance တွေတိုးတက်ပြီး Risk တွေကို လျှော့ချနိုင်ဖို့ ဝန်ထမ်းမမြဲခြင်း၊ Customer Satisfaction မရှိခြင်း အစရှိတဲ့ အရေးကြီးတဲ့ Insight တွေကို အချိန်နဲ့တပြေးညီ ရရှိနိုင်ပါတယ်။

✅ Business Strategy နဲ့ Future Plan ကို Drive လုပ်နိုင်ဖို့ လက်တွေ့အသုံးချနိုင်တဲ့ Workforce Insight တွေအဖြစ် SAP SuccessFactors Solution က ထောက်ပံ့ပေးနိုင်ပါတယ်။

  • Measure တွေ၊ Dimension တွေကို ခွဲခြမ်းလေ့လာဖို့ အသုံးပြုရလွယ်တဲ့ User Interface နဲ့ ပြုလုပ်ပေးထားပါတယ်။ ဒါကြောင့် ဝန်ထမ်းတွေကြားထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာ နားလည်သိရှိနိုင်ပါတယ်။
  • Financial, Customer Relationship Management, Survey Data စတဲ့ Data တွေနဲ့ Core HR ကိုပေါင်းစည်းခြင်းဖြင့် Organization တစ်ခုလုံးအနေနဲ့ ဘာတွေဖြစ်နေလဲဆိုတဲ့ သတင်းအချက်အလက် ကို ပြသပေးပါတယ်။
  • SAP Successfactors Solutions မှာ သတ်မှတ်ပြီးသား Metric, Measures (2000) ကျော် တိုင်းတာချက်များကို အသုံးပြုပြီး Organization တစ်ခုလုံးမှာရှိတဲ့ Discussion တွေအတွက် တိကျတဲ့ Language တစ်ခုကို ဖန်တီးပေးထားပါတယ်။
  • Reportနဲ့ Dashboard များကို PDF၊ Microsoft Word (သို့မဟုတ်) Microsoft Excel Format နဲ့ အလွယ်တကူထုတ်ပေးနိုင်ပါတယ်။
  • Corporate Goals ကိုရဖို့ Action Plan ချမှတ်ခြင်း၊ Organizational Effectiveness ဖြစ်ဖို့ Leading Indicators များ သတ်မှတ်ခြင်းဖြင့် Business Strategies များကို တည်ဆောက် နိုင်ပါတယ်။
  • ခန့်မှန်းချက်မဟုတ်ဘဲ တိကျတဲ့အချက်အလက်ပေါ်အခြေခံကာ Targeted Initiatives တွေကို ဖန်တီးခြင်းဖြင့် ဝန်ထမ်းတွေရဲ့ အကျိုးအမြတ်ကို တိုးအောင် လုပ်ပေးနိုင်ပါတယ်။

✅ အရေးပါတဲ့ Decision တွေကို ခန့်မှန်းချက်နဲ့ မပြုလုပ်ပါနဲ့။ Cloud-Based People Analytics Solution ဖြစ်တဲ့ SAP SuccessFactors ကိုအသုံးပြုပြီး HR နဲ့ပက်သက်တဲ့ တိကျမှန်ကန်တဲ့ Decisions တွေကို ချမှတ်လိုက်ပါ။