ပြောင်းလဲမှုကို ဦးဆောင်ရာတွင် CEO တစ်ယောက် ၏အခန်းကဏ္ဍ

CEO တစ်ယောက်သည် ပြောင်းလဲမှုတစ်ခုကို ပြုလုပ်ရာမှာ ပြောင်းလဲမှု၏အရေးပါခြင်းကို Team အား နားလည်အောင် ဝေမျှပေးခြင်း ၊ ပြောင်းလဲလိုသည့် ပုံစံ (Model) ကို သတ်မှတ်ခြင်း၊ ခိုင်မာသော Team တစ်ခုကို တည်ဆောက်ခြင်း၊ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခြင်းတို့ကို ပြုလုပ်ပြီး အဆိုပါပြောင်းလဲမှုကို အောင်မြင်အောင် လုပ်ဆောင်နိုင်စွမ်းရှိကြပါတယ်။
ယနေ့ ခေတ်ရဲ့ စီးပွားရေးလောကမှာ ထိပ်ဆုံးနေရာမှာတည်မြဲဖို့ရန်အတွက် ပုံမှန်တိုးတက်နေရုံနဲ့မလုံလောက်တော့ပဲ မိမိ၏ လုပ်ဆောင်နိုင်စွမ်းတွေကို ပြောင်းလဲပစ်ဖို့ မကြာခဏ လိုအပ်လာပါလိမ့်မယ်။ ပြောင်းလဲမှုများကို ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ အများအပြား ဖော်ပြလေ့ရှိသော်လည်း အရေးကြီးတဲ့သူတစ်ယောက်၏ အခန်း ကဏ္ဍကို တော့ မေ့လျော့ထားကြပါတယ်။
CEO တစ်ယောက်အနေနဲ့ ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ? CEO တစ်ယောက်က ဘာတွေလုပ်သင့်လဲ၊ CEO နဲ့ Executive အဖွဲ့အစည်းတွေရဲ့ အခန်း ကဏ္ဍဟာ ဘယ်လိုကွာခြားလဲဆိုတာ မေးခွန်း ထုတ်စရာဖြစ်လာ ပါတယ်။

များစွာသော Executive များရဲ့ ဖြေဆိုထားသော အင်တာဗျူးများနှင့် ကိုယ်ပိုင်အတွေ့အကြုံကို အခြေခံကာ အောင်မြင်မှုအတွက် သီးသန့်သတ်မှတ်ထားသော နည်းလမ်း၊ တသတ်မတ်တည်း စံနမူနာပုံစံ မရှိတာကိုတွေ့လာရပါတယ်။ ဒါ့အပြင် ကိစ္စအကြီး၊ အသေး အပေါ်မူတည်ပြီး လျင်မြန်စွာ ဆောင်ရွက်ဖြေရှင်းပေးနိုင််ပုံ၊ ဖြစ်ပေါ် နေသော ပြောင်းလဲမှုပေါ်လိုက်ပြီး ဆောင်ရွက်နိုင်ပုံ၊ အဖွဲ့အစည်းတစ်ခု အောင်မြင်နိုင်ချေ စတဲ့ အကြောင်း အရာများဟာ CEO တစ်ယောက်ကို လွှမ်းမိုးမှု ရှိလာနိုင်ပါတယ်။ဘယ်လိုပင် ပြောင်းလဲနေစေကာမူ၊ ဆယ်စုနှစ်တစ်စုကျော်ကြာ လေ့လာထားခဲ့သော Research များနဲ့ ကိုယ် တိုင်ကြုံ တွေ့ခဲ့သော အတွေ့အကြုံ များမှတဆင့် ပြောင်းလဲမှုတစ်ခုတွင် အောင်မြင်သော CEO တစ်ယောက်ရဲ့အခန်းကဏ္ဍများကို အောက်ပါ အချက် (၄) ချက်ဖြင့် ဖော်ပြပေးလိုက်ပါတယ်။

✔️ ပြောင်းလဲမှုလုပ်ဆောင်ရာတွင် အဓိပ္ပါယ်ရှိအောင် လုပ်ဆောင်ပါ။
အောင်မြင်လာအောင် CEO တစ်ယောက် အနေဖြင့် ကိုကိုယ်တိုင်ပြောင်းလဲမှုကို ဖန်တီးချင်စိတ်ရှိပြီး အခြား သူများကိုလည်း ပြောင်းလဲဖို့ စွဲဆောင်နိုင်ဖို့လိုပါတယ်။ သူတို့ရဲ့ရည်မှန်းချက်များကို အောင်မြင်မှုများ ဖြစ်ပေါ်လာစေဖို့အတွက် အထောက်အပံ့ပေးနိုင်မည့်သူ ဖြစ်ဖို့လိုအပ်ပါတယ်။
ပြောင်းလဲမှုကို လုပ်ဖို့အတွက် လုပ်ဆောင်စရာတွေဟာ ယခင်ကထက်ပိုလာပါတယ်။ ဝန်ထမ်းတွေဟာ နေ့စဉ်လုပ်ဆောင်စရာ ကိစ္စရပ်များကို လုပ်ဆောင်နေစဉ်မှာလဲ မိမိရဲ့ လုပ်ငန်းသဘောတရားကို ပြန်လည် စဉ်း စားသုံးသပ်မှုများ မဖြစ်မနေပြုလုပ်ရန် လိုအပ်ပါတယ်။ ဒီလိုမျိုးလိုလုပ်ဖို့ အင်အားတွေ ဘယ်ကရ နိုင်မလဲ။ ပြောင်းလဲမှုနဲ့ပတ်သက်တဲ့ Story တွေကိုပြောပြခြင်းက ဝန်ထမ်းတွေအတွက် ပြောင်းလဲမှုကို ယုံယုံကြည်ကြည်လုပ်ဆောင်နိုင်ဖို့ အင်အားတွေကို ပေးစွမ်းနိုင်ပါတယ်။
ဒီလိုကြိုးစားအားထုတ်မှုတွေကနေတဆင့် ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေဟာ ကုမ္ပဏီအပေါ်ဘယ်လို အကျိုးသက်ရောက်မှုရှိနိုင်မလဲဆိုတာကနေ ဝန်ထမ်းတွေအပေါ်မှာလည်း ဘယ်လို အကျိုးသက်ရောက်မှုရှိနေ မလဲဆိုတာတဲ့ Story တွေကို ပြောပြနိုင်ပါတယ်။

✔️ စံနမူနာယူထိုက်တဲ့ အတွေးအခေါ်နဲ့ အမူအကျင့်ကို တည်ဆောက်ပါ။
အောင်မြင်နေတဲ့ CEO တွေဟာ ကိုယ်ကိုတိုင်လည်းပဲ ပြောင်းလဲမှုတွေကို ဖန်တီးလုပ်ဆောင်ရတာကို ကြိုက် နှစ်သက်လေ့ရှိပါတယ်။ ဝန်ထမ်းတွေကို ကောင်းမွန်စွာအလုပ်လုပ်နိုင်ရန်နှင့် ကောင်းမွန်သော အလေ့အကျင့်၊ အပြုအမူများကို ကျင့်သုံးကျရန် အမြဲတမ်း အားပေးလေ့ရှိကြပါတယ်။ ငါတို့ ဘာတွေကို ပြောင်းလဲနေကြလဲ၊ ပန်းတိုင်ကို ရောက်အောင် ဘယ်လို သွားကြမလဲ၊ ဒီပြောင်းလဲခြင်းက တဦးတယောက်စီနဲ့ ဘယ်လိုသက်ဆိုင်နေလဲ စတဲ့မေးခွန်းတွေကို ဝန်ထမ်းတွေနဲ့ ဝေမျှထားဖို့လိုပါတယ်။ တချို့ CEO တွေက သူတို့ရဲ့ ကိုယ်ပိုင်ဘဝက ပြောင်းလဲခြင်း Story တွေနဲ့ စံနမူနာပြကြပါတယ်။ Klaus Zumwinkel ( Chairman and CEO of Deutsche Post)ရဲ့ အတွေ့အကြုံအရ တောင်တက်အားကစားနဲ့ ပတ်သက်ပြီး သူရဲ့ စိတ်အားထက်သန်မှုက သူ့ကုမ္ပဏီကို ပြောင်းလဲနိုင်ခဲ့တဲ့ အင်အားတွေနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

✔️ အရည်အချင်းရှိပြီး သစ္စာရှိတဲ့သူတွေနဲ့ ထိပ်တန်းအဖွဲ့တစ်ခု တည်ဆောက်ပါ။
CEO ရဲ့ အဖွဲ့ဟာ အပြောင်းအလဲတွေကို ဦးဆောင်မှုပြုရာမှာ တန်ဖိုးရှိတဲ့ Asset လို့ဆိုနိုင်ပါတယ်။ လူတော်တွေလိုအပ်သလို အဖွဲ့အစည်းစိတ်ဓာတ်နဲ့ လုပ်နိုင်မယ့် လူတွေလည်း လိုအပ်ပါတယ် လို့ Deutsche Post’s ရဲ့ Chairman ဖြစ်သူ Zumwinkel က အကြံပြုထားပါတယ်။ အဓိပ္ပာယ်ရှိတဲ့ Story တွေကိုမျှဝေပေးခြင်းနဲ့ မှန်ကန်တဲ့ Role တွေကို ပုံစံချမှတ်ခြင်းတို့ က CEO နဲ့ သူ့အဖွဲ့ကို ဖွဲ့စည်းရာမှာ အောင်မြင်မှု ရဖို့ ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းကို ရရှိစေပါတယ်။

✔️ မဆုတ်မနစ် ဆောင်ရွက်ပါ။
လူတိုင်းလူတိုင်းဟာ ပြောင်းလဲမှုတွင် တစ်နည်းမဟုတ် တစ်နည်း ပါဝင်နေပါတယ်။ ပိရမစ်ပုံစံနှင့် နှိုင်းယှဉ်မယ်ဆိုရင် CEO တစ်ယောက်ရဲ့ အခန်းကဏ္ဍဟာ ပိရမစ်ရဲ့ ထိပ်ဆုံးပိုင်းမှာရှိနေပြီး အဖွဲ့အစည်းအတွင်းရှိ အခြားအဖွဲ့ဝင် များဟာ CEO မှတဆင့် လွှဲအပ်လာသော ဆောင်ရွက်စရာကိစ္စရပ်များကို ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ လက် တွေ့ပါဝင်ဆောင်ရွက်ခြင်းမရှိဘဲ ပါးစပ်နဲ့ပဲ ညွှန်ကြားနေတဲ့ CEO တွေ အနေနဲ့ သူ့လို အမှန် တကယ် အလုပ်လုပ်ကိုင်ခြင်းမရှိတဲ့ ဝန်ထမ်းများနဲ့သာ ကြုံတွေ့ရတတ်ပါတယ်။ ထူးချွန်သော ခေါင်းဆောင် များကသာ ပြောင်းလဲမှုများအတွက် အမှန်တကယ််လိုအပ်တဲ့ အချိန်ကို တိတိကျကျ မှန်မှန်ကန်ကန် အသုံးချနိုင်တဲ့သူတွေကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

🔺 စည်းလုံးမှု ၊ စိတ်အားထက်သက်မှု ၊ ကတိတည်မှု ၊ မဆုတ်မနစ် ဆောင်ရွက်နိုင်မှု စတာတွေဟာ အပြောင်းအလဲ တစ်ခုကို အောင်မြင်စွာ ဖော်ဆောင်ရာမှာ အရေးပါပြီး CEO တစ်ယောက်အနေနဲ့ Company ပေါ်ကို အကျိုးသက်ရောက်မှုရှိစေမယ့် အစားထိုးမရတဲ့ အရည်အသွေးတွေပဲ ဖြစ်ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေနဲ့အတူ အပြောင်းအလဲတွေကို ဦးဆောင်ရာမှာ CEO တွေအတွက် တိတိကျကျ သတ်မှတ်ထားတဲ့ အောင်မြင်မှု နည်းလမ်းတွေမရှိပေမယ့် အပြောင်းအလဲကို အဓိပ္ပာယ်ရှိရှိ လုပ် ဆောင်နိုင်မှု၊ စံနမူနာ ပြုထိုက်တဲ့ အပြုအမူ အတွေးအခေါ်များ ဖြင့် ဦးဆောင်နိုင်မှု ၊ အရည်အချင်းပြည့်ဝပြီး သစ္စာရှိသော ၀န်ထမ်းများကို ဖွဲ့စည်းဦးဆောင် နိုင်မှု ၊ မဆုတ်မနစ် ဆောင်ရွက်နိုင်မှု စတဲ့ ခေါင်းဆောင်မှု အရည် အချင်းတွေဟာ CEO တွေရဲ့ အပြောင်းအလဲ လုပ်ဆောင်ရာမှာ အောင်မြင် တိုးတက်စေနိုင်တဲ့ အချက်တွေပဲ ဖြစ် ပါတယ် ။

Credit to – McKinsey’s Article.
#SAP #ERP #HRM #VanguardMyanmar #SAPMyanmar