ကျယ်ပြန့်လာတဲ့ စျေးကွက်အတွင်း ပိုမိုတိုးတက်ပြောင်းလဲလာသော Digital HR

အသေးစားနဲ့အလတ်စား လုပ်ငန်းတွေအနေနဲ့ အခုအချိန်ဟာ ကြီးမားတဲ့ အပြောင်းအလဲတွေ လုပ်ကိုလုပ်ရမယ့် အချိန်ကာလ မျိုးလို့ ဆိုနိုင်ပါတယ်။ နည်းပညာအရ အဆင့်မြှင့်တင်ထားတဲ့ Business Model တွေ၊ Digital နဲ့ချိတ်ဆက်ထားတဲ့ Product တွေ၊ လုပ်ငန်းဆောင်တာများကို အလိုအလျောက် လည်ပတ်လုပ်ဆောင်နိုင်စွမ်းတွေဟာ စံသတ်မှတ်တစ်ခု ဖြစ်လာခဲ့တာကြောင့် ဝန်ထမ်းတွေ အနေနဲ့ ဒီလို Digital ပြောင်းလဲမှုတွေနဲ့ ဆက်ပြီး အကျွမ်းတဝင်ရှိဖို့အတွက် လုပ်ငန်းခွင်ရဲ့ ဘယ်လိုရှုထောင့်မျိုးကမဆို Digital ပြောင်းလဲမှုကို လိုလားကြပါတယ်။

တစ်ချိန်တည်းမှာပဲ အဖွဲ့အစည်းကြီးတွေဟာ ဝန်ထမ်းတွေကို နဲ့ Agile ဖြစ်အောင် ပြောင်းလဲရာမှာ အဆန်းသစ်ဆုံးနည်းလမ်းတွကို ဆုံးဖြတ်နိုင်ဖို့အတွက် နည်းပညာရဲ့ရိုက်ခတ်မှုက အသေးစားလုပ်ငန်းလေးတွေအပေါ်မှာ ဘယ်လို သက်ရောက်မှုရှိနေသလဲဆိုတာကို စောင့်ကြည့်လေ့လာနေကြပါတယ်။
ဝန်ထမ်းတွေရဲ့ တွေးခေါ်ပုံတွေ၊ ဗဟုသုတတွေနဲ့ Culture တွေဟာ အောင်မြင်တဲ့ နည်းပညာ အသွင်ပြောင်းလဲမှု လမ်းကြောင်းမှာပါဝင်လာနိုင်တယ်လို့ ID Interactive Guide က ဆိုထားပါတယ်။

🔺B2B Startup တစ်ခုကနေ SAP ကို ဝင်ချိန်က အင်တာဗျူး အတွေ့အကြုံကို ပြောပြချင်ပါတယ်။

နောက်လာမယ့် (၁၂) လစာအတွက် HR (Human Resource) နဲ့ စီးပွားရေး လုပ်ငန်း ပိုင်းဆိုင်ရာ ဦးစားပေးဆောင်ရွက်သင့်တဲ့ အချက်တွေအကြောင်းကို အမေးခံရပါ တယ်။ အဲ့ဒီအလုပ်ကို လက်ခံပြီးပြီးချင်းမှာပဲ ကြောက်စိတ်တွေဝင်လာမိပါတယ်။ အခုမှ Startup တစ်ခုကရခဲ့တဲ့ အတွေ့အကြုံဟာ SAP လိုမျိုး လုပ်ငန်းကြီးတစ်ခုရဲ့ လိုအပ်မှုကို ဘယ်လိုဖြည့်ဆည်းပေးနိုင်မှာလဲ လို့ တွေးမိတယ်။ ဒါပေ့မယ့် အံ့သြစရာကောင်းလောက်အောင်ပဲ ကျွန်တော်တို့ဟာ အဲ့ဒီ Topic တွေနဲ့ ပတ်သက်တာတွေကို လုပ်ငန်းမစတင်ခင် (၆) လ စောပြီးဖြေရှင်းနိုင်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ကျွန်တော် သိလိုက်တာက dot.com explosion ကနေ Agile Orgranization ကို Run ခဲ့တဲ့ ကျွမ်းကျင်မှု၊ HR Technology ကို နက်နက်နဲနဲ နားလည်ခဲ့ခြင်း စတဲ့ အတွေ့အကြုံတွေကို ရခဲ့ပါတယ်။ ။ SAP HR Team ထိပ်တိုက်ရင်ဆိုင်ဖို့လိုအပ်တဲ့ Issue တွေကို ဒီအတွေ့အကြုံတွေက တဆင့်ဖြေရှင်းနိုင်ခဲ့ပါတယ်။

HR ပိုင်းမှာ ဦးဆောင်နေသူတွေက ဒီလို စိန်ခေါ်မှုမျိုးကို ဘာလို့ တိုက်ရိုက် လက်မခံနိုင်တာလဲ❓။

အကြောင်း အရင်းကတော့ ရှင်းပါတယ်။ သူတို့ဟာ နည်းပညာအပြောင်းအလဲအတွက် ဦးဆောင်ဖို့အတွက် လုံးဝစိတ်ဝင်စားမှု မရှိလို့ပါ ပဲ။

ဘာကြောင့် Digital နည်းပညာဗျူဟာတွေကကို ပိုပြီးအာရုံစိုက်သင့်တာလဲ❓။
အားလုံးကို ယှဉ်ပြိုင်အနိုင်ယူနိုင်စွမ်းကို ပေးနိုင်တဲ့ နည်းပညာအသွင်ပြောင်းလဲမှုတစ်ခုကို ပြုလုပ်ရာမှာ ကောင်းစွာ Engaged ဖြစ်ပြီး Educated ဖြစ်တဲ့ ဝန်ထမ်းတွေ လိုအပ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအသွင်ပြောင်းလဲမှု အောင်မြင်ဖို့ (C-Level အများစု စဉ်းစားမိလေ့မရှိတဲ့ ) အရေးကြီးဆုံး Principle တွေကိုနားလည်ထားတဲ့ HR ပိုင်း ဦးဆောင်သူတစ်ယောက်ရဲ့ အကူအညီ လိုပါတယ်။

✅ လုပ်ငန်းတွင်း ဓလေ့ထုံးတမ်းနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ မဟာဗျူဟာတွေကို လေ့လာသုံးသပ် ညှိနှိုင်းပါ။
မှန်ကန်တဲ့ Talent တွေကို ရယူဖို့ လိုအပ်လာချိန်မှာတော့ Talent Management & Development, စီးပွားရေးတိုးတက်မှု, နည်းပညာအသွင်းပြောင်းလဲမှုတွေနဲ့ ပန်းတိုင်ဟာကိုက်ညီနေဖို့ အရေးပါလာပါတယ်။ ဒီအရာတွေအတွက် Predictive Analysis, Machine Learning နဲ့ Intelligent Analytics တို့လို နည်းပညာတွေကို အသုံးပြုပြီး အလွယ်တကူ ဖြေရှင်းနိုင်ပါတယ်။ အဆိုပါ နည်းပညာတွေဟာ HR ပိုင်းဆိုင်ရာ ဦးဆောင်နေသူတွေကို လုပ်ငန်းခွင်အတွင်း Culture တစ်ခုတည်ဆောက်ရာမှာနဲ့ စီးပွားရေး လုပ်ငန်းဆိုင်ရာ Strategy ချမှတ်ရာမှာ တစ်ပြိုင်တည်း ပုံဖော်နိုင်ဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။
အဆိုပါ Tool တွေကို အသုံးပြုပြီး ရရှိလာတဲ့ ရှုမြင်သုံးသပ်နိုင်စွမ်း(Insights)တွေက အဖွဲ့အစည်းရဲ့အတွင်းမှာရော အပြင်မှာပါ ပါဝင်ပတ်သက်နေတဲ့ Stakeholder တွေ၊ ဝန်ထမ်းတွေ၊ Supplier တွေ၊ စီးပွားဖက်တွေနဲ့ Customer တွေ မျှော် လင့်ချက်ကို အကောင်အထည်ဖော်နိုင်ဖို့ Digital နည်းပညာကို ရေးဆွဲရာမှာ ပါဝင်သင့်တဲ့ အဓိကကျတဲ့ အကြောင်းအရာတွေကို Business Leader တွေ ပိုပြီး မြင်သာမှုရှိစေဖို့ စွမ်းဆောင်ပေးနိုင်ပါတယ်။

✅ Workforce မတူညီကွဲပြားမှုကို လက်ခံပါ၊ အထောက်အပံ့ပေးပါ။
လုပ်ငန်းခွင်အတွင်း မတူကွဲပြားခြားနားတဲ့ Culture တွေ များလာလေ၊ မတူညီတဲ့ Workforce Segments တွေကို ခြုံငုံမိမယ့် Digital နည်းဗျူဟာကို ချမှတ်ဖို့ ပိုလိုအပ်လေ ဖြစ်ပါတယ်။ လူမှုနယ်ပယ် အတွေ့အကြုံတွေ၊ မျိုးဆက်ကွာဟချက်တွေနဲ့ လူမျိုးစု စတဲ့ Values တွေဟာ နည်းပညာတစ်ခုကို ပြောင်းလဲ ကျင့်သုံးရာမှာ ကျယ်ပြန့်တဲ့လွှမ်းမိုးမှုတွေ ရှိပါတယ်။ လူတွေ ဘယ်လို ပြောဆိုဆက်သွယ်ကြသလဲ၊ Talent Management , Development, ဝန်ထမ်းခေါ်ယူခြင်းတို့မှာ ဘယ်လိုဆုံးဖြတ်ချက်မျိုးတွေကို ချမှတ်ကြလဲ စတာတွေကို အခြေခံပြီး အပေါ်မှာ ဖော်ပြခဲ့တဲ့ Value တွေက နည်းပညာပြောင်းလဲမှုကို ပုံဖော်နိုင်ကြပါတယ်။
ဥပမာအားဖြင့် ပင်စင်ယူလိုက်တဲ့ ဝန်ထမ်းတွေရဲ့ အတွေ့အကြုံဗဟုသုတတွေကို နောက်မျိုးဆက်သစ် ဝန်ထမ်းတွေ အောင်မြင်မှုခြေလှမ်းကို တက်လှမ်းနိုင်ဖို့ရာ လမ်းညွှန်မှုပေးနိုင်ဖို့ လိုအပ်သလိုမျိုးပါ။ အသစ်စတင်ဖွဲ့စည်းတဲ့ လုပ်ငန်းတွေ အနေနဲ့လည်း Culture တွေကို လုပ်ငန်းတစ်ခုလုံးစာ ကျင့်သုံးနိုင်ဖို့ရာ ဖြည်းဖြည်းမှန်မှန် ပေါင်းစပ်ဖို့ လိုအပ်ပါတယ်။ ရည်ရွယ်ချက်ရှိရှိ ဘက်လိုက်မှုမျိုးတွေကို ဆုံးဖြတ်ချက်ချတဲ့အချိန်တွေမှာ လုံးဝကို ရှောင်ကြဉ်ဖို့ လိုအပ်ပါသေးတယ်။