Project Cost Management အတွက်မရှိမဖြစ်လိုအပ်သောအချက် ၇ ချက်

Project Manager (သို့မဟုတ်) Finance Executives တယောက်အနေဖြင့် project ၏ ကုန်ကျစရိတ်နှင့်အမြတ်အစွန်းကိုစီမံခန့်ခွဲခြင်းသည်စိန်ခေါ်မှူတစ်ရပ် ဖြစ်နိုင်ပါ သည်။ အကယ်၍သင်သည် excels သုံးနေသေးပါက Project ကုန်ထုတ်စွမ်းအားကို တိုးမြှင့်ခြင်းနှင့်စီမံကိန်းတစ်လျှောက်လုံးကုန်ကျစရိတ်များကိုတိုင်းတာရန်အတွက် Project Management Solution ကိုပြောင်းလဲသုံးသင့်သောအချိန်ဖြစ်ပါသည်။ Project Management Solution တစ်ခုကိုမရွေးချယ်ခင် Cost Management အတွက် ရှိထားသင့်သောအချက်များကို ဖော်ပြပေး လိုက် ပါသည်။

Project Management Solution အတွက်အသုံး၀င်နိုင်သောအချက်မျာ

၁။ ကုန်ကျစရိတ်ခန့်မှန်းခြင်း

Project Management Solution သည် Project အတွက်အဓိကအချက်မှာသတ်မှတ်ထားသောအတိုင်းအတာနှင့်စျေးနှုန်းများကိုခန့်မှန်းနိုင်ခြင်းပဲဖြစ်ပါသည်။Project Management တွင် ကုန်ကျစရိတ်ခန့်မှန်းခြင်းအမျိုးအစားပေါင်းများစွာရှိပါသည်။ စီမံကိန်းအချိန်ဇယားသို့မဟုတ်အခြားအချက်များပြောင်းလဲနိုင်သောကြောင့် Solution ၏အကူအညီ ဖြင့်စျေးနှုန်းခန့်မှန်းချက်များကို update လုပ်ရန်အရေးကြီးပါသည်။ Solution ကိုအသုံးပြုခြင်းဖြင့် teamတစ်ခု၏ performanceနှင့်လိုအပ်သောညှိနိုင်းချက်များကိုပြုလုပ်နိုင် ပြီးအမှန်တကယ်ကုန်ကျစရိတ်များနှင့်စီမံကိန်းခန့်မှန်းချက်များကိုလည်းပိုမိုသိသာစေသည်။

၂။၊ ဘဏ္ဍာရေးကိုစီမံခန့်ခွဲခြင်း   

Project Managerများကိုအပတ်စဉ်နှင့်လစဉ်ကုန်ကျစရိတ်များဆိုင်ရာ report များကို ကုန်ကျစရိတ်စီမံခန့်ခွဲမှု tool ဖြင့်ပေးပို့နိုင်ပါသည်။ ထို့ကြောင့်သင်၏ Project သည်သတ်မှတ်ထားသည့်Budget ထက်ကျော်လွန်သွားခြင်းမရှိနိုင်ဟုယုံကြည်စိတ်ချထားနိုင်ပါသည်။အကယ်၍Budget သည်သတ်မှတ်ထားသည့်အတိုင်းအတာနီးကပ်လာလျှင်လည်း project နှင့်ညှိနှိုင်းနိုင်အောင်solution ကသင့်ကိုအသိပေးပါလိမ့်မယ်။

၃။ စီမံကိန်းစွမ်းဆောင်ရည်ကိုတိုင်းတာခြင်း

သင်၏စီမံကိန်း၏စွမ်းဆောင်ရည်ကိုသင်၏အချိန်ဇယားအတိုင်းနှင့် သတ်မှတ်ထားသောBudget အတွင်းတွင်တိုင်းတာနိုင်ပါသည်။သင်၏စီမံကိန်း၏စွမ်းဆောင်ရည်ကိုခြေရာခံရန်အလွယ်ကူဆုံးနည်းလမ်းမှာအချက်အလက်များကိုအချိန်နှင့်တပြေးညီမွမ်းမံပေးသော dashboard ကိုသုံးခြင်းပဲဖြစ်ပါသည်။သင်၏ dashboard တွင်ကုန်ကျစရိတ်အခြေခံ၊အမှန်တကယ်ကုန်ကျစရိတ်များနှင့် အချိန်ဇယားကွဲလွဲမှုများ ပါ၀င်သင့်သည်။

၄။ လွယ်ကူစွာအစီရင်ခံစာတင်ခြင်း

Project များကို အဆင်ပြေချောမွေ့စွာလည်ပတ်နိုင်ရန်အတွက်လွယ်ကူစွာအစီရင်ခံစာတင်နိုင်သော ကုန်ကျစရိတ်စီမံခန့်ခွဲမှု tool ကိုသေချာရှာဖွေအသုံးပြုသင့်ပါသည်။သတင်းပို့ခြင်းနှင့်ပတ်သက်လာလျှင်လည်း  cloud တွင်လုံခြုံစွာမျှဝေနိုင်ခြင်းသည်လည်းအရေးကြီးသည်။

၅။ လွယ်ကူစွာအသုံးပြုနိုင်ခြင်း

ကုန်ကျစရိတ်ကိုစာရင်းပြုစုခြင်းသည်ခက်ခဲသောကြောင့်အသုံးပြုသူအတွက်လွယ်ကူသောကုန်ကျစရိတ်စီမံခန့်ခွဲမှုသည်မဖြစ်မနေလိုအပ်ပါသည်။ စစ်တမ်းကောက်ယူထားသည့်အရသုံးစွဲသူ ၂၄ရာခိုင်နှုန်းကစီမံခန့်ခွဲမှု၏အရေးကြီးဆုံးသောအရာမှာအသုံးပြုရန်လွယ်ကူခြင်းဖြစ်သည်ဟုဆိုထားပါသည်။

၆။. ကုန်ကျစရိတ်တက်နိုင်မှု

စီးပွားရေးလုပ်ငန်းများအောင်မြင်မှုရရှိရန်အတွက်ကုန်ကျစရိတ်စာရင်းကိုင်toolများလိုအပ်ပါသည်။ထို tool များထဲတွင် ကုန်ထုတ်စွမ်းအားတိုးမြှင့်စေရန်တန် ဖိုး နည်း tool များနှင့် တ ခြားရွေး ချယ်စရာများလည်းရှိနေပါ သေးသည်။စျေးနှုန်းနှင့်တခြားအရေးကြီးသောအကျိုးကျေးဇူးများကိုသေချာစွာချိန်၍အသုံးပြုသင့်ပါသည်။

၇။ Third-party ပေါင်းစည်းမှု

စီမံကိန်းကုန်ကျစရိတ်စီမံခန့်ခွဲရေးဆိုင်ရာကိရိယာများသည်third  party၏ပေါင်းစည်းမှုများဖြင့်သင့်အားထပ်မံအားသာချက်တစ်ခုပေးသင့်သည်။၎င်းသည်သင်၏စီမံကိန်းစီမံချက်တစ်ခုလုံးကိုချော‌ မွေ့စေသည်။

ကုန်ကျစရိတ်စီမံခန့်ခွဲမှု၏အဓိကအစိတ်အပိုင်းများ

ကုန်ကျစရိတ်စီမံခန့်ခွဲမှုအစီအစဉ်သည်စီမံကိန်းတစ်ခု၏ကုန်ကျစရိတ်များကိုသင်မည်ကဲ့သို့စီမံခန့်ခွဲသည်၊ ထိန်းချုပ်သည်၊ ကိုသတ်မှတ်ပေးသည်။Project Management Solution သည် Cost Management အစီအစဉ်များကိုပိုမိုလွယ်ကူစေသည်။ Cost Management အစီအစဉ်ကိုသင်စိတ်ကြိုက်ပြုလုပ်နိုင်သော်လည်းအောက်တွင်ဖော်ပြထားသောသောအရာများပါ၀င်သောစံပုံစံတစ်ခုဖြစ်သင့်သည်။

  •       ကုန်ကျစရိတ်စီမံခန့်ခွဲမှုနည်းလမ်း
  •       ကုန်ကျစရိတ်ခန့်မှန်းခြင်း
  •       ကုန်ကျစရိတ်အခြေခံ
  •       ပြောင်းလဲမှု – ထိန်းချုပ်မှုလုပ်ငန်းစဉ်
  •       ကုန်ကျစရိတ်ထိန်းချုပ်ခြင်းနှင့်အစီရင်ခံခြင်း
  •       စီမံကိန်း Budget

ကုန်ကျစရိတ်ထိန်းချုပ်နည်းစနစ်

စီမံကိန်းမန်နေဂျာများသည်စီမံကိန်းရည်မှန်းချက်များကိုကြီးကြပ်ခြင်းနှင့်ထိရောက်သောကုန်ကျစရိတ်ကိုထိန်းချုပ်ရန်တာ၀န်ရှိသည်။ ဖော်ပြထားသောအချက်များသည်ကုန်ကျစရိတ်ထိန်းချုပ်သည့်နည်းစနစ်များဖြစ်သည်။

  •       Budget အစီစဥ်များ ရေးဆွဲခြင်း
  •       ကုန်ကျစရိတ်များကိုခြေရာခံခြင်း
  •       အချိန်စီမံခန့်ခွဲမှု
  •       စီမံကိန်းပြောင်းလဲမှုကိုထိန်းချုပ်ခြင်း

စီမံကိန်းBudgetရှိခြင်းသည်လုံလောက်သောဖြေရှင်းချက်မဟုတ်ပါ။စီမံကိန်းကုန်ကျစရိတ်စီမံခန့်ခွဲမှုကိုအကောင်အထည် ဖော်ခြင်းအားဖြင့်၊နောက်ဆုံးကုန်ကျစရိတ်သည်သင်၏ခန့်မှန်းချက်နှင့်ကိုက်ညီမှုရှိစေရန်သ့င်ကုန်ကျစရိတ်ထိန်းချုပ်သည့်နည်းစနစ်များကိုအလိုအလျှောက်လုပ်နိုင်သည်။

#SAP #Vanguard_Myanmar #ERP #Business_Software #SAP_Myanmar #SAP_Gold_Partner #ERP_Myanmar