Business Intelligence Solution ဆီသို့ လျှောက်လှမ်းချိန်တန်ပြီလား

 

 

 

 

 

 

 

 

 

 

 

Unicode Version:

သင့်လုပ်ငန်းဟာလည်း တခြားလုပ်ငန်းအများစုလိုပင် ဗျူဟာမြောက်တဲ့လုပ်ငန်းဖြစ်ပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်ချင်တယ်ဆိုပါစို့။ ဒါ့အပြင် အဲဒီလိုဗျူဟာမြောက်ပြီး ဆုံးဖြတ်ချက်ကောင်းကောင်းချနိုင်လောက်စရာ DATA အချက်အလက်တွေကိုလည်း ပိုင်ဆိုင်ထားတယ်ဆိုပါစို့။ ဒါပေမယ့် ဒီအချက်အလက်တွေကို ဘယ်လိုကိုင်တွယ် ထိန်းသိမ်း မလဲ၊ ဘယ် Tool က အထိရောက်ဆုံးဖြစ်မလဲဆိုတာ တွေးရခက်နေပြီလား။ ဒါဆိုရင်တော့ Business Intelligence Solution (BI) ရှိပါတယ်။
Business Intelligence (BI) ဟာဆိုရင် နေ့စဉ်နှင့်အမျှ များပြားပြောင်းလဲလာတဲ့ Data အချက်အလက်တွေကို တိကျ မှန်ကန်စွာခွဲခြမ်းသုံးသပ်နိုင်ခြင်း၊ လုပ်ငန်းရဲ့ လုပ်ဆောင်ချက်တွေကို တိုးတက်ကောင်းမွန်လာစေနိုင်ခြင်းများအပြင် ရလဒ်ကောင်းတွေကို ပေးစွမ်းနိုင်တဲ့ application တစ်ခုပဲဖြစ်ပါတယ်။

သင့်လုပ်ငန်းဟာ Business Intelligence ကို အသုံးပြုဖို့ လိုအပ်နေပြီလား
အခုဖော်ပြမယ့်အချက်တွေကိုကြည့်ခြင်းအားဖြင့် လုပ်ငန်းတစ်ခုမှာ လိုအပ်တဲ့သတင်းအချက်အလက်တွေနှင့် လုပ်ငန်း အတွက် ဘယ်လိုအခွင့်အလမ်းကောင်းတွေရရှိမလဲဆိုတာကို သုံးသပ်နိုင်မှာဖြစ်ပါတယ်။
(၁)
လုပ်ငန်းတစ်ခုမှာ Data အများကြီးရှိထားပေမယ့် သတင်းအချက်အလက်တွေကတော့ အလုံအလောက်မရှိခြင်း။ ဥပမာ အားဖြင့် Product တစ်ခုစီတိုင်းအတွက် နေ့စဉ်အရောင်းစာရင်းတွေ၊ Customer တွေရဲ့ invoice တွေက DATAဖြစ်ပြီးတော့ Customer တွေရဲ့ ဝယ်လိုအား အကြိုက်တွေ၊ ကုန်ပစ္စည်းအပေါ် အမြတ်အစွန်းအရ ခြုံငုံသုံးသပ်မှု အစရှိတာတွေကတော့ သတင်းအချက်အလက်ပဲဖြစ်ပါတယ်။ Data ချည်းသက်သက်ရှိနေခြင်းထက် သတင်းအချက်အလက်တွေပါရှိထားခြင်းက သင့်လုပ်ငန်းကို ပိုမိုပြီးပြည့်စုံစေမှာဖြစ်ပါတယ်။
(၂)
Purpose-built software solution အသုံးမပြုဘဲ လုပ်ငန်းDATAတွေကနေ Report ထုတ်ခြင်းဟာ မလွယ်ကူလှပါဘူး။ Report များများထုတ်ရလေ DATAများများပိုလိုလာလေဖြစ်ပြီးတော့ IT team အနေနဲ့လည်း သင့်လိုအပ်ချက်ကို အမီ လိုက်ဖို့ ခက်ခဲလေလေဖြစ်မှာပါပဲ။
(၃)
လုပ်ငန်းအတော်များများက သူတို့ရဲ့ DATAတွေကို ထိန်းသိမ်းဖို့နဲ့ ပိုင်းခြားစိတ်ဖြာဖို့အတွက် Excel ဒါမှမဟုတ် တခြား Spreadsheet application တွေကို အသုံးပြုလေ့ရှိပါတယ်။ ဒါပေမယ့် ထိန်းသိမ်းစရာ Data တွေ၊ ဖိုင်တွေများလာတာနဲ့အမျှ ဒီသာမန် spreadsheet software တွေနဲ့ဆိုရင် စီမံခန့်ခွဲရအဆင်မပြေမှုတွေဖြစ်လာနိုင်ပါ တယ်။ ဒါကြောင့် Data တွေကို အသေးငယ်ဆုံးအထိ ချုံ့ထားလိုက်နိုင်တဲ့နည်းလမ်းဟာ လုပ်ငန်းတစ်ခုအတွက် အကောင်းဆုံးဖြစ်စေမှာပါ။
(၄)
မတူကွဲပြားတဲ့ Data Source တွေက Data တွေကို ပေါင်းစပ်ခြင်းဟာ ရှုပ်ထွေးစေပါတယ်။ ဥပမာအားဖြင့် အလုပ် သဘောချင်း ဆင်တူပေမယ့် သုံးတဲ့ Format ချင်း မတူကြတဲ့ HR နဲ့ Finance ရဲ့ spreadsheet တွေကို ပေါင်းပြီး လေ့လာသုံးသပ်မှုတွေလုပ်ဖို့ မဖြစ်နိုင်ပါဘူး။

DATAမှ Insight သို့ပြောင်းလဲပုံ အဆင့်(၄)ဆင့်။
ယေဘုယျအားဖြင့်လည်း ရှုပ်ထွေးလွန်းတဲ့ Data တွေကို business intelligence system တွေထဲ ထည့်လိုက်ရုံနုဲ့တော့ ရလဒ်ကောင်းတွေထွက်လာမှာမဟုတ်ပါဘူး။ အသုံးဝင်တဲ့ BI dashboards တွေ၊ Report တွေရဖို့ဆိုရင်တော့ မဖြစ်မနေ လုပ်ဆောင်ရမယ့် အချက်(၄)ချက်ရှိပါတယ်။
(၁) မတူကွဲပြားတဲ့Data အရင်းမြစ်များနှင့် ချိတ်ဆက်ခြင်း။
သင့်ရဲ့ Data တွေကို Data စင်တာထဲမှာ၊ Cloud ထဲမှာ ဒါမှမဟုတ် တခြား Database ထဲမှာ စသဖြင့် မတူညီတဲ့ နေရာ အသီးသီးမှာ သိမ်းဆည်းထားကောင်း ထားမှာပါ။ ဒါကြောင့် ပြန်အသုံးပြုချင်တယ်ဆိုရင်တော့ မတူညီတဲ့ ဒီနေရာ အရင်းအမြစ်အသီးသီးကို ချိတ်ဆက်မှုတွေ သေချာပေါက်ပြုလုပ်ရမှာဖြစ်ပါတယ်။
(၂) Data source ထုတ်ယူခြင်း၊ အသွင်ပြောင်းခြင်းနှင့် ထည့်သွင်းခြင်း။
အဓိက ပန်းတိုင်ကတော့ မတူညီတဲ့အရင်းမြစ်အသီးသီးက Data တွေကို တစ်နေရာတည်းမှာ သဟဇာတဖြစ်အောင် ပေါင်းစည်းပေးရမှာဖြစ်ပါတယ်။
(၃) သုံးစွဲသူမေးခွန်းများကို အခြေခံပြီး Data ပြန်လည်ထုတ်ယူခြင်း။
ကြိုတင်သတ်မှတ်ပြီးသားမေးခွန်းမျိုးဖြစ်ဖြစ် ကြုံရာကျပန်းမေးခွန်းတွေဖြစ်ဖြစ် သုံးစွဲသူတွေဆီက လာသမျှမေးခွန်းတွေကို အလျင်မြန်ဆုံးနှင့် အတိကျဆုံးပြန်လည် ဖြေဆိုပေးနိုင်ဖို့လိုပါတယ်။
(၄) Data visualization
သမရိုးကျအနေဖြင့် လုပ်ငန်းအတွက် အသုံးဝင်သော အချက်အလက်ရယူရန် အောက်ပါအချက်များကို ဆောင်ရွက်ရန်လိုခဲ့သည်။
• Data Setup
• Data Transformation
• Data Loading
• Data Extraction
• Scripting
• Dashboard Designing
• Dashboard Building
ဤဆောင်ရွက်ချက်များကို လုပ်ဆောင်ရန် Data Miner, Programmer, Database Administrator, Business Analyst, Business User များ၏ ပါဝင်မှုများလည်း လိုအပ်ခဲ့သည်။
ယခုနောက်ဆုံးပေါ်နည်းပညာ ဖြစ်သော Self-served BI Tool တွင် ယခင်လိုအပ်ခဲ့သည့် အထက်တွင်ဖော်ပြထားသော လုပ်ဆောင်ချက်များကို သီခြားဆောင်ရွက်ရန် မလိုအပ်တော့ဘဲ အချက်အလက်ကို လိုအပ်သူများကိုယ်တိုင် မိမိတို့လိုအပ်သည့် အချက်အလက်များကို လိုအပ်သည့်အချိန်တွင် လိုအပ်သည့်ပုံစံအတိုင်း ထုတ်ဖော်ကြည့်ရှုသုံးသပ်နိုင်မည်ဖြစ်ပါသည်။

ရှုပ်ထွေးများပြားတဲ့ DATAတွေကို ကောင်းမွန်စွာကိုင်တွယ်ထိန်းချုပ်နိုင်ဖို့အတွက် သင့်တော်တဲ့ Business intelligence solution ရှိထားဖို့လိုပါတယ်။ သင့်လုပ်ငန်းရဲ့ Data တွေကို နားလည်သဘောပေါက်နေခြင်းနှင့် မှန်ကန်စွာ တွက်ချက်နိုင်. ခြင်းတွေက ယခုအတွက်သာမက နောင်အနာဂတ်အတွက် အလားအလာကောင်းတွေကိုပါ သယ်ဆောင်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်လုပ်ငန်းလိုအပ်ချက်၊ သုံးစွဲနိုင်တဲ့ ငွေပမာဏတွေနှင့် အကိုက်ညီဆုံး Business intelligence solution ကို ဆုံးဖြတ်ရွေးချယ်နိုင်ဖို့က အရေးကြီးဆုံးပါပဲ။

 

Zawgyi Version :

သင့္လုပ္ငန္းဟာလည္း တျခားလုပ္ငန္းအမ်ားစုလိုပင္ ဗ်ဴဟာေျမာက္တဲ့လုပ္ငန္းျဖစ္ၿပီး မွန္ကန္တဲ့ဆံုးျဖတ္ခ်က္ေတြကို ခ်မွတ္ခ်င္တယ္ဆိုပါစို႔။ ဒါ့အျပင္ အဲဒီလိုဗ်ဴဟာေျမာက္ၿပီး ဆံုးျဖတ္ခ်က္ေကာင္းေကာင္းခ်ႏိုင္ေလာက္စရာ DATA အခ်က္အလက္ေတြကိုလည္း ပိုင္ဆိုင္ထားတယ္ဆုိပါစို႔။ ဒါေပမယ့္ ဒီအခ်က္အလက္ေတြကို ဘယ္လိုကိုင္တြယ္ ထိန္းသိမ္း မလဲ၊ ဘယ္ Tool က အထိေရာက္ဆံုးျဖစ္မလဲဆိုတာ ေတြးရခက္ေနၿပီလား။ ဒါဆိုရင္ေတာ့ Business Intelligence Solution (BI) ရွိပါတယ္။

Business Intelligence (BI) ဟာဆိုရင္ ေန႔စဥ္ႏွင့္အမွ် မ်ားျပားေျပာင္းလဲလာတဲ့ Data အခ်က္အလက္ေတြကို တိက် မွန္ကန္စြာခြဲျခမ္းသံုးသပ္ႏိုင္ျခင္း၊ လုပ္ငန္းရဲ႕ လုပ္ေဆာင္ခ်က္ေတြကို တိုးတက္ေကာင္းမြန္လာေစႏုိင္ျခင္းမ်ားအျပင္ ရလဒ္ေကာင္းေတြကို ေပးစြမ္းႏိုင္တဲ့ application တစ္ခုပဲျဖစ္ပါတယ္။

 

သင့္လုပ္ငန္းဟာ Business Intelligence ကို အသံုးျပဳဖို႔ လိုအပ္ေနၿပီလား

အခုေဖာ္ျပမယ့္အခ်က္ေတြကိုၾကည့္ျခင္းအားျဖင့္ လုပ္ငန္းတစ္ခုမွာ လိုအပ္တဲ့သတင္းအခ်က္အလက္ေတြႏွင့္ လုပ္ငန္း အတြက္ ဘယ္လုိအခြင့္အလမ္းေကာင္းေတြရရွိမလဲဆိုတာကို သံုးသပ္ႏိုင္မွာျဖစ္ပါတယ္။

(၁)

လုပ္ငန္းတစ္ခုမွာ Data အမ်ားႀကီးရွိထားေပမယ့္ သတင္းအခ်က္အလက္ေတြကေတာ့ အလံုအေလာက္မရွိျခင္း။ ဥပမာ အားျဖင့္ Product တစ္ခုစီတိုင္းအတြက္ ေန႔စဥ္အေရာင္းစာရင္းေတြ၊ Customer ေတြရဲ႕ invoice ေတြက DATAျဖစ္ၿပီးေတာ့ Customer ေတြရဲ႕ ဝယ္လိုအား အႀကိဳက္ေတြ၊ ကုန္ပစၥည္းအေပၚ အျမတ္အစြန္းအရ ၿခံဳငံုသံုးသပ္မႈ အစရွိတာေတြကေတာ့ သတင္းအခ်က္အလက္ပဲျဖစ္ပါတယ္။ Data ခ်ည္းသက္သက္ရွိေနျခင္းထက္ သတင္းအခ်က္အလက္ေတြပါရွိထားျခင္းက သင့္လုပ္ငန္းကို ပိုမိုၿပီးျပည့္စံုေစမွာျဖစ္ပါတယ္။

(၂)

Purpose-built software solution အသံုးမျပဳဘဲ လုပ္ငန္းDATAေတြကေန Report ထုတ္ျခင္းဟာ မလြယ္ကူလွပါဘူး။ Report မ်ားမ်ားထုတ္ရေလ DATAမ်ားမ်ားပိုလိုလာေလျဖစ္ၿပီးေတာ့ IT team အေနနဲ႔လည္း သင့္လိုအပ္ခ်က္ကို အမီ လိုက္ဖို႔ ခက္ခဲေလေလျဖစ္မွာပါပဲ။

(၃)

လုပ္ငန္းအေတာ္မ်ားမ်ားက သူတို႔ရဲ႕ DATAေတြကို ထိန္းသိမ္းဖို႔နဲ႔  ပိုင္းျခားစိတ္ျဖာဖို႔အတြက္ Excel ဒါမွမဟုတ္ တျခား Spreadsheet application ေတြကို အသံုးျပဳေလ့ရွိပါတယ္။ ဒါေပမယ့္ ထိန္းသိမ္းစရာ Data ေတြ၊ ဖိုင္ေတြမ်ားလာတာနဲ႔အမွ် ဒီသာမန္ spreadsheet software ေတြနဲ႔ဆိုရင္ စီမံခန္႔ခြဲရအဆင္မေျပမႈေတြျဖစ္လာႏုိင္ပါ တယ္။ ဒါေၾကာင့္ Data ေတြကို အေသးငယ္ဆံုးအထိ ခ်ံဳ႕ထားလိုက္ႏိုင္တဲ့နည္းလမ္းဟာ လုပ္ငန္းတစ္ခုအတြက္ အေကာင္းဆံုးျဖစ္ေစမွာပါ။

(၄)

မတူကြဲျပားတဲ့ Data Source ေတြက Data ေတြကို ေပါင္းစပ္ျခင္းဟာ ရႈပ္ေထြးေစပါတယ္။ ဥပမာအားျဖင့္ အလုပ္ သေဘာခ်င္း ဆင္တူေပမယ့္ သံုးတဲ့ Format ခ်င္း မတူၾကတဲ့ HR နဲ႔ Finance ရဲ႕ spreadsheet ေတြကို  ေပါင္းၿပီး ေလ့လာသံုးသပ္မႈေတြလုပ္ဖို႔ မျဖစ္ႏိုင္ပါဘူး။

DATAမွ Insight သုိ႔ေျပာင္းလဲပံု အဆင့္(၄)ဆင့္။

ေယဘုယ်အားျဖင့္လည္း ရႈပ္ေထြးလြန္းတဲ့ Data ေတြကို business intelligence system ေတြထဲ ထည့္လိုက္ရံုနုဲ႔ေတာ့ ရလဒ္ေကာင္းေတြထြက္လာမွာမဟုတ္ပါဘူး။ အသံုးဝင္တဲ့ BI dashboards ေတြ၊ Report ေတြရဖို႔ဆုိရင္ေတာ့ မျဖစ္မေန လုပ္ေဆာင္ရမယ့္ အခ်က္(၄)ခ်က္ရွိပါတယ္။

(၁) မတူကြဲျပားတဲ့Data အရင္းျမစ္မ်ားႏွင့္ ခ်ိတ္ဆက္ျခင္း။

သင့္ရဲ႕ Data ေတြကို Data စင္တာထဲမွာ၊ Cloud ထဲမွာ ဒါမွမဟုတ္ တျခား Database ထဲမွာ စသျဖင့္ မတူညီတဲ့ ေနရာ အသီးသီးမွာ သိမ္းဆည္းထားေကာင္း ထားမွာပါ။ ဒါေၾကာင့္ ျပန္အသံုးျပဳခ်င္တယ္ဆိုရင္ေတာ့ မတူညီတဲ့ ဒီေနရာ အရင္းအျမစ္အသီးသီးကို ခ်ိတ္ဆက္မႈေတြ ေသခ်ာေပါက္ျပဳလုပ္ရမွာျဖစ္ပါတယ္။

(၂) Data source ထုတ္ယူျခင္း၊ အသြင္ေျပာင္းျခင္းႏွင့္ ထည့္သြင္းျခင္း။

အဓိက ပန္းတိုင္ကေတာ့ မတူညီတဲ့အရင္းျမစ္အသီးသီးက Data ေတြကို တစ္ေနရာတည္းမွာ သဟဇာတျဖစ္ေအာင္  ေပါင္းစည္းေပးရမွာျဖစ္ပါတယ္။

(၃) သံုးစြဲသူေမးခြန္းမ်ားကို အေျခခံၿပီး Data ျပန္လည္ထုတ္ယူျခင္း။

ႀကိဳတင္သတ္မွတ္ၿပီးသားေမးခြန္းမ်ိဳးျဖစ္ျဖစ္ ႀကံဳရာက်ပန္းေမးခြန္းေတြျဖစ္ျဖစ္ သံုးစြဲသူေတြဆီက လာသမွ်ေမးခြန္းေတြကို အလ်င္ျမန္ဆံုးႏွင့္ အတိက်ဆံုးျပန္လည္ ေျဖဆိုေပးႏိုင္ဖို႔လိုပါတယ္။

(၄) Data visualization

သမရုိးက်အေနျဖင့္ လုပ္ငန္းအတြက္ အသံုးဝင္ေသာ အခ်က္အလက္ရယူရန္ ေအာက္ပါအခ်က္မ်ားကုိ ေဆာင္ရြက္ရန္လုိခဲ့သည္။

  • Data Setup
  • Data Transformation
  • Data Loading
  • Data Extraction
  • Scripting
  • Dashboard Designing
  • Dashboard Building

ဤေဆာင္ရြက္ခ်က္မ်ားကုိ လုပ္ေဆာင္ရန္ Data Miner, Programmer, Database Administrator, Business Analyst, Business User မ်ား၏ ပါဝင္မွဳမ်ားလည္း လုိအပ္ခဲ့သည္။

ယခုေနာက္ဆံုးေပၚနည္းပညာ ျဖစ္ေသာ Self-served BI Tool တြင္ ယခင္လုိအပ္ခဲ့သည့္ အထက္တြင္ေဖာ္ျပထားေသာ လုပ္ေဆာင္ခ်က္မ်ားကုိ သီျခားေဆာင္ရြက္ရန္ မလုိအပ္ေတာ့ဘဲ အခ်က္အလက္ကုိ လုိအပ္သူမ်ားကုိယ္တုိင္ မိမိတုိ ့လုိအပ္သည့္ အခ်က္အလက္မ်ားကုိ လုိအပ္သည့္အခ်ိန္တြင္ လုိအပ္သည့္ပံုစံအတုိင္း ထုတ္ေဖာ္ၾကည့္ရွဳသံုးသပ္ႏုိင္မည္ျဖစ္ပါသည္။

 

ရႈပ္ေထြးမ်ားျပားတဲ့ DATAေတြကို ေကာင္းမြန္စြာကိုင္တြယ္ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ သင့္ေတာ္တဲ့ Business intelligence solution ရွိထားဖို႔လိုပါတယ္။ သင့္လုပ္ငန္းရဲ႕ Data ေတြကို နားလည္သေဘာေပါက္ေနျခင္းႏွင့္ မွန္ကန္စြာ တြက္ခ်က္ႏုိင္. ျခင္းေတြက ယခုအတြက္သာမက ေနာင္အနာဂတ္အတြက္ အလားအလာေကာင္းေတြကိုပါ သယ္ေဆာင္လာမွာ  ျဖစ္ပါတယ္။ ဒါေၾကာင့္ သင့္လုပ္ငန္းလိုအပ္ခ်က္၊ သံုးစြဲႏိုင္တဲ့ ေငြပမာဏေတြႏွင့္ အကိုက္ညီဆံုး Business intelligence solution ကို ဆံုးျဖတ္ေရြးခ်ယ္ႏုိင္ဖို႔က အေရးႀကီးဆံုးပါပဲ။