THE ROLE OF WAREHOUSE MANAGEMENT SYSTEM IN SUPPLY CHAIN ကုန်စည်စီးဆင်းမှုကွင်းဆက်အတွင်းမှ Warehouse Management System၏ အခန်းကဏ္ဍ

<Unicode Version>

Warehouse Management System (WMS)ဆိုသည်မှာ supply chain အတွင်း logistics ဝန်ဆောင်မှုအမျိုးမျိုး၊ ကုန်စည်ဖြန့်ချီရေးလုပ်ငန်းပိုင်းမှ ကုန်စည်များသိုလှောင်ခြင်း ပို့ဆောင်ပေးခြင်းစသည်တို့ကိုတိကျမှန်ကန်စေရေးအတွက် ထိရောက်မြန်ဆန်ပြီး ချောမွေ့အောင် smart နည်းပညာဖြင့် အချိန်နှင့် တပြေးညီ intelligent dataကို စီမံခန့်ခွဲသော စနစ်တစ်ခု ဖြစ်ပါသည်။
ယခုခေတ်တွင် SMBs အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများပင် logisiticsကို စုစည်းဆောင်ရွက်ခြင်း၊ ကုန်စည်များကို နေ့တွင်းချင်း အရောက်ပို့ဆောင်ခြင်းနှင့် e-commerce စသည်တို့အတွက် warehouse inventory management အရေးကြီးကြောင်း သိရှိကြသည်။
WMSဖြင့် လည်ပတ်သောအခါ လုပ်အားစရိတ်များသက်သာစေပြီး သုံးစွဲသူများအတွက် ဝန်ဆောင်မှုူပိုမိုကောင်းမွန်စေပြီး inventory ပိုမိုတိကျမှန်ကန်ခြငိး၊လိုက်လျောညီထွေမှုူ ပိုဖြစ် ပြီး တုန့်ပြန်နိုင်စွမ်း ပိုကောင်းသောကြောင့် စီးပွားရေးလုပ်ငန်းကြီးတစ်ခုလုံးကို ပိုမိုကောင်းမွန်စေသည်။
WMSသည် last order မှစပြီး ကုန်ပို့ဆောင်မှု၊ ကုန်လက်ခံရရှိမှုအထိကြားအဆင့်ဆင့်တွင်ဖြစ်ပေါ်နေသည်အတိုင်းအချက်အလက်၇သဖြင့် inventoryကို အချိန်နှင့် တစ်ပြေးညီ စီမံခန့်ခွဲနိုင်စေသည်။ Mobility app နည်းပညာဖြင့် ကမ္ဘာ့တစ်ဝန်းလုံးမှ WMS လည်ပတ်မှုကို ကြည့်နိုင်ပါမည်။

WMS ၏ များစွာသော အကျိုးကျေးဇူးများထဲမှ အချို့မှာ –

ပိုမိုမြန်ဆန်သော Inventory turns –
WMS ကောင်းတစ်ခုသည် inventory အပြောင်းအလဲကို ထိန်းပေးပြီး inventory မှတ်တမ်းများကို ပိုစိတ်ချရစေသဖြင့် lead times နည်းသွားသောကြောင့် just-in-time environment ကို ပံ့ပိုးပေးပါသည်။
ထို့ကြောင့် safety stock အနည်းဆုံး ဖြစ်သွားမည်။ ထိုအခါ inventory turnover လည်း ပိုကောင်းလာပြီး working capital management ရည်ရွယ်ချက်ပြည့်မီလာမည်။

Warehouse နေရာအကျယ်အဝန်းကို ထိရောက်စွာ သုံးခြင်း  –
WMS သည် safety stock လိုအပ်ချက်များကို အနည်းဆုံးဖြစ်စေရုံမက ကုန်စည်များကို လက်ခံရရှိခြင်း၊ထုတ်ပိုးခြင်းနှင့်ပို့ဆောင်ခြင်းကိုစနစ်တကျနေရာချထားပြီးကုန်စည်များကိုပြန်ထုတ်ပေးသည်။ထို့ကြောင့်၇ှိပြီးသား warehouse နေရာအကျယ်အဝန်းကိုလည်း
ပိုကောင်းအောင် ပုံမှန်လုပ်ပေးသည်။ ယခုကဲ့သို့ ထိရောက်မှု ပိုကောင်းသောကြောင့် ကုန်ထုတ်စွမ်းအားတိုးလာပြီး inventory သိုလှောင်စရိတ် များစွာ လျော့နည်းသွားသည်။

Inventory စာရွက်စာတမ်းများ နည်းသွားခြင်း –
အချိန်နှင့် တပြေးညီ လည်ပတ်သော WMS တစ်ခုသည် warehouse functions နှင့်တွဲ ပါလာ သောစာရွက်စာတမ်းများသိသိသာသာ လျော့နည်းသွားစေသည့်အပြင် inventoryနှင့် သတင်း အချက်အလက် များကို အချိန်မီ၊ ချောမွေ့စွာ လည်ပတ်စေသည်။ ယခင်က သတင်းအချက်အလက်များ အားလုံး၏ လက်မှတ်များ၊ ထုတ်ပိုးမှူစာ၇င်းများကိုစာရွက်စာတမ်းဖြင့်သာမှတ်တမ်းတင်နိုင်ခဲ့သောလည်းယခုအခါ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ထိန်းသိမ်းထားနိုင်သည်။

 

 

 

ပိုမိုကောင်းမွန်သော cycle counting –

စီးပွားရေးလုပ်ငန်းများသည် WMSကို အသုံးပြု၍ warehouseအတွက် အရေးကြီးသော နေရာများ ကုန်စည် အဝင်အထွက် စသည့် သက်ဆိုင်သေအချက်အလက်များကို မှတ်သားနိုင်သည်။ ထို့ကြောင့် cycle count များ လုပ်ရန် ဝန်ထမ်းများကို သေသေချာချာ စနစ်တကျ အလုပ်ချိန် သတ်မှတ်ပေးနိုင်သည်။
ဤcycle countများကြောင့် အနာဂတ် စီမံကိန်းရေးဆွဲရန် inventory မှတ်တမ်းများ ပိုတိကျ မှန်ကန်စေသည့်အပြင် စရိတ်ကြီးသော ကွင်းဆင်း inventory ကောက်ယူမှုများ လိုအပ်ချက်လုံးဝ ပျောက်သွားမည် သို့မဟုတ် သိသိသာသာ လျော့နည်းသွားစေမည်။

ထုတ်ကုန်orderမှသည် ကုန်ပို့ဆောင်မှုအထိ လုပ်ငန်းစဉ်များကို ကောင်းမွန်စေသောကြောင့် စီးပွားရေး လုပ်ငန်းများသည် ကုန်စည် ရရှိနိုင်မှုနှင့် ကုန်ပေးပို့ရက်များကို ထိထိရောက်ရောက်၊ တိကျမှန်ကန်စွာ ထုတ်ပေးနိုင်သည်။ထို့အပြင် ယခင် back order inventory ပါသော ကုန်စည်များ ရောက်လာလျှင် WMSမှ အလိုအလျောက် သိရှိပြီး ထုတ်ပေးနိုင်သည်။
“Cross-docking”နည်းဆိုသည်မှာ ရောက်လာသော ကုန်စည်များကို warehouseအတွင်းသို့လုံးဝ မဖြတ်ဘဲ ကုန်း၊ ရေ၊ လေ လမ်းများဖြင့် ပို့ဆောင်၊ ဖြန့်ချီမည့် ယာဉ်များသို့ တိုက်ရိုက် ဖြန့်ပေးသော နည်းစနစ်ဖြစ်ပါသည်။ ထို့ကြောင့် inventoryအမျိုးမျိုးကို inventory တစ်ခုတည်းသို့ စုစည်းပေးသဖြင့် ကုန်စည်ပို့ဆောင်မှုတွင် ပို၍ တိကျမှန်ကန်သော ရလဒ် ပေါ်ထွက်စေသည်။

သင့်တော်သော WMS တစ်ခုကို ဘယ်လို ရွေးချယ်မလဲ –

ကုန်စည် logistics လုပ်ငန်းအတွင်း WMS၏ အရေးကြီးပုံနှင့် အခန်းကဏ္ဍကို သေသေချာချာ နားလည်သဘောပေါက်မှ သင့်လုပ်ငန်းနှင့် သင့်တော်သော စနစ်ကို ရွေးချယ်သင့်ပါသည်။WMS တွင် ပါဝင်သော features နှင့် functionalities ကို နားလညလျှင် ရွေးချယ်ရန် ပိုလွယ်ပါလိမ့်မည်။

 

 

 

 

များများသိလေလေ သင့်စီးပွားရေးလုပ်ငန်းအတွက် ပိုကောင်းလေလေ

WMS ရွေးချယ်ရန် အောက်ပါတို့လေ့လာ သင့် ပါ သည် –
• Implementation လုပ်ရင် ကျွန်တော်တို့ ဘာတွေရမလဲ၊ အကောင်းဆုံး Implementation ရအောင် ကျွန်တော်တို့ လုပ်ငန်းဘက်က ဘာတွေ လိုအပ်ပါသလဲ။
• WMS ထဲမှာ Startup စီးပွားရေးလုပ်ငနိးတိုးချဲ့ဖို့နှင့်ဝန်ဆောင်မှူတွေမြှင့်တင်ဖို့ဘယ်လိုနည်းလမ်းနည်းစနစ် တွေထည့်သွင်းပေးထားပါသနည်း။
• စီးပွားရေးလုပ်ငန်း ကျယ်ပြန့်လာသလောက် WMS က လိုက်လုပ်ပေးနိုင်သလား။
WMS ထုတ်လုပ်ရောင်းချသူများကိုတစ်ဦးချင်း တွေ့ဆုံပြီး မေးချင်သမျှ ရှင်းရှင်းလင်းလင်း နားလည်အောင် မေးကြည့်သင့်သည်။ သို့မှသာ သင့်logistics လုပ်ငန်းအတွက် သင့်တော်သော စနစ်တခု ၇ှာတွေ့ နိုင်ပါမည်။

ကျွန်တော့် WMS က သုံးဖို့ တကယ် လွယ်ရဲ့လား –

WMSကို ရွေးသောအခါရိုး၇ှင်းစွာ အသုံးပြုနိုင်သောစနစ်ကို သေချာစွာ ရွေးချယ်သင့်ပါသည်။ လက်လှမ်းမီ၊ သုံးရလွယ်သော WMS သည် implementation လုပ်ရန် အချိန်ကုန် သက်သာပြီး နေ့စဉ်monitoring လုပ်နိုင်သော features ပါသင့်သည်။ သို့မှသာ ဝန်ထမ်းများအားလုံး ဤစနစ်၏ functionsကို အပြည့်အဝ အသုံးပြုနိုင်မည်။ WMS ရွေးချယ်သောအခါလုပ်ငန်း လုပ်ဆောင်၊ လည်ပတ်ချိန်ကို လျှော့ချပေးသလို ထိရောက်မြန်ဆန်မှု တိုးစေသော automationကိုပါ ထည့်သွင်းစဉ်းစားသင့်သည်။

စီးပွားရေးလုပ်ငန်း အပြောင်းအလဲကို ကျွန်တော့် WMS မှ တုန့်ပြန်ကိုင်တွယ်နိုင်ပါသလား –

စီးပွားရေးလုပ်ငန်းတိုင်းသည် အချိန်ကြာလာသည်နှင့်အမျှ တိုးတက်ပြောင်းလဲကြသည်။ မည်သို့မျှကြိုတင် ခန့်မှန်းထားမရအောင် ပြောင်းလဲနိုင်စွမ်းရှိသော ဈေးကွက်ထဲတွင် အပြောင်းအလဲကို ရင်ဆိုင်ကြရသည်။ လုပ်ငန်း ပြောင်းလဲမှုကို လိုက်လျောညီထွေဖြစ်စွာ ပြောင်းလဲ၊ ရင်ဆိုင်နိုင်သော WMS တစ်ခုကို ရွေးချယ်ရန်အလွန်အရေးကြီးသည်။ သို့မှသာ စီးပွားရေးတွင် အရေးကြီးသော ပြောင်းလဲမှုကို ရင်ဆိုင်နိုင်ပေသည်။ သင့် WMS သည် အမြဲ ပြောင်းလဲနေသော စီးပွားရေးလုပ်ငန်းအတွက် ကောင်းမွန်သော လိုက်လျောညီထွေ လုပ်နိုင်ခြင်း ရှိသင့်သည်။ ထိုအခါ ရလဒ်အဖြစ် Returns on Investment (ROI) ရင်းနှီးမြှုပ်နှံမှုအပေါ်ရသော အကျိုးအမြတ်များ ရမည်။ ကုမ္ပဏီတစ်ခုသည် ၎င်းတို့ စီးပွားရေးလုပ်ငန်းအတွက် software solutionတစ်ခုကို ရွေးချယ်သောအခါ ယနေ့လက်ရှိ အသုံးပြုနေသော processesကို လုပ်နိုင်ရန် အဓိက ရည်ရွယ်သည်။သို့သော် လက်တွေ့တွင် အများထင်သလို မဟုတ်တော့ပေ။ ဈေးကွက်များသည် ကာလတစ်ခုကြာလျှင် ပြောင်းလဲသဖြင့် လိုက်လျောညီထွေ ပြောင်းလဲနိုင်သော software solutionများသည် ROI ပိုရအောင် ကူညီပေးနိုင်သည်။

သင့်စိတ်ကြိုက် အထူးလုပ်ထားသော software တစ်ခု လိုအပ်ပါသလား –

WMS တစ်ခု မရွေးချယ်ခင် သေသေချာချာစဉ်းစားသင့်သော အချက်ဖြစ်သည်။တစ်ခါတစ်ရံ သင့်မှာ ရှိပြီးသား software system အတွင်းသို့ functionalities လုပ်ဆောင်ချက်များထည့်သွင်းပေးခြင်းသည်အလောတကြီး ဖြစ်သွားတတ်သည်။သင့်လိုအပ်ချက် ၉၀% ပြည့်ပြီး ၁၀%သာကျန်သော software တစ်ခုခုသည် လက်တွေ့တွင် အလုပ်မတွင်ပေ။ လိုအပ်ချက်အားလုံး ဖြည့်ဆည်းပေးနိုင်သော software မှသာ တကယ် အလုပ်ဖြစ်မည်။

Returns on Investment ရင်းနှီးမြှုပ်နှံမှုအပေါ် ရသော အကျိုးအမြတ်များ

WMS ကို သုံးသဖြင့် သင့်စီးပွားရေးလုပ်ငန်း အမြတ်အစွန်း မည်မျှပြန်ရမည်ဆိုသည်မှာ အဓိကအချက်ဖြစ်ပါသည်။ WMSသုံးလျှင်ရမည့်အမြတ်အစွန်းနှင့် ရင်းနှီးမြှုပ်နှံရမည့် ပမာဏကို သေချာစွာ ထည့်စဉ်းစားသင့်သည်။

 

 

 

 

 

 

နိဂုံးအားဖြင့် –

ခေတ်မီဒစ်ဂျစ်တယ် နည်းပညာသည် logistic အပါအဝင် ကဏ္ဍတိုင်းကို ထိုးဖောက်ဝင်ရောက်ထားပါသည်။ သင့် supply chain လုပ်ငန်း ခိုင်ခိုင်မာမာ ကြီးထွားအောင် လုပ်ရာတွင် WMSသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည်။ WMS၏ ကောင်းကျိုးနှင့် အကျိုးခံစားခွင့် များစွာတို့က သင့်လုပ်ငန်းကို ပိုအောင်မြင်စေနိုင်သည်။ သင့် WMSအတွင်း inventory controlအားလုံးကို သင်ကိုယ်တိုင် ကြီးကြပ်ကွပ်ကဲနိုင်မည်။
ထို့ကြောင့် သင့်တော်သော WMS ရွေးချယ်၇န်အထူးဂရုပြုသင့်ပါသည်။ ရွေးချယ်သည့် အခါအရေးကြီးသော အချက်များအားလုံးကို စဉ်းစားသင့်ပါသည်။ သင့်အတွက်အကျိုးအမြတ် ၇၇ှိအောင်လုပ်ပေးမည့် WMS သာ အသင့်တော်ဆုံးဖြစ်လိမ့် မည်။

<Zawgyi Version>

 Warehouse Management System (WMS)ဆုိသည္မွာ supply chain အတြင္း logistics ဝန္ေဆာင္မႈအမ်ဳိးမ်ဳိး၊ ကုန္စည္ျဖန္႔ခ်ီေရးလုပ္ငန္းပိုင္းမွ ကုန္စည္မ်ားသိုေလွာင္ျခင္း ပို့ေဆာင္ေပးျခင္းစသည္တို့ကိုတိက်မွန္ကန္ေစေရးအတြက္ ထိေ၇ာက္ျမန္ဆန္ျပီး ေခ်ာေမြ႔ေအာင္ smart နည္းပညာျဖင့္ အခ်ိန္ႏွင့္ တေျပးညီ intelligent dataကို စီမံခန္႔ခြဲေသာ စနစ္တစ္ခု ျဖစ္ပါသည္။

ယခုေခတ္တြင္ SMBs အေသးစားႏွင့္ အလတ္စား စီးပြားေရးလုပ္ငန္းမ်ားပင္ logisticsကို စုစည္းေဆာင္ရြက္ျခင္း၊ ကုန္စည္မ်ားကို ေန႔တြင္းခ်င္း အေရာက္ပို႔ေဆာင္ျခင္းႏွင့္ e-commerce စသည္တုိ႔အတြက္ warehouse inventory management အေရးႀကီးေၾကာင္း သိရွိၾကသည္။

WMSျဖင့္ လည္ပတ္ေသာအခါ လုပ္အားစရိတ္မ်ားသက္သာေစျပီး သံုးစြဲသူမ်ားအတြက္ ၀န္ေဆာင္မွုူပိုမိုေကာင္းမြန္ေစျပီး inventory ပိုမိုတိက်မွန္ကန္ျခငိး၊လိုက္ေလ်ာညီေထြမွုူ ပိုျဖစ္ ျပီး တုန့္ျပန္နိုင္စြမ္း ပိုေကာင္းေသာေျကာင့္ စီးပြားေရးလုပ္ငန္းႀကီးတစ္ခုလံုးကို ပိုမုိေကာင္းမြန္ေစသည္။

WMSသည္ last order မွစၿပီး ကုန္ပုိ႔ေဆာင္မႈ၊ ကုန္လက္ခံရရွိမႈအထိျကားအဆင့္ဆင့္တြင္ျဖစ္ေပၚေနသည္အတိုင္းအခ်က္အလက္၇သျဖင့့္ inventoryကို အခ်ိန္ႏွင့္ တစ္ေျပးညီ စီမံခန္႔ခြဲႏုိင္ေစသည္။ Mobility app နည္းပညာျဖင့္ ကမာၻ႔တစ္ဝန္းလံုးမွ WMS လည္ပတ္မႈကို ျကည့္နိုင္ပါမည္။

WMS ၏ မ်ားစြာေသာ အက်ဳိးေက်းဇူးမ်ားထဲမွ အခ်ဳိ႕မွာ –

ပိုမိုျမန္ဆန္ေသာ Inventory turns

WMS ေကာင္းတစ္ခုသည္ inventory အေျပာင္းအလဲကို ထိန္းေပးၿပီး  inventory မွတ္တမ္းမ်ားကို  ပိုစိတ္ခ်ရေစသျဖင့္ lead times နည္းသြားေသာေၾကာင့္ just-in-time environment ကို ပံ့ပိုးေပးပါသည္။

ထုိ႔ေၾကာင့္ safety stock အနည္းဆံုး ျဖစ္သြားမည္။ ထုိအခါ  inventory turnover လည္း ပိုေကာင္းလာၿပီး working capital management ရည္ရြယ္ခ်က္ျပည့္မီလာမည္။

Warehouse ေနရာအက်ယ္အဝန္းကို ထိေရာက္စြာ သံုးျခင္း –

WMS သည္ safety stock လိုအပ္ခ်က္မ်ားကို အနည္းဆံုးျဖစ္ေစ႐ံုမက ကုန္စည္မ်ားကို လက္ခံရရွိျခင္း၊

ထုတ္ပိုးျခင္းႏွင့္ပို့ေဆာင္ျခင္းကိုစနစ္တက်ေန၇ာခ်ထားျပီးကုန္စည္မ်ားကိုျပန္ထုတ္ေပးသည္။ထို့ေျကာင့္၇ွိျပီးသား warehouse ေနရာအက်ယ္အဝန္းကိုလည္းပိုေကာင္းေအာင္ ပံုမွန္လုပ္ေပးသည္။ ယခုကဲ့သုိ႔ ထိေရာက္မႈ ပိုေကာင္းေသာေၾကာင့္ ကုန္ထုတ္စြမ္းအားတုိးလာၿပီး inventory သိုေလွာင္စရိတ္ မ်ားစြာ ေလ်ာ့နည္းသြားသည္။

Inventory စာရြက္စာတမ္းမ်ား နည္းသြားျခင္း –

အခ်ိန္ႏွင့္ တေျပးညီ လည္ပတ္ေသာ WMS တစ္ခုသည္ warehouse functions နွင့္တြဲ ပါလာ ေသာစာ၇ြက္စာတမ္းမ်ားသိသိသာသာ ေလ်ာ့နည္းသြားေစသည့္အျပင္  inventoryႏွင့္ သတင္း အခ်က္အလက္ မ်ားကို အခ်ိန္မီ၊ ေခ်ာေမြ႔စြာ လည္ပတ္ေစသည္။

ယခင္က သတင္းအခ်က္အလက္မ်ား အားလံုး၏ လက္မွတ္မ်ား၊ ထုတ္ပိုးမွူစာ၇င္းမ်ားကိုစာ၇ြက္စာတမ္းျဖင့္သာမွတ္တမ္းတင္နိုင္ခဲ့ေသာလည္း

ယခုအခါ ဒစ္ဂ်စ္တယ္နည္းပညာျဖင့္ ထိန္းသိမ္းထားႏုိင္သည္။

ပိုမုိေကာင္းမြန္ေသာ cycle counting –

စီးပြားေရးလုပ္ငန္းမ်ားသည္ WMSကို အသံုးျပဳ၍ warehouseအတြက္ အေရးႀကီးေသာ ေနရာမ်ား၊ ကုန္စည္ အဝင္အထြက္ စသည့္ သက္ဆုိင္ေသာ အခ်က္အလက္မ်ားကို မွတ္သားႏုိင္သည္။ ထို႔ေၾကာင့္ cycle count မ်ား လုပ္ရန္ ဝန္ထမ္းမ်ားကို ေသေသခ်ာခ်ာ စနစ္တက် အလုပ္ခ်ိန္ သတ္မွတ္ေပးႏုိင္သည္။

ဤcycle countမ်ားေၾကာင့္ အနာဂတ္ စီမံကိန္းေရးဆြဲရန္ inventory မွတ္တမ္းမ်ား ပိုတိက် မွန္ကန္ေစသည့္အျပင္ စရိတ္ႀကီးေသာ ကြင္းဆင္း inventory ေကာက္ယူမႈမ်ား လိုအပ္ခ်က္လံုးဝ ေပ်ာက္သြားမည္ သို႔မဟုတ္ သိသိသာသာ ေလ်ာ့နည္းသြားေစမည္။ထုတ္ကုန္orderမွသည္ ကုန္ပို႔ေဆာင္မႈအထိ လုပ္ငန္းစဥ္မ်ားကို ေကာင္းမြန္ေစေသာေၾကာင့္  စီးပြားေရး လုပ္ငန္းမ်ားသည္ ကုန္စည္ ရရွိႏုိင္မႈႏွင့္ ကုန္ေပးပုိ႔ရက္မ်ားကို ထိထိေရာက္ေရာက္၊ တိက်မွန္ကန္စြာ ထုတ္ေပးႏုိင္သည္။ထုိ႔အျပင္ ယခင္ back order inventory ပါေသာ ကုန္စည္မ်ား ေရာက္လာလွ်င္ WMSမွ အလုိအေလ်ာက္ သိရွိၿပီး ထုတ္ေပးႏုိင္သည္။

“Cross-docking”နည္းဆုိသည္မွာ ေရာက္လာေသာ ကုန္စည္မ်ားကို warehouseအတြင္းသို့လံုးဝ မျဖတ္ဘဲ ကုန္း၊ ေရ၊ ေလ  လမ္းမ်ားျဖင့္ ပို႔ေဆာင္၊ ျဖန္႔ခ်ီမည့္ ယာဥ္မ်ားသို႔ တုိက္႐ုိက္ ျဖန္႔ေပးေသာ နည္းစနစ္ျဖစ္ပါသည္။ ထို႔ေၾကာင့္ inventoryအမ်ဳိးမ်ဳိးကုိ inventory တစ္ခုတည္းသို႔ စုစည္းေပးသျဖင့္ ကုန္စည္ပို႔ေဆာင္မႈတြင္ ပို၍ တိက်မွန္ကန္ေသာ ရလဒ္ ေပၚထြက္ေစသည္။

 

သင့္ေတာ္ေသာ WMS တစ္ခုကို ဘယ္လို ေရြးခ်ယ္မလဲ –

 

ကုန္စည္ logistics လုပ္ငန္းအတြင္း WMS၏ အေရးႀကီးပံုႏွင့္ အခန္းက႑ကို ေသေသခ်ာခ်ာ နားလည္သဘာေပါက္မွ သင့္လုပ္ငန္းႏွင့္ သင့္ေတာ္ေသာ စနစ္ကို ေရြးခ်ယ္သင့္ပါသည္။WMS တြင္ ပါဝင္ေသာ featuresႏွင့္ functionalities ကို နားလည္လွ်င္ ေရြးခ်ယ္ရန္ ပိုလြယ္ပါလိမ့္မည္။

 

 

 

 

 

မ်ားမ်ားသိေလေလ သင့္စီးပြားေရးလုပ္ငန္းအတြက္ ပိုေကာင္းေလေလ

WMS ေရြးခ်ယ္ရန္ ေအာက္ပါတုိ႔ေလ့လာ သင့္ ပါ သည္။

  • Implementation လုပ္ရင္ ကၽြန္ေတာ္တို႔ ဘာေတြရမလဲ၊ အေကာင္းဆံုး Implementation ရေအာင္ ကၽြန္ေတာ္တုိ႔ လုပ္ငန္းဘက္က ဘာေတြ လုိအပ္ပါသလဲ။
  • WMS ထဲမွာ Startup စီးပြားေ၇းလုပ္ငနိးတိုးခ်ဲ့ဖို့နွင့္၀န္ေဆာင္မွဴေတြျမွင့္တင္ဖို့ဘယ္လိုနည္းလမ္းနည္းစနစ္ေတြထည့္သြင္းေပးထားပါသနည္း။
  • စီးပြားေရးလုပ္ငန္း က်ယ္ျပန္႔လာသေလာက္ WMS က လိုက္လုပ္ေပးႏုိင္သလား။

WMS ထုတ္လုပ္ေရာင္းခ်သူမ်ားကိုတစ္ဦးခ်င္း ေတြ႔ဆံုၿပီး ေမးခ်င္သမွ် ရွင္းရွင္းလင္းလင္း နားလည္ေအာင္ ေမးၾကည့္သင့္သည္။ သို႔မွသာ သင့္logistics လုပ္ငန္းအတြက္ သင့္ေတာ္ေသာ စနစ္တခု ၇ွာေတြ့ နိုင္ပါမည္။

ကၽြန္ေတာ့္ WMS က သံုးဖုိ႔ တကယ္ လြယ္ရဲ႕လား  –

WMSကို ေရြးေသာအခါ၇ိုး၇ွင္းစြာ အသံုးျပဳႏုိင္ေသာစနစ္ကို ေသခ်ာစြာ ေရြးခ်ယ္သင့္ပါသည္။ လက္လွမ္းမီ၊ သံုးရလြယ္ေသာ WMS သည္ implementation လုပ္ရန္ အခ်ိန္ကုန္ သက္သာၿပီး ေန့စဥ္monitoring လုပ္နိုင္ေသာ features ပါသင့္သည္။ သို႔မွသာ ဝန္ထမ္းမ်ားအားလံုး ဤစနစ္၏ functionsကို အျပည့္အဝ အသံုးျပဳႏုိင္မည္။ WMS ေရြးခ်ယ္ေသာအခါလုပ္ငန္း လုပ္ေဆာင္၊ လည္ပတ္ခ်ိန္ကို ေလွ်ာ့ခ်ေပးသလို ထိေရာက္ျမန္ဆန္မႈ တုိးေစေသာ automationကိုပါ ထည့္သြင္းစဥ္းစားသင့္သည္။

စီးပြားေရးလုပ္ငန္း အေျပာင္းအလဲကို ကၽြန္ေတာ့္ WMS မွ တုန္႔ျပန္ကိုင္တြယ္ႏုိင္ပါသလား –

စီးပြားေရးလုပ္ငန္းတုိင္းသည္ အခ်ိန္ၾကာလာသည္ႏွင့္အမွ် တုိးတက္ေျပာင္းလဲၾကသည္။ မည္သုိ႔မွ် ႀကိဳတင္ ခန္႔မွန္းထားမရေအာင္ ေျပာင္းလဲႏုိင္စြမ္းရွိေသာ ေစ်းကြက္ထဲတြင္ အေျပာင္းအလဲကို ရင္ဆုိင္ၾကရသည္။ လုပ္ငန္း ေျပာင္းလဲမႈကို လိုက္ေလ်ာညီေထြျဖစ္စြာ ေျပာင္းလဲ၊ ရင္ဆုိင္ႏိုင္ေသာ WMS တစ္ခုကို ေရြးခ်ယ္ရန္အလြန္အေရးႀကီးသည္။ သို႔မွသာ စီးပြားေရးတြင္ အေရးႀကီးေသာ ေျပာင္းလဲမႈကို ရင္ဆုိင္ႏုိင္ေပသည္။

သင့္ WMS သည္ အၿမဲ ေျပာင္းလဲေနေသာ စီးပြားေရးလုပ္ငန္းအတြက္ ေကာင္းမြန္ေသာ လိုက္ေလ်ာညီေထြ လုပ္ႏိုိင္ျခင္း ရွိသင့္သည္။ ထုိအခါ ရလဒ္အျဖစ္ Returns on Investment (ROI) ရင္းႏီွးျမွဳပ္ႏွံမႈအေပၚရေသာ အက်ဳိးအျမတ္မ်ား ရမည္။ ကုမၸဏီတစ္ခုသည္ ၎တုိ႔ စီးပြားေရးလုပ္ငန္းအတြက္ software solutionတစ္ခုကို ေရြးခ်ယ္ေသာအခါ ယေန႔လက္ရွိ အသံုးျပဳေနေသာ processesကို လုပ္ႏုိင္ရန္ အဓိက ရည္ရြယ္သည္။သို႔ေသာ္ လက္ေတြ႔တြင္ အမ်ားထင္သလို မဟုတ္ေတာ့ေပ။ ေစ်းကြက္မ်ားသည္ ကာလတစ္ခုၾကာလွ်င္ ေျပာင္းလဲသျဖင့္ လိုက္ေလ်ာညီေထြ ေျပာင္းလဲႏုိင္ေသာ software solutionမ်ားသည္ ROI ပိုရေအာင္ ကူညီေပးႏုိင္သည္။

သင့္စိတ္ႀကိဳက္ အထူးလုပ္ထားေသာ software တစ္ခု လုိအပ္ပါသလား –

WMS  တစ္ခု မေရြးခ်ယ္ခင္ ေသေသခ်ာခ်ာစဥ္းစားသင့္ေသာ အခ်က္ျဖစ္သည္။  တစ္ခါတစ္ရံ သင့္မွာ ရွိၿပီးသား software system အတြင္းသုိ႔ functionalities လုပ္ေဆာင္ခ်က္မ်ားထည့္သြင္းေပးျခင္းသည္အေလာတႀကီး ျဖစ္သြားတတ္သည္။သင့္လုိအပ္ခ်က္ ၉၀% ျပည့္ၿပီး ၁၀%သာက်န္ေသာ software တစ္ခုခုသည္ လက္ေတြ႔တြင္ အလုပ္မတြင္ေပ။ လိုအပ္ခ်က္အားလံုး ျဖည့္ဆည္းေပးႏုိင္ေသာ software မွသာ တကယ္ အလုပ္ျဖစ္မည္။

Returns on Investment ရင္းႏွီးျမွဳပ္ႏွံမႈအေပၚ ရေသာ အက်ဳိးအျမတ္မ်ား –

WMS ကို သံုးသျဖင့္ သင့္စီးပြားေရးလုပ္ငန္း အျမတ္အစြန္း မည္မွ်ျပန္ရမည္ဆုိသည္မွာ အဓိကအခ်က္ျဖစ္ပါသည္။ WMSသံုးလွ်င္ရမည့္အျမတ္အစြန္းႏွင့္ ရင္းႏွီးျမွဳပ္ႏွံရမည့္ ပမာဏကို ေသခ်ာစြာ ထည့္စဥ္းစားသင့္သည္။

နိဂံုးအားျဖင့္ –

ေခတ္မီဒစ္ဂ်စ္တယ္ နည္းပညာသည္ logistic အပါအဝင္ က႑တုိင္းကို ထိုးေဖာက္ဝင္ေရာက္ထားပါသည္။ သင့္ supply chain လုပ္ငန္း ခုိင္ခုိင္မာမာ ႀကီးထြားေအာင္ လုပ္ရာတြင္ WMSသည္ အေရးႀကီးေသာ အခန္းက႑မွ ပါဝင္သည္။  WMS၏ ေကာင္းက်ဳိးႏွင့္ အက်ဳိးခံစားခြင့္ မ်ားစြာတုိ႔က သင့္လုပ္ငန္းကို ပိုေအာင္ျမင္ေစႏိုင္သည္။ သင့္ WMSအတြင္း inventory controlအားလံုးကို သင္ကိုယ္တုိင္ ႀကီးၾကပ္ကြပ္ကဲႏုိင္မည္။

ထုိ႔ေၾကာင့္ သင့္ေတာ္ေသာ WMS ေ၇ြးခ်ယ္၇န္အထူးဂ႐ုျပဳသင့္ပါသည္။ ေ၇ြးခ်ယ္သည့္ အခါအေရးႀကီးေသာ အခ်က္မ်ားအားလံုးကို စဥ္းစားသင့္ပါသည္။ သင့္အတြက္အက်ိုးအျမတ္ ၇၇ွိေအာင္လုပ္ေပးမည့္ WMS သာ အသင့္ေတာ္ဆံုးျဖစ္လိမ့္ မည္။